Cold extremities ခြေဖျားလက်ဖျား အေးနေသူတွေ

ဆရာ ကျမမောင်လေးပါ။ အသက်က 26(၂၆)ပါ Seaman ပါဆရာ သူ့ရဲ့ခြေတွေလက်တွေက လူသေတစ်ယောက်(တယောက်)လက်လိုမျိူးကို အေးစက်နေပါတယ်။ အချိန်ရှိတိုင်း သူ့လက်ကိုင်လိုက်တာနဲ့ အဲ့လိုအေးနေတာပါဆရာ။ လက်ဖဝါးခြေဖဝါးတွေပဲ အေးတာပါ။ ဆေးလိပ်တော့အတော်သောက်ပါတယ်။ လူငယ် seaman ဆိုတော့ အရက်တော့နည်းနည်းသောက်ပါတယ်။နေ့တိုင်းသောက်တာတော့ မဟုတ်ပါဘူးဆရာ။ အပေါင်းအသင်းနဲ့ဆုံရင်သောက်ဖြစ်တာပါ။ onboard မတက်ခင်ကအသဲအား‌ဆေး (Live up) 1 (၁)လ‌ သောက်ခိုင်းထားဖူးပါတယ်ဆရာ၀န်မှ။အခုပြန်ဆင်းလာ‌တော့ ဆေးတော့ပြန်မစစ်ရသေးပါဘူး။ အဲ့လို ခြေဖဝါးလက်ဖဝါးတွေအေးအေးနေတော့ လေဖြတ်သွားမှာစိတ်ပူလို့ပါဆရာ။ ‌ခြေဆီလည်းထွက်ပါတယ်။ သွေးလေလည်ပတ်မှု့(လည်ပတ်မှု)ကောင်းအောင် ဘယ်လိုတွေလုပ်ဆောင်ပေးရပါမလဲဆရာ။ လေရောဖြတ်သွားနိုင်ပါသလားရှင်။ ကျေးဇူးတင်စွာဖြင့် ဆရာလည်းစိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေ။

ခြေဖျားလက်ဖျား အေးနေသူတွေ -

anemia သွေးအားနည်း၊

autoimmune disease အော်တိုအင်မျူးရောဂါ၊ 

blood or thyroid disorder သွေး သို့မဟုတ် လည်ပင်ကြီးရောဂွ၊

reaction to medication ဆေးတချို့၏ ဘေးထွက်သက်ရောက်မှုနဲ့

smoking ဆေးလိပ်သောခြင်း၊ 

Buerger disease ရောဂါ

Diabetes ဆီးချို၊

Lupus ရောဂါ

Raynaud's disease ရောဂါ၊

Scleroderma ရောဂါ ရှိ မရှိ စစ်ဆေးရမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ