Foamy urine ဆီးအမြှုပ်ထခြင်း
(ကန်တော့)
၁။ မင်္ဂလာပါဆရာခင်ဗျ ယောကျာ်းလေးပါ အသက်က ၄၀ပါခင်ဗျ ကျနော် သိချင်တာ တခုရှိလို့ပါ ဆီးသွားတဲ့အခါ ဆီးအမြှုတ်တွေထနေလို့ပါ ဆရာဝန်းပြတော့လည်း ဆီးစစ်ကြည့်တော့ကောင်းပါတယ်လို့ပြောတယ် လက်ချောင်းထိပ်ကို ဖောက်ပြီးသွေးစစ်ကြည့်တော့လည်း 100 အောက်ပဲရှိလို့ ဆီးချိုလည်းမရှိနိုင်လောက်ဘူးလို့ပြောပါတယ်ခင်ဗျ ပထမတခါသောက်ဆေးပေးတယ် ၁၅ရက်စာ မသက်သာဘူး နောက်တခါ ပြန်ပြတော့လည်း တအားမဆိုးရိမ်(စိုးရိမ်)ပါနဲ့လို့ပြောပြီး ဆေးနှစ်မျိုးပေးလိုက်ပါတယ် Kataria ဆိုတဲ့ဆေးအမှုန့်တမျိုး ၁၀ရက်သောက်နဲ့ Uro K တလသောက် ခုထိဆီးသွားရင်အမြှုတ်ထတာ မသက်သာလို့ပါ တခြားရောဂါကြီးကြီးမားမားများရှိနေနိုင်မလားစိတ်ပူလို့ပါခင်ဗျ
Kataria ဆေးထဲမှာ sodium citrate ပါတယ်။ ဆီးကို အက်စစ်ဓါတ်နည်းစေမယ်။
စိုးရိမ်စရာ မရှိလောက်ပါ။
၂။ ဆရာရှင့် ကျွန်မအမေအသက် ၆၅နှစ်က ဆီးသွားရင်အမြုတ်ပါနေပါတယ် အဲ့တာ ကျောက်ကပ်မကောင်းလို့လားဆရာ စိတ်ပူရလားဆရာ။
၃။ ဆရာ ဆီသွာပြီး ဆီးအမြုံ့(အမြှုပ်)တွေ ၃ နာရီခန့်ကြာမှပြောက်တယ် ခါးနာတာကို ဆရာဝန်ပြတော့ခါးကြောညပ်တာပြောတယ် ဆရာ ဆီးအမြုံ့ ဘာကြောင့်မပေါက်လဲ ဆရာ
ဖြစ်တဲ့သူ ကလေး လူကြီး မသိ။ ကျား မ မသိ။ အသက် မသိ။ မေးနည်း ပို့လိုက်တယ်။ ပျောက်လို့ ရေးရတယ်။ မြှုပ်လို့ ရေးသင့်။
၄။ ဆရာ ကျွန်တော် အသက် ၄၃ နှစ်ပါ ခါးနာတာ ၃ နှစ်ခန့်ရှိပါပြီ ဓာတ်မှန်ရိုက်တော့အကြောညပ်အဖြေထွက်ပြီ ဆေးသောက်တုန်းသက်သာပြီး နောက်ပြန်နာပါတယ် သောက်ခဲ့တဲ့ဆေးတွေ ဆေးဖြတ်ထားတာ ၃ လခန့်ရှိပါပြီ ခုကျွန်တော်ဆီးသွားရင်အမြှုပ်ထပြီး ၄ နာရီခန့်ကြာမှ ပျောက်ပါတယ် အမြှုပ်ကိုသတိထားမိတာ ၁၀ ရက်ခန့်ရှိပါပြီဆီးအမြှုပ်ဘာကြောင့်မပေါက်လဲ သိပါရစေ ဆရာ။
ပြန်စာ
ဆီးအိမ်တင်းနေချိန်ကျမှ ဆီးသွားရင်၊ ရေသောက်နည်းချိန်ဆီးသွားရင်၊ ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးသွားရင်၊ ဆီးထဲမှာ ပရိုတင်းဓါတ်ပါနေသူနဲ့ ကျောက်ကပ်ရောဂါရှိသူတွေမှာ ဆီးအမြှုပ်ထနိုင်တယ်။
Causes of foamy urine ဖြစ်စေနိုင်သည့်အကြောင်းခံများ
Protein in the urine (proteinuria) ဆီးထဲ ပရိုတင်းဓါတ် ပါနေခြင်း
Rapid urination ဆီးကိုအနြ်သွားခြင်း
Some medications ဆေးတချို့ကြောင့်ဖြစ်ခြင်း (ACE inhibitors သွေးကျဆေး၊ antibiotics ပိုးသေဆေးတချို့)
High blood pressure သွေးတိုးတက်ခြင်း
Diabetes ဆီးချို
Kidney disease ကျောက်ကပ်ရောဂါ
စစ်ဆေးမှသာ ဘာ့ကြောင့်လဲ သိပါမယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment