Chalk dust and Health မြေဖြူနဲ့ ကျန်းမာရေး

၁။ မြေဖြူတချောင်း စာတကြောင်း

တဝမ်းပူစသတ်တွေနဲ့ ရေးထာတာကို မှန် မှား မေးပါတယ်။

၂။ မြေဖြူနဲ့အမြဲထိတွေ့နေရတဲ့ သမီးတို့လို ဆရာဆရာမတွေအတွက် သိသင့် ဆောင်သင့် ရှောင်သင့်တာလေးတွေ ပြောပြပေးပါရှင့်။

မြေဖြူမှုံဆိုတာ မြေဖြူတံကို ကြမ်းတဲ့မျက်နှာပြင်ပေါ်မှာ ရေးခြစ်ရာကနေ ထွက်လာတယ်။ လေထဲလွင့်ပါနေမယ်။ အဲတာကို ဆရာ-ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေ အသက်ရှူတာထဲမှာ ပါသွားနိုင်တယ်။ လည်ချောင်းနဲ့ အဆုပ်အထိ ရောက်နိုင်တယ်။

ကျန်းမာရေးကို ဘယ်လို သက်ရောက်သလဲ။ ယေဘုယျပြောရရင် ဘာမှမဖြစ်စေပါ။ အသက်ရှူလမ်းရဲ့ ခုခံမှုစနစ်အရ ချောင်းဟန့် ထုတ်မယ်။ နှာချေမယ်။ ကျန်တာက ကိုယ်ထဲစုပ်ဝင်သွားမယ်။ အဲတာနဲ့လည်း ကျန်းမာရေးမထိခိုက်စေပါ။ အသက်ရှူလမ်းတလျှောက်လုံးမှာ မြူးကပ်စ်ခေါ် အချွဲရှိတယ်။ အဲတာထဲမှာ နစ်ဝင်သွားမယ်။

ပန်းနာလို နာတာရှည်ရောဂါ ရှိနေသူဆိုရင်တော့ ပန်းနာထတာကို စေ့ဆော်ရာကျနိုင်တယ်။ အရေပြားကိုထိရင် ကလိသလိုခံစားရမယ်။ မျက်စိကိုလည်း ကလိသလိုနေမယ်။ မျက်စိနီနိုင်တယ်။ ပါးစပ်ထဲဝင်ရင် လျှာအရသာပျက်မယ်။

မြေဖြူဟာ Calcium carbonate (CaCO3) ကယ်လ်စီယမ်ကာဗွန်နိတ်ဖြစ်တယ်။ <4.5 ကနေ <2.5 μm အထိ အရွယ်အစားရှိတယ်။ Non-dusting chalks အမှုံမထစေတဲ့မြေဖြူလည်းရှိတယ်။

လက်ဆေးတာနဲ့ လိုအပ်ရင် မျက်နှာသစ်တာ ကောင်းတယ်။ နှာခေါင်းစည်းသုံးဘို့အထိတော့ အကြံပြုချက် မတွေ့သေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

A1C (HbA1c) test ဆီးချိုအတွက်

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ