Vegetables for Health အသီးအနှံ အသီးအရွက်များအကြောင်း

ကောင်းတဲ့အချက် မဟုတ်တာတွေကို ရေးမှာဖြစ်ပါတယ်။

- ကျွဲကောသီး - ကိုလက်စထောကျဆေးတမျိုး သောက်နေသူ ဆေးနဲ့တွဲမသောက်သင့်။

- ကြက်သွန်နီ - တချို့က အလားဂျစ် ဖြစ်တယ်။

- ချယ်ရီသီး - အချိုဓါတ် များတယ်။

- ခရမ်းချဉ်သီး - များရင် လေနာရောဂါရှိသူ မသင့်။

- ခရမ်းသီး - အဆီဓါတ်နဲ့ ဆိုဒီယမ်ဓါတ် မနည်းလှပါ။

- ငရုတ်ပွ ခေါ် ငရုတ်ချိုသီး - နှလုံးရောဂါ၊ ဆီးချိုရောဂါနဲ့ ကင်ဆာရှိသူတွေ အသင့်အတင့်သာစားသင့်။

- ငှက်ပျောသီး၊ လိမ်မော်သီး - ပိုတက်ဆီယမ်များလို့ ကျောက်ကပ်မကောင်းသူတွေနဲ့ မသင့်။

- စည်သွတ်ဗူးအသီးများ - အချိုဓါတ်များတယ်။ ဖိုက်ဘာ နည်းတယ်။

- စပျစ်သီး - သကြားဓါတ် များတယ်။

- စွန်ပလွန်သီးယို၊ သရက်သီးခြောက်၊ လိုင်ချိစ်သီး - အချိုဓါတ်များလို့ ဆီးချိုရှိသူတွေ ဆင်ခြင်စားသုံးရမယ်။

- စောင်းလျားသီး - နာတာရှည်ကျောက်ပ်မကောင်းသူနဲ့ မသင့်။

- နံနံပင်အမျိုးမျိုး - အာဟာရဓါတ်တော့ မရပါ။

- နာနတ်သီး - အချိုဓါတ်များလို့ ဆီးချိုရှိသူတွေ ဆင်ခြင်စားသုံးရမယ်။

- ပဲညှောက်ပေါက် - ဘက်တီးရီးယားတွေ ပေါက်ပွားမှုကိုအားပေးတယ်။

- ပဲလုံးစိမ်း - ကောင်းပေမဲ့ ကလိုရီနဲ့ ကာဗွန်ဟိုင်ဒရိတ် များတယ်။

- ပဲအမျိုးမျိုး - ဆီးချိုရှိသူတွေနဲ့ ကိုယ်အလေးချိန်များသူတွေ ဆင်ခြင်စားသုံးရမယ်။ ဆာလွယ်တယ်။

- ဖရဲသီး - အချိုဓါတ်များလို့ ဆီးချိုရှိသူတွေ ဆင်ခြင်စားသုံးရမယ်။

- ဘရိုကိုလီ ခေါ် မုန်လာပွင့်စိမ်း - စားပြီး ဗိုက်ကယ်စေနိုင်တယ်။ 

- မုန်လာထုပ်အသေးစား - လေထလေတက်စေနိုင်တယ်။ လေချဉ်တက်စေနိုင်။

- မုန်လာဥဝါ (ခါကျက်ဥ) - များလွန်းရင် ဂျွန်းဒစ် ခေါ် အသားဝါဖြစ်မယ်။

- လိမ်မော်ရည် - လိမ်မော်သီးထက် သကြားဓါတ်ပိုကဲထားတယ်။

- အသီးဖျော်ရည်များ - အချိုဓါတ်များတယ်။

- အာလူး - ကယ်လိုရီ များများရလို့ ဆီးချိုရှိသူတွေနဲ့ ကိုယ်အလေးချိန်များသူတွေ ဆင်ခြင်စားသုံးရမယ်။

- အုန်းသီး - အဆီဓါတ်များတယ်။ ကိုလက်စထော သတိထားပါ။

မှတ်ချက် -

လူတိုင်းစားသုံးကြတဲ့ အစားအသောက်တိုင်းမှာ အကောင်းနဲ့ အဆိုး၊ ကြိုက်သလောက်စားနဲ့ အသင့်အတင့်သာ စားရတာမျိုးတွေ ရှိတယ်။ လူတွေကလည်း တယောက်နဲ့တယောက် ကိုယ်ခံ၊ ရောဂါ၊ လိုအပ်ချက်တွေ မတူကြပါ။ လူတယောက်တည်းမှာလည်း အသက်အရွယ်၊ ကိုယ်အလေးချိန်၊ ရောဂါ စသဖြင့် မတူတတ်ပါ။ ဘယ်အရာကိုမဆို သုတေသနရလဒ်တွေကိုလည်းသိပြီး သတိထားစားသုံးရင် ကျန်းမာရေးအတွက် ကောင်းတယ်။

Healthiest Vegetables to Eat? Start with These 6 Choices - University Health News

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ