Unit ယူနစ် ခေါ် တန်ဖိုး

- ကျေးဇူးတင်ပါတယ် ဆရာ ဒီနေ့သွေးပေါင်ချိန်တာ အပေါ်သွေး 118 အောက်သွေး  76 ပါ ဆရာ နှလုံးခုန်နှုန်းတော့ မမှတ်မိလိုက်ပါဘူးရှင့်။
သွေးဖိအား ၁၁၈/၇၆ ပုံမှန်။ 
သွေးပေါင်ချိန်လို့ရေးတာ မမှန်ပါ။ အလေးချိန် ပေါင်၊ အောင်စနဲ့ တိုင်းရတာ မဟုတ်ပါ။
ယူနစ် ခေါ် တန်ဖိုးက mmHg ဖြစ်တယ်။ 
အဲဒီအတိုင်း မရေးတော့ဘဲ ဖိအားဆို ရပါပြီ။
သွေးတိုးဂဏန်းကို တမျိုးတည်းသာ ရေးပြသူတွေများတယ်။ ၂ မျိုးရေးရတယ်။ အထက်ဂဏန်းနဲ့ အောက်ဂဏန်း။
တချို့လည်း ဂဏန်းတခုတည်း ရေးလာတယ်။ ဘာလဲ မသိ။ သွေးဖိအားလား၊ ကိုယ်အပူချိန်လား၊ ကိုယ်အလေးချိန်လား ဘာလား မသိရ။
အလေးချိန်ဆိုရင် ပေါင်၊ ကေဂျီနဲ့ ပိဿာ။
အရပ်အမြင့်ဆိုရင် ပေ၊ လက္မ။
တချို့က ယူနစ် ခေါ် တန်ဖိုး မပါဘဲ မေးကြတယ်။
အသက် ၂ ရှိပြီတဲ့။ ၂ ရက်၊ ၂ လ၊ ၂ နှစ် ဘာကိုပြောသလဲ ပြန်မေးရတယ်။
တချို့က ကလေးအသက် 2 နှစ်တဲ့။ တူးနှစ်လို့ ဖတ်ရတယ်။
နေမကောင်းတာ 4 ရက်တဲ့။ ဖိုးရက်လို့ ဖတ်ရတယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ