Exluton ကိုယ်ဝန်တားဆေး

(ကန်တော့)
၁။ ဒီဆေးက ဘယ်ကနေစသောက်ရတာလဲရှင့် ကလေးက၄လရှိပါပီ(ပါပြီ) အခုရာသီသွေးဆင်းတာ ပီး(ပြီး)တော့မယ်ရှင့် အဲ့ဒါသောပ်လိူ့ရလား။ ဆေးကဘယ်နလုံး(ဘယ်နှစ်လုံး) သောက်ပီး(ပြီး)ရင် ( - ) လဲရှင့်။ 
၂။ ဆေး‌က ဘယ်က စပီး(ပြီး) သောက်ရတာလဲရှင့်။
ကိုယ်ဝန်တားဆေးပါ စာတွေ၊ သင်္ကေတတွေကို တချို့က နားမရှင်းကြပါ။ မကြာခဏ ဖြေရတယ်။
ဆေးကပ်နောက်ကျောမှာပါတဲ့ မြား၊ ၁-၂-၃-၄၊ တနင်္လာ-အင်္ဂါ စတာတွေကို သဘောမပေါက် ဖြစ်တတ်တယ်။
အခြေခံအချက် -
တားဆေးကပ်တွေမှာ ၂၁ လုံး သို့မဟုတ် ၂၈ လုံးပါတယ်။ ဆေးပြား၊ ဆေးလုံး အရောင်တူရင် အထဲမှာပါတဲ့ ဆေးလည်း တူတယ်။ ၂၈ ကပ်ဆိုရင် ၂၁ လုံးက အရောင်တမျိုး ၇ လုံးက အရောင်တမျိုး။
မြား၊ ၁-၂-၃-၄၊ တနင်္လာ-အင်္ဂါ စတာတွေက ဆေးသောက်တဲ့အခါ မမေ့စေအောင် ရေးထားတာ။ အမှတ်အသားကောင်းသူတွေက ဘယ်အရောင်ဆူတေးကိုသောက်သောက် ရတယ်။
ယူအက်မှာ လူတိုင်းက တနင်္ဂနွေ၊ တနင်္လာနဲ့ အလုပ်လုပ်ကြတယ်။ မှတ်သားကြတယ်။ စနစ်ကောင်းပါတယ်။ အဲဒါကြောင့် ဆေးကပ်မှာ တနင်္ဂနွေ၊ တနင်္လာလို့ ရေးထာတာ။
ဆေးပြား ၁၀၀ ပါတဲ့ပုလင်းထဲက ဘယ်ဆေးပြားကိုသောက်သောက် တူသလိုပါဘဲ။
အရောင်တူဆေးကို ရက်မကျော်အောင်သောက်ရင် ဆေးအာနိသင်အတူတူရပါမယ်။ ရက်ကျော်ရင်ဘယ်လိုအတွက် လင့်တွေထဲမှာ ရေးထားတယ်။
Exluton ကိုယ်ဝန်တားဆေး https://dr-tint-swe.blogspot.com/2021/04/exluton.html
Exluton နို့တိုက်မိခင် ကိုယ်ဝန်တားဆေး https://dr-tint-swe.blogspot.com/2021/06/exluton.html
Exluton တားဆေး နှင့် မျှားမဟုတ်ပါ https://dr-tint-swe.blogspot.com/2021/10/exluton.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ