Tramadol ဘေးထွက်ဆိုးကျိုး

- ဆရာ Follow-up ပြန်ပြတဲ့အခါတိုင်း အကိုက်အခဲအတွက် tramadol ပေးပါတယ်။ သမီး tramadol မသောက်တာ ၅ ရက်ရှိပါပြီ။ တခါတရံ ဘယ်ဘက်လက်နဲ့ ဘယ်ဘက်ခြေ အခြမ်းက ကိုက်ပါတယ်။ သည်းခံနိုင်ပါတယ်။ အာ့လို သည်းခံပြီး နေလို့ရသေးရင် tramadol မသောက်ပဲ နေလို့ရလားရှင့်။ Tramadol ရဲ့ဘေးထွက်ဆိုးကျိုးလေးလည်း သိပါရစေရှင့်

Tramadol သည် အပျော့စားနှင့် ဖြစ်ရိုးဖြစ်စဉ်မှ ပြင်းထန်ပြီး ရှားရှားပါးပါး အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်သော opioid အကိုက်အခဲပျောက်ဆေး ဆေးညွှန်းဖြစ်သည်။ 

Tramadol အဖြစ်များသော ဘေးထွက်ဆိုးကျိုးများ

မူးဝေခြင်းနှင့် ငိုက်မျဉ်းခြင်း၊ ခေါင်းပေါ့ပါးခြင်း၊ မူးဝေခြင်း၊ အိပ်ငိုက်ခြင်း သို့မဟုတ် မောပန်းခြင်းတို့ကို ဖြစ်စေနိုင်သည်။

ပျို့အန်ခြင်း။

ဝမ်းချုပ်ခြင်း။

ခေါင်းကိုက်ခြင်း။

ယားယံခြင်း။

- ဒီဆေးတွေသောက်နေရပါတယ်။ တလကျော်လောက်ရှိပါပြီရှင့်။ အခု ခြေမ နှစ်ဖက်လုံးနဲ့ ညာဘက်လက် လက်သန်းကြွယ်မှာ ခြေစွယ်လက်စွယ်ငုတ်သလိုမျိုးဖြစ်နေပါတယ်။ ဖော်ကြည့်တော့လည်း မဟုတ်ပါဘူးရှင့်။ဆေးတွေရဲ့(ဘယ်ဆေးရဲ့) ဘေးထွက်ဆိုးကျိုးတွေလားလို့ သိပါရစေရှင့်။

လက်စွယ် ခြေစွယ်ငုတ်တာက ဆေးဘေးထွက်ဆိုးကျိုး မဟုတ်။

- ဟုတ်ကဲ့ ကျေးဇူးပါရှင့်

- ဆရာ အခုသောက်နေရတဲ့ ကင်ဆာဆေးတွေကို မသောက်ရတော့ပဲ ကျန်းမာလာနိုင်မယ့် အချိန်ဆိုတာမျိုးရော ရှိလာနိုင်လားရှင်။ ဒါမှမဟုတ် ဒီကင်ဆာဆေးတွေက မသေမချင်း အမြဲတမ်းသောက်နေရမှာလားဟင်

ကင်ဆာကိုသနည်းဆိုတာ တယောက်နဲ့တယောက် မတူ။ ကင်ဆာအမျိုးအစား မတူရင်လည်း ကုသနည်း မတူ။ အလားအလာ မတူ။ မေးခွန်းမေးသူအတွက် ကုသပေးနေတဲ့ ကင်ဆာအထူးကုဆရာဝန်တွေက ပြောပြထားပြီး ဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ