Oxaliplatin (အောက်-စယ်လီ-ပလတင်)

သူ့ကို အူမကြီး၊ ပန်ကရိယ စတဲ့ကင်ဆာတွေမှာ တခြားဆေးတွေ (ဥပမာ 5FU) နဲ့ တွဲပြီးအသုံးများတယ်

ဆေးမစမှီဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်တာတွေက

၁။ ဆေးဓာတ်မတည့်မှုရှိမရှိ (အထူးသဖြင့် Platinum ပါတဲ့ဆေးတွေ)

၂။ ရောဂါအခံရှိမရှိ (အထူးသဖြင့် ကျောက်ကပ်၊ အဆုတ်ရောဂါ၊ ခြေလက် ထုံကျင်မှု)

၃။ ကိုယ်ဝန်ရှိမရှိ၊ မိခင်နို့တိုက်ကျွေးခြင်းရှိမရှိ၊ ကလေးယူရန် အစီအစဉ်ရှိမရှိ

၄။ လက်ရှိသောက်နေသော အနောက်တိုင်း၊ တိုင်ရင်းဆေး များရှိမရှိ။

ဒီဆေးကို သွေးကြောထဲကနေ ၂နာရီကျော် ကြာအောင်သွင်းလေ့ရှိပါတယ်

အဖြစ်များတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

ခြေလက်များ ထုံကျင်ခြင်း ( ရက်ပိုင်း ကနေ လပိုင်းလောက်အထိ ကြာတတ်ပါတယ်။ ဆေးသွင်းတာရပ်သွားပြီးရင် တဖြေးဖြေးပြန်ကောင်းပါလိမ့်မယ်၊ ကြယ်သီးတပ်မရ စာရေးမရအောင်ထိ ဖြစ်လာရင် ဆရာဝန်အမြန်ပြောပြသင့်ပါတယ်)

လည်မျို မှာ တင်းကျပ်ပြီးဆို့ နေတာမျိုး ဖြစ်တတ် ( နာရီပိုင်းလောက်အတွင်း ပြန်သက်သာလာတတ်တယ်။ အရမ်ဆိုး လာတယ်အသက်ရှူ ကျပ်တယ်ဆိုရင် ဆရာဝန်ကို အမြန်ပြောပါ။)

(အေးရင် ပိုဖြစ်တတ်လို့ အအေးရှောင်ရပါမယ်)

တခြား ပါးစပ်အနာ ပေါက်တာ၊ ပျို့ အန်၊ ဝမ်းလျော၊ ဝမ်းချုပ်။

သွေးဥဖြူကျ၊၊ ဖျား ။ ပင်းပန်းနွမ်းနယ်ခြင်း။ အသည်း၊ ကျောက်ကပ်၊အဆုတ် တို့ကိုထိခိုက်ခြင်း တို့လည်းဖြစ်နိုင်ပါတယ်။ 

Bevacizumab (ဘီဗာစီဇူမတ်ပ်)

အခြားအမည် Avastin (အဗှတ်စတင်)

ဤဆေးသည် ကင်ဆာဆဲလ်ရှိ ပြောင်းလဲမှုများကို ပစ်မှတ်ထားကုသခြင်း/Targeted Therapy အမျိုးအစားဖြစ်သည်။ အူမကြီးကင်ဆာ၊ အဆုတ်ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာ နှင့် ဦးနှောက်ကင်ဆာ များတွင် အသုံးများသည်။ ကင်ဆာအမျိုးအစားပေါ် မူတည်၍  သူ့တမျိုးတည်း သို့မဟုတ် အခြားသော ဆေးများနှင့် တွဲသုံး ကြသည်။

သိထားသင့်သည်များ

၁။ ဆေးမစမှီ သင့်ဆရာဝန်ကို အသိပေးသင့်သည်များမှာ…

• ရောဂါများရှိလျင် အထူးသဖြင့်…သွေးတိုး၊ နလုံးရောဂါ၊ လေဖျတ်ရောဂါ၊ ကျောက်ကပ်ရောဂါ၊

• သွေးထွက်ခြင်းများ (ဥပမာ…ချောင်းဆိုးသွေးပါခြင်း နှင့် အခြားနည်းများဖြင့် သွေးထွက်ခြင်းများ)

• ခွဲစိတ်မှုများ(သွားခံတွင်းနှင့်ပတ်သက်သည့် ခွဲစိတ်မှုများ အပါအဝင် ) ကို ၄ ပတ်အတွင်း ပြုလုပ်ခဲ့လျင် သို့မဟုတ် ပြုလုပ်ရန် ရှိလျင်

• ဆေးမတည့်မှုများ ရှိဖူးလျင်

၂။ ဤဆေး၏ မျိုးဆက်ပွားကျန်းမာရေးအပေါ် သက်ရောက်မှုများ

• ဤဆေးသည် သန္ဓေသားကို ထိခိုက်နိုင်၍ ကိုယ်ဝန်ဆောင်မိခင်များ မသုံးရပါ။ 

• ဤဆေးသုံးနေချိန်အတွင်း ကိုယ်ဝန်တားနည်းကို အမျိုးသားရော အမျိုးသမီးပါ ဆောင်ရွက်သင့်သည်။ နောက်ဆုံးဆေးအပြီး ၆ လအထိဆက်လက် အသုံးပြုရမည်။

• အကယ်၍ ကိုယ်ဝန်ရခဲ့လျင် သင့်ဆရာဝန်ကို အမြန်အကြောင်းကြားပါ။

• ဆေးအသုံးပြုနေချိန် မိခင်နို့တိုက်ကျွေးခြင်းကိုလည်း မပြုရပါ။ ဆေးအပြီး ၆ လ ကြာမှတိုက်ကျွေးသင့်သည်။

၃။  ဘေးထွက်ဆိုးကျိုးများ

• သွေးတိုးခြင်း

• သွေးထွက်ခြင်း

• ဆီးထဲ အသားဓာတ်များပါခြင်း နှင့် ကျောက်ကပ် ထိခိုက်ခြင်း

• အစားအသောက်ပျက်ခြင်း

• ချောင်းဆိုးခြင်း၊ မောခြင်း

• အိပ်မပျော်ခြင်း

• အစာအိမ်အူလမ်းကြောင်း ပေါက်ခြင်း/ ပုံမှန်မဟုတ်သော လမ်းကြောင်းများ ဖြစ်ပေါ်ခြင်း

• သွေးကြောတွင်း သွေးခဲခြင်း

• အနာကျက်နှေးခြင်း

• နှလုံး ထိခိုက်ခြင်း (Cancer Care Myanmar)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ