Pertuzumab (ပါ-တူး-ဇူးမတ်)

Pertuzumab ကို (Her2+++) ရင်သားကင်ဆာ တွေမှာ အရင်ဖော်ပြဖူးတဲ့ Trastuzumab နဲ့တွဲပေးကြတယ်။ 

လေ့လာမှုတွေအရ Pertuzumab+Trastuzumab+Paclitaxel ဆေးအတွဲ က Trastuzumab+Paclitaxel တွဲပေးတာထက် progression free survival ပိုတယ် (ရောဂါပြန်ကြွတာနောက်ကျစေတယ်)၊ overall survival (သက်တမ်း) ပိုရှည်တယ်။

သူကို ၃ ပတ် ၁ခါ သွေးကြောထဲသွင်းရတယ်။

သိထားသင့်သည်များ

ဆေးမတည့်တာရှိမရှိ

ဖြစ်ဖူးတဲ့ရောဂါ (အထူသဖြင့် နှလုံးရောဂါ) သင့်ဆရာဝန်ကို ပြောပြရပါမယ်။

ဆေးသုံးနေစဉ် နှင့် သုံးပြီး ၆ လအထိ ကလေးမယူရပါ။

ဆေးသုံးနေစဉ်ကလေး နို့ချို တိုက်ကျွေးခြင်းမပြုရပါ။

အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

ဆံပင်ကျွတ်ခြင်း။

သွေးဥဖြူ ၊ သွေးဥနီ၊ သွေးဥမွှား များကျခြင်း။

သွေးဥဖြူကျ၍ဖျားခြင်း၊ ခံတွင်းအနာပေါက်ခြင်း၊ဝမ်းလျောခြင်း။

ဆေးသွင်းခြင်းနှင့် ဆက်စပ်၍ ချမ်းတုန်ခြင်း၊ ကိုယ်ပူချိန်တက်ခြင်း၊ ယားယံခြင်း၊ ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ ဆိုးဝါးတဲ့ ဓာတ်မတည့်မှုဖြစ်ပါက အသက်ရှူ ကြပ်၊ သွေးပေါင်ကျခြင်း။

နှလုံးကြွက်သား ညှစ်အားကောင်းမကောင်း Echo ၃လ တခါ ရိုက်စစ်ဆေးနေရမှာဖြစ်သည်။ (Cancer Care Myanmar)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ