Posts

Showing posts from September, 2025

Breast Cancer Screening Guidelines ရင်သားကင်ဆာ ကြိုတင်စစ်ဆေးခြင်း

Image
American Cancer Society (ACS) နဲ့ U.S. Preventive Services Task Force (USPSTF) တို့ရဲ့ ထုတ်ပြန်ထားချက် အမျိုးသမီး အသက် 40-44 တနှစ်တခါ mammograms ရိုက်ပါ။ လူတိုင်းအတွက်တော့ မဟုတ်။ 45-54 တနှစ်တခါ mammograms ရိုက်ပါ။ အမျိုးသမီးတိုင်းအတွက် ဖြစ်ပါတယ်။ 55-74 ၂ နှစ် တခါ သို့မဟုတ် တနှစ်တခါ Mammograms ရိုက်ပါ။ ဖြစ်နိုင်ခြေရှိသူ မရှိသူအပေါ်မှာ မူတည်ပါတယ်။ 75 နှစ်နှင့်အထက် ဆရာဝန်နဲ့ တိုင်ပင်ပါ။ Screening Modalities စစ်ဆေးနည်းများ Mammography အမျိုးသမီး အများစုအတွက် အသင့်တော်ဆုံးနည်းဖြစ်တယ်။  Magnetic resonance imaging (MRI) ဖြစ်နိုင်ခြေရှိသူတွေအတွက်ဖြစ်တယ်။ High-Risk Women ဖြစ်နိုင်ခြေရှိသူများ - ရင်သားကင်ဆာရှိဘူးသူ။ ရင်သားတဖက်မှာကင်ဆာရှိဘူးသူ။ - မိသားစုအတွင် ရင်သားကင်ဆာရှိသူ။ - ရင်ဘတ်ဓါတ်မှန်ရိုက်ဘူးသူ။ - BRCA gene mutations ရှိသူ။ Dr. တင့်ဆွေ

Gynecologic Cancers မျိုးပွားလမ်း ကင်ဆာများ

Image
(Blog အဟောင်းကစာတွေကိုလည်း အသစ်တင်ထားတာရှိပါတယ်။) 10 Warning Signs of Lung Cancer  2022 Cancer Statistics ၂၀၂၂ ခုနှစ် ကင်ဆာ ကိန်းဂဏန်းများ https://dr-tint-swe.blogspot.com/2022/03/2022-cancer-statistics.html 25 Celebs with Breast Cancer ရင်သားကင်ဆာနဲ့ အသက်ရှင်သန်နေကြတဲ့ ဆယ်လဖ် (ဆလက်ဘ်) ၂၅ ယောက် https://dr-tint-swe.blogspot.com/2021/07/25-celebs-with-breast-cancer.html 5-year survival rate ကင်ဆာလူနာ ငါးနှစ်အသက်ရှင်နှုန်း https://dr-tint-swe.blogspot.com/2021/05/5-year-survival-rate.html 8 Questions About Chemo and Lung Cancer အဆုတ်ကင်ဆာနှင့် ခီမိုသာရာပီ မေးခွန်း ၈ ခု https://dr-tint-swe.blogspot.com/.../8-questions-about... Anastrozole vs. Letrozole ဆေး ၂ မျိုး https://dr-tint-swe.blogspot.com/2022/02/anastrozole-vs-letrozole.html Anastrozole ရင်သားကင်ဆာ ဟော်မုန်းဆေး https://dr-tint-swe.blogspot.com/2022/03/anastrozole.html Aspirin significantly cuts cancer rates အက်စ်ပရင်ဆေးကနေ ကင်ဆာသေနှုန်းနည်းစေတယ် Atypical hyperplasia ရင်သားကင်ဆာ မဖြစ်မီအဆင့် https://dr-tint-swe.blogspot.com/202...

Ectopic Pregnancy (2) ထူးဆန်းသည့် ကိုယ်ဝန် (၂)

Image
(ကန်တော့) (ရေးထားတာ ၁၅ နှစ်လောက်ရှိပြီ။ စာအဟောင်းတွေမှာ စာလုံးပေါင်းသတ်ပုံ ပြင်စရာတွေပါလေ့ရှိလို့ စစ်ရပါတယ်။) နက်ဖြန်အလှူနေ့၊ သားတွေကိုသင်္ကန်းဆီး၊ သမီးကိုနားသ၊ လာသမျှကို အဝကြွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီးလုပ်မှာပါ။ အလှူဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်းလာကြ။ မိတ်ဆွေရင်းခြာတွေလည်း နီးသောဝေးသောမဟူ အလှူလာကြတယ်။ မနက်ဖြန် အလှူရက် စည်ချက်မကျန်ဘူးပြောရမှာပေါ့။ အလှူ့တကာက မြို့နယ်ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီဆိုင်း ရှိကြတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ဝါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဓါးဆရာဝန် ညီအကိုလို့ ပြောခံရတယ်။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလ ျှ ောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။ အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော … ဆေးရုံက ဝန်ထမ်းတယောက် ယူလာတဲ့ 'ဒစ်ရှ်ပက်' စာအုပ်မှာ မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ ...

Women's Protein Needs အမျိုးသမီးများ ပရိုတင်းဓါတ် မည်မျှလိုအပ်ကြသနည်း

Image
ကြွက်သားတွေ၊ အရိုးတွေ သန်မာနေစေဘို့ အမျိုးသမီးတွေ ပရိုတင်းဓါတ် လိုအပ်တယ်။ စွမ်းအင်အတွက်လည်း လိုတယ်။ နောက်ဆုံးလေ့လာမှုတွေအရ နေ့စဉ်စားသောက်လို့ရတဲ့ ကယ်လိုရီရဲ့ ၁၀% ကနေ ၃၅% ဟာ ပရိုတင်းဖြစ်သင့်တယ်။ အမျိုးသမီးတွေဟာ ပရိုတင်း အနည်းဆုံး 46 grams လိုအပ်တယ်။ ကိုယ်ဝန်ဆောင်ချိန်၊ အလုပ်ပင်ပင်ပန်းပန်းလုပ်ရချိန်၊ လူကလည်းဝရင်၊ အသက်လည်းရလာရင် ပိုလိုအပ်တယ်။ ထိခိုက်ဒဏ်ရာရတာအတွက်လည်း ပိုလိုတယ်။ တွက်ချက်နည်း ကိုယ်အလေးချိန် ၁ ကီလို - ဝ့၈ ဂရမ်။ တနည်း ၁ ပေါင် - ဝ့၃၆ ပေါင်။ ဥပမာ ကိုယ်အလေးချိန် ပေါင် ၂၀၀ အတွက် တနေ့မှာ ပရိုတင်း ၇၂ ဂရမ်လိုအပ်တယ်။ ပရိုတင်းစားရင် အဆီ နည်းစေနိုင်တယ်။ အသက် ၄၀ ကနေ ၈၀ ရှိသူတွေမှာ ကြွက်သားထုထည် ၃၀% ကနေ ၅၀% လျော့နည်းသွားကြတယ်။ အရိုးပါအားနည်းသွာတယ်။ အငက် ၆၅ နှစ်အထက် ကိုယ်အလေးချိန် ၁ ကီလိုဂရမ်လေးတိုင်း ပရိုတင်း ၁ ဂရမ်လိုအပ်တယ်။ များလွန်းပြန်ရင်လည်း မသင့်ပါ။ ပရိုတင်း ဘယ်အစားအစာတွေကနေ ပရိုတင်း ရသလဲ Lean, skinless poultry အဆီနည်းအသားများ Fish and seafood ငါးနဲ့ ပင်လယ်စာများ Tofu တိုဖူး Beans ပဲသီးအမျိုးမျိုး Legumes such as peas, chickpeas, and lentils ပဲအမျိုးမျိုး Grains like quinoa and buc...

Vaccines help children stay healthy.

Image
Each ingredient plays a role in building their immunity and keeping them safe. ကာကွယ်ဆေးတိုင်းကို အဆင့်ဆင့်သော ဆေးသုတေသနတွေနဲ့ အကျယ်ပြန့်ဆုံးသော လေ့လာမှုတွေနဲ့ စိတ်ချရအောင် ထုတ်လုပ်ထားပါတယ်။ ဒီအကြောင်းအချက်ကို ထူပြီးပြောနေစရာတော့ မလိုခဲ့ပါ။ အခုတော့ ယူအက်စ်အေမှာ သုတေသနကိုအခြေမခံတဲ့ တွေ့ကရာသီအိုရီသမားက အိမ်ဖြူတော်ထဲရောက်လာလို့ ထုတ်ပြန်ပေးနေရပါတော့တယ်။ ဒေါက်တာတင့်ဆွေ

စဉ်းစား၊ ဆင်ခြင်၊ တွေးတောမှု မှန်ကန်အောင် ကြိုးစားကြရပါမယ်

Image
မေးခွန်းတခု = ရဲယိုရွက်ကိုရောနေ့တိုင်းစားပေးသင့် လားဆရာ ။ ပြန်စာ သုတေသန မရှိ။ အရွက်ရောင်းသူတွေက တင်နေကြတယ်။ လူတွေစားတဲ့ အရွက်တွေ အကုန်ကောင်းပါတယ်။ ဘယ်သူမှ တမျိုးတည်းကို နေ့တိုင်းတော့ မစားကြပါ။ စောစောကလည်း မုန်လာဥနီ ကောင်းတယ်ဆိုလို့ နေ့တိုင်းဖျော်သောက်တဲ့အကြောင်း ဖြေရသေးတယ်။ များသွားရင် ဂျွန်း၏ဒစ် ခေါ် အသားဝါ ဖြစ်မယ်။ ဒီနေ့မှာဘဲ ဗီတာမင်စီ များလွန်းရင် မကောင်းပါကြောင်း ဖြေရသေးတယ်။ မြန်မာလိုရေးတဲ့ ကျန်းမာရေးအသိပေးစာတွေက မှန်တာ ရှားတယ်။ ဆေးသုတေသန မရှိ။ ကိုဗစ်တုန်းက ငှက်သိုက်၊ ငှက်သိုက်၊ ငှက်သိုက် ဆိုပြီး ပိဿာချိန် ဘယ်နှစ်သိန်းရောက်လိုက်ရ မပြောတတ်။ ကိုဗစ်မွေးတဲ့ တရုပ်ပြည်မှာ ဘယ်သူမှ မသုံး။ နောက်တမျိုး ကုန်သည် ဈေးသည်တွေနဲ့ မတည့်သူတွေက ဟိုကင်ဆာ ဟိုဟာမစားနဲ့၊ ဒီကင်ဆာ ဒီဟာမစားနဲ့။ သုတေသနမရှိတာကို ကောင်းတယ်၊ ဆိုးတယ် မပြောရပါ။ ဘယ်အရာမဆို အတိုင်းအဆ လိုတယ်။ လူတွေက တယောက်နဲ့တယောက် ကိုယ်ခံကျန်းမာရေးနဲ့ မျိုးဗီဇစနစ် မတူပါ။ အခုခေတ်မှာ လူနာတဦးချင်းအတွက် ဆေးပေးနည်းတွေ စတင်ပေါ်လာနေပြီ။ ကင်ဆာအမျိုးအစားတူတိုင်းကို ဆေးတမျိုးတည်း၊ ဆေးအလေးချိန်တသမတ်တည်း မပေးတော့ပါ။ သတင်းမှန်ကို ဘယ်နေရာကရှာရမလဲ သိရမယ်။ စဉ်းစား...

Cancer and Foods အစားအစာနဲ့ ကင်ဆာ

Image
ကင်ဆာဆို ပဲ မတော်ဘူး ပြောလို့ ဟုတ်လားရှင့် ဆရာ ဒေါက်တာတင့်ဆွေခင်ဗျား… လေးစားသမှုဖြင့် ဒေါက်တာအား ကျွန်ုပ် သိလိုသော မေးခွန်းကို မေးပါရစေ။ ကျွန်ုပ်၏မိခင် အသက် ၄၇နှစ်သည် ရင်သားကင်ဆာ [Invasive lobular carcinoma, right breast, Stage 2B, ER+ 85% PR- Her2 -] ဝေဒနာရှင်ဖြစ်၍ ပထမအကြိမ် Chemo ဆေးသွင်းထားရပါတယ် ဒေါက်တာ။ ဆေးသွင်းချိန်၌ လူနာသည် ခွန်အားချည့်နဲ့ နွမ်းလျသွားပြီး အစာအာဟာရလည်း ဖူလုံအောင် မစားနိုင်တော့တဲ့အခါမျိုးမှာ Drip ချိပ်ပေးခြင်း၊ Moriamin သွင်းပေးခြင်း စသည်တို့ ဆောင်ရွက်ပေးဖို့ သင့်လျော်ပါသလား ဒေါက်တာ။ ညာဘက်ရင်သား ဖြတ်ထုတ်ထားသူမို့ ချုပ်ရိုးတဝိုက် အလွန်အမင်း နာကျင်ကိုက်ခဲနေတဲ့အခါမျိုးမှာ Diclofenac ထိုးပေးတာမျိုး၊ လည်ပင်းအကြောတွေအထိ တောင့်တင်း‌ တာ၊ရောင်နေတာတွေနဲ့ ပျို့အန်လာတဲ့အခါမျိုးမှာ Dexamethasone ထိုးပေးတာမျိုး စသည် ဆေးဝါးတွေ သုံးပေးတာကလည်း သင့်လျော်ပါသလား ဒေါက်တာ။ Chemo ဆေးသွင်းနေချိန် အခြားဆေးတွေသုံးတာက Chemo ဆေးရဲ့ အာနိသင်ကို ယုတ်လျော့ပျက်ပြယ်သွားတာမျိုး ရှိ၊မရှိကို သိလိုပါတယ် ဒေါက်တာ။ သင့်လျော်တဲ့ အခြားဆေးဝါးများရှိရင်လည်း လမ်းညွှန်ပေးပါ ဒေါက်တာ။ လက်ရှိကုသပေးနေသော ...

Vitamin C ဗီတာမင်စီ နှင့် အစာအိမ်အနာ

Image
(Vitamin C 1000 mg ဖြည့်စွက်စာ ကြော်ငြာဆေးတွေ မသင့်ပါ။ ) ⦁ ဆရာရှင့် မေးစရာလေးရှိလို့ပါ အစာအိမ်ရောဂါရှိတဲ့သူက vitamin C 100mg ကိုနေ့တိုင်း အစာနဲ့တူတူတွဲသောက်လို့ရလားရှင့် ကိုယ့်သဘောနဲ့ကိုယ်သောက်မှာပါ ဆရာ၀န်ညွှန်ကြားချက်တော့မပါပါဘူးရှင့် အစာအိမ်ရောဂါ အမျိုးမျိုးရှိတယ်။ ဆေးစစ်ချက်အရ ရောဂါအမည် မသိရ။ ⦁ ဆရာခင်ဗျာ ကျွန်တော်အသက် ၃၈ နှစ်ပါဗျ ( - ) မှာ အလုပ် လုပ်နေပါတယ်ဗျ ဆောင်းရာသီရောက်ရင် ဗီတာမင်စီ ၁၀၀၀ အားကို တနေ့ တလုံး သောက်ပါတယ်။ ဘေးဥပါဒ် ဖြစ်စေသလားဗျ။ ဆက်ပြီးသောက်သင့်လားဗျ။ ဆရာ အကြံပေးပါအုံးဗျ။ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ ရေရှည်အတွက် ဗီတာမင်စီ 1000 mg ထက်နည်းတာကိုသာ သောက်သင့်။ ⦁ မင်္ဂလာပါ ဆရာ BPI ( ယခင် အ​ခေါ်အ​ဝေါ်) က ထုတ်တဲ့ Cevit tablet ​ ဆေးက ​ဆေးဗူး ပါကင်ဖွင့်သုံးပြီး ​နောက်ပိုင်း ရက်စွဲ မလွန်မီ အဖြူ​ရောင်က​နေ အဝါ​​ဖျော့​ဖျော့ အ​ရောင်ကို ​ပြောင်းသွားတာ ထုံးစံလို ဖြစ်​နေပါတယ်။ အဲဒီအတွက် အကျိုးအပြစ်ကိုလည်း ကြုံတဲ့အခါ ရှင်းပြ​ပေးပါခင်ဗျာ Ascorbic acid လို့လည်း ခေါ်တယ်။ ဗီတာမင် စီ ဆေးပြားပုလင်းကို ဖွင့်ထားမိရင် လေထဲက အောက်စီဂျင်နဲ့ ဓါတ်ပြုမယ်။ Oxidation ဖြစ်တယ်လို့ ခေါ်တယ်။ ဆ...

Pregnancy and First Para သားဦးမွေးမယ်

Image
( ကန်တော့) ၁။ သမီးကလေးမွေးတုန်း ရိုးရိုးမွေးတာပါ။ မွေးတဲ့အချိန်တုန်းက မိန်းမကိုယ်ကိုနဲနဲခွဲရပါတယ်။ ပြန်ချုပ်ထားတဲ့နေရာက အခုထိမပျောက်သေးပဲနာနေလို့ပါ။ ဆေးရုံကိုပြန်သွားရမှာလဲကြောက်လို့ပါ။ ၂။ ဆရာရှင့် ခွဲမွေးတဲ့သူနဲ့ ရိုးမွေးတဲ့သူက အရမ်းကွာတယ်ဆိုတာ ဟုတ်ပါသလား။ တချို့တွေက ပြောကြတယ် ခွဲမွေးတဲ့က မိန်းမအင်္ဂါမပျက်စီးဘူး၊ ရိုးရိုးမွေးတဲ့သူတွေက မိန်းမအင်္ဂါပျက်စီးတယ်လို့ပြောပါတယ်၊ အဲဒါဟုတ်ပါသလား။ ၂ ယောက်မွေးရင် ပိုဆိုးတယ်ပြောတယ်။ ဒါပေမဲ့ ဒီမှာတော့ သေရေးရှင်ရေးမှသာ ခွဲမွေးပေးတယ်။ ပိုက်ဆံတက်နိုင်လဲ မမွေးပေးဘူး။ သမီးကိုရှင်းပြပေးပါရှင့်။ ၃။ ကျမ အခုကိုယ်ဝန် ၆ လ ကျော်ပါပြီ။ သားဦး ကိုယ်ဝန်ပါ။ အသက် ၃၃ နှစ် ကျော်ပါပြီ။ မွေးပြီးတဲ့သူတွေ တချို့က ပြောတယ် ခွဲမွေးတာ ပိုကောင်းတယ်၊ ရိုးရိုးမွေးတာ ပိုကောင်းတယ်။ ရိုးရိုးမွေးရင် မွေးလမ်းကြောင်းချဲ့ရတယ်လို့ ပြောပါတယ်။ အဲဒီခါကျရင် မွေးလမ်းကြောင်းကို ပြန်ချုပ်တာ အထဲထိပြန်ချုပ်ပါသလား ။ တချို့က ပြောတာ အဝပဲ ပြန်ချုပ်ပြီး ချုပ်ရိုးပြန်ပြေတတ်တယ်လို ့ ပြောကြလို့ပါဆရာ ။ သားဦးမွေးတဲ့အခါ မွေးလမ်းကြောင်း ချဲ့ရတတ်ပါတယ်။ မိခင်လောင်း အရပ်အမောင်းကောင်း၊ အထဲကကလေး အရွယ်သေး၊ မ...

Angular Cheilitis ပါးစပ်နှုတ်ခမ်းဒေါင့်ကွဲခြင်း

Image
ဆရာမင်္ဂလာပါခင်ဗျ၊ တခုမေးခွင့်ပြုပါခင်ဗျ ကျွန်တော့် နှုတ်ခမ်းထောင့်ကွဲတာ ဒီတခါကြုံဘူးသေးတယ်၊ ချောင်းဆိုး၊ ညအိပ်ချွေးတွေထွက်တယ်ခင်ဗျ။ လူကြီးတွေက အပူအပုပ်များလို့ လို့ပြောတယ်ခင်ဗျ။ မအိပ်ခင် ကြောက်တာနဲ့ ပါရာစီတမော တလုံး သောက်လိုက်တယ်ခင်ဗျ၊ အဲဒါဘာဖြစ်တာလဲဆရာခင်ဗျ၊ Angular Cheilitis ပါးစပ်နှုတ်ခမ်းဒေါင့်ကွဲခြင်း အကြောင်းခံများ - Yeast (Candida) မှိုပိုးတမျိုး - Bacteria (Staph, Strep) ဘက်တီးရီယားတမျိုးကြောင့် ဖြစ်တတ်တယ်။ - Vitamion B2 deficiencies ဗီတာမင့် ဘီ၂ နည်းခြင်း - Eczema နှင်းခူတာ ကုသနည်းများ Zinc Oxide cream လိမ်းနိုင်တယ်။ bland emollient moisturizer နှုတ်ခမ်းစိုဆေးလိမ်းနိုင်တယ်။ မှိုကြောင့်ဖြစ်ရင် Lotrimin cream မှိုဆေးလိမ်းနိုင်တယ်။ 0.5% or 1% hydrocortisone cream ဆေးလိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၅ ရက်။ မပျောက်သေးသူတွေကို ဆရာဝန်လက်မှတ်နဲ့ရောင်းတဲ့ antifungals, antibacterials, and steroids ဆေးပေးမယ်။ အာဟာရကြောင့်ဖြစ်သူ ဗီတာမင် ဘီ-၂ သောက်ပါ။ Angular Cheilitis ပါးစပ်နှုတ်ခမ်းဒေါင့်ကွဲခြင်း မှန်ရင် မကူးစက်နိုင်ပါ။ Herpies labialist နှုတ်ခမ်းရေယုံက ကူးစက်တယ်။ Cold sores အပူကန်နာ h...

Environmental Impact on the Brain ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် ဦးနှောက်ကို သက်ရောက်စေနိုင်

Image
တောမီးလောင်ခြင်းအပါအဝင် သဘာဝပန်ဝန်းကျင်ညစ်ညမ်းမှုတွေကနေ ဦးနှောက်ကို သက်ရောက်စေနိုင်တယ်။ - air pollution (PM2.5) လေထုညစ်ညမ်းမှု - pesticides စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများ - industrial chemicals စက်ရုံထွက် ဓါတုပစ္စည်းများ - urban living မြို့ကြီးတွေမှာ နေထိုင်ကြရခြင်းတွေကနေ လူ့ဦးနှောက်ကို ထိခိုက်နိုင်တယ်။ အဲဒီအခြေအနေသာမက - maternal nutrition ကိုယ်ဝန်ဆောင်မိခင် အာဟာရ မပြည့် စုံ မမှန်ကန်ခြင်းကြောင့် မွေးဖွားလာမဲ့ကလေးဦးနှောက်ကို ထိခိုက်စေနိုင်တယ်။ အသေးစိတ် ဘာသာမပြန်တော့ပါ။ မြန်မာပြည်သားတွေ ဘယ်မှာနေနေ သန့်ရှင်းတဲ့ သဘာဝပန်ဝန်းကျင်မှာ နေထိုင်ကြရပါစေသတည်း။ ဒေါက်တာတင့်ဆွေ

LSTV ခါးရောဂါဆိုတာ

Image
မင်္ဂလာပါ ဆရာရှင်။ အသက် ၃၁၊ အမျိုးသမီးပါ။ ခါးနာတာ နှစ်ချီသွားလို့ ဆရာဝန်ပြကြည့် တာ X-ray ရိုက်တဲ့အဖြေက LSTV လို့ ပြောပါတယ်ဆရာ။ အကျဥ်းရုံးလောက်ပဲရှင် ပြီး ပြပြချင်းရပ်မှာ ဆေးထိုးပေးပါတယ်။ နောက် ရက်ကြတော့ သောက် မနက် ညပေးပါတယ်ဆရာ။ LSTV အကြောင်းလေး ကျေးဇူးပြု၍ မျှဝေပေးစေချင်ပါတယ် ဆရာရှင်။ Google ထဲမှာ ရှာတော့လည်း အင်္ဂလိပ်လိုရေးသားထားတာတွေပဲ အတွေ့များတော့ နားမလည်လို့ပါဆရာရှင်။ တခုတလေ post လေးသာ မြန်မာလို ရေးသားထားတာ ဖတ်ရတာပါရှင်။ LSTV ဆိုတာ Lumbosacral Transitional Vertebra ဖြစ်ပါတယ်။ မွေးရာပါ ပုံမှန်မဟုတ်ခြင်းတမျိုး။ ခါးရိုးဆစ်တွေထဲက L5 vertebra and/or the S1 vertebra အောက်ဆုံး သို့မဟုတ် သူ့အောင်ကအဆစ်မှာ ပုံပြောင်းနေတာ။ အဲလိုဖြစ်နေသူတွေမှာ Bertolotti Syndrome ခေါ်ရောဂါနဲ့ တွဲနေတတ်တယ်။ ဖိအားပေးမိရင် နာမယ်။ အမျိုးအစားခွဲထားတယ်။ ၁။ sacralization (a lumbar vertebra fusing or articulating with the sacrum) နဲ့ ၂။ lumbarization (a sacral segment resembling a lumbar vertebra) ဖြစ်တယ်။ X-rays, CT scans, MRI နဲခွဲခြားပါတယ်။ Treatment options ကုသနည်းများ - Pain relievers အနာသက်သာဆေး၊ - Physic...

G6PD နှင့် ထုံဆေး

Image
G6PD ကို lidocaine cream လိမ်းလို့ရော ရနိုင်လား ဆရာ Numbing cream ပါ ဆရာ Lidocaine skin creams မသင့်ပါ။ သတိနဲ့သုံးရပါမယ်။ ဟုတ်ကဲ့ ဆရာ ပြောပြပေးလို့ ကျေးဇူးပါ။ 1. G6PD မွေးရာပါရောဂါ https://dr-tint-swe.blogspot.com/2022/03/g6pd.html 2. G6PD Low-risk Drugs မွေးရာပါချို့ယွင်းချက်နဲ့ ဆေး https://dr-tint-swe.blogspot.com/2021/07/g6pd-low-risk-drugs.html 3. G6PD and Blood groups နဲ့ သွေးအုပ်စု https://dr-tint-swe.blogspot.com/2025/09/g6pd-and-blood-groups.html 4. Chances of passing G6PD on to kids https://dr-tint-swe.blogspot.com/2025/09/chances-of-passing-g6pd-on-to-kids.html 5. G6PD မွေးရာပါရောဂါ အမေး-အဖြေ https://dr-tint-swe.blogspot.com/2021/05/g6pd.html 6. G6PD နှင့် ထုံဆေး https://dr-tint-swe.blogspot.com/2025/09/g6pd_28.html Dr. တင့်ဆွေ

G6PD and Blood groups နဲ့ သွေးအုပ်စု

Image
G6PD အကြောင်းစာတွေ တင်ထားပါတယ်။ တချို့က (အေ-ဘီ-အို-အေဘီ) သွေးအုပ်စုနဲ့ G6PD ဆက်စပ်နေတာကို ပြောလာကြတယ်။ မမှန်ပါ။ (၁) (က) ၁၉၇၁ ခုနှစ်မှာ လက်ပရိုစီခေါ် အနာကြီးရောဂါသည်တွေမှာ ABO သွေးအုပ်၊ G6PD မွေးရာပါရောဂါနဲ့ မူမမှန်တဲ့ ဟီမိုဂလိုဘင်တွေ ဆက်စပ်မှုကို လေ့လာမှုလုပ်ခဲ့တယ်။ (ခ) မလေးရှားနိုင်ငံက G6PD မွေးစကလေး တရုပ်၊ မလေးနဲ့ အိန္ဒိယ ၁ဝ၄၁ ယောက်ကို လေ့လာခဲ့ပါတယ်။ ရလဒ်ကတော့ (က) အနာကြီးရောဂါသည်တွေထဲမှာ သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ (ခ) တခြားလူတွေကြားမှာလည်း သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ (၂) G6PD မရှိတဲ့ တရုပ်ကလေး ၁၁၈၁ ယောက်နဲ့ မလေးကလေး ၅၃၅ ယောက်အပြင် Rh အပေါင်း-အနုတ်ကို G6PD တရုပ်မွေးစကလေး ၂၄၈ ယောက်နဲ့ G6PD မရှိတဲ့ကလေး ၂၅၅ ယောက်ကို လေ့လာခဲ့တယ်။ ရလဒ်ကတော့ ABO သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ Rh မှာတော့ ထူးခြားချက်ရှိပေမယ့် ဆေးပညာအရသာ အရေးပါတယ်။ ဒေါက်တာတင့်ဆွေ

Low Back Pain ခါးနာခြင်း

Image
⦁ မဂ်လာပါဆရာ။ကျမ အသက် ၃၈ပါ။ ခါးထုံဆေး၃ကြိမ်ထိုးထာပါတယ် ကလေး ၂ယောက် ဗိုက်ခွဲမွေးထားပါတယ် အငယ်က ၉နှစ်ပါ။ အခုအလုပ်ထဲကကလေး ပေါင်ချိန်၃၀ ရှိပါတယ် သူကိုချီရင် ခါးပြန်နာလိုပါဆရာ။ အနရယ်(အန္တရာယ်)ရှိမလားသိပရစေ ⦁ ဆရာရှင့် ကျွန်မအသက် ၃၄ ပါ ကလေးခွဲမွေးထားပါတယ် ကလေးက တနှစ်ဆယ်လရှိပါပြီ ကလေးမွေးပြီးတပါတ်နဲ ့တင် အလုပ်တွေကိုယ်တိုင်လုပ်ရပါတယ် ရေကိုင်တာလဲမရှောင်ခဲ့ရပါဘူး တလလောက်ကြာတော့ အလေးပင်မ ပုံမှန်လိုလုပ်ခဲ့ရပါတယ် ခါးနာတဲ့ဝေဒနာကတော့မခံစားနိုင်အောင်ပါဘဲ ကြာလာတော့ ထုံဆေးထိုးတားတဲ့နားတဝိုက်အရိုးတွေနာတာမခံစားနိုင်ဘူး မနက်ထရင်မထနိုင်အောင်နာပါတယ်ရှင် ဘာလုပ်သင့်ပါသလဲရှင် ကျောရိုးပါနာလာတာပါရှင် ကလေးဖွားပြီးရေနဲ့ ဆပ်ပြာကိုင်တာ ပိုတောင်ကောင်းပါသေးတယ်။ ခါးထုံဆေးထိုးရာနေနာတာက သိပ်မကြာခင်ပျောက်နိုင်တယ်။ လိုတဲ့အခါ Ibuprofen ဆေးသောက်နိုင်တယ်။ တနေ့ ၁-၂-၃ ကြိမ်။ ခါးနာတာ လူတိုင်းလိုလို တချိန်မှာ ဖြစ်ဘူးကြတယ်။ သူ့ဖါသူ ပျောက်သွားတာ များတယ်။ မပျောက်ဘူးဆိုရင် ထိရောက်တဲ့ ကုသနည်းတွေ ရှိတယ်။ Dull ache ထုံပြင်းပြင်းနာတာနဲ့ Stabbing or shooting sensation ထိုးတာခံရသလိုနာတယ်။ ခါးမတ်အောင် နေလို့ မရဖြစ်တယ်။ အားကစားလုပ်ရင်း၊ အလုပ...

G6PD မွေးရာပါရောဂါ

Image
ဆရာရှင့် သားလေး ၂၀၁၇ကမွေးတဲ့ G6PD ကလေးပါ သားလေးကနှုတ်ခမ်းဖြူမျက်ကွင်းညိုပါတယ် အရမ်းစိတ်ပူပါတယ် သူ့ကို FOLIC ACID တစ်နေ့ ( တနေ့ ) ဘယ်လောက် Mg တိုက်သင့် ပါသလည်းရှင ် အဲ့ဒါအပြင် ဘာအားဆေးတွေထပ်တိုက်သင့်ပါသလည်းရှင် ဖြေကြားပေးစေလိုပါတယ် မွေးမွေးချင်းတုန်းက ကလေးကကျန်းမာရေးကောင်းတယ် အသက်၂နှစ်မှာဖျားလို့ဆေးခန်းကသွေးစစ်တော့ G6PD လိုပြောတယ် ဗျ G6PD အကြောင်း သိချင်တာနဲ့ ဆရာတင်ထားတာတွေ့ရလို့ကျေးဇူးတင်ပါတယ်ဆရာ။ ကျမနားမလည်တာရှိလို့ မေးပါရစေ။ G6PD ကမွေးရာပါလို့ပြောတဲ့အတွွက် ကုရင်ပျောက်နိုင်ပါသလား။ ဘယ်အစားအစာတွေရှောင်ပေးရမလဲ။ G6PD ရှိတဲ့လူနာကို Quinine ငှက်ဖျားဆေး ထိုးလိုက်တဲ့အခါမှာ ဆီးသွားရင်သွေးတွေနှင့် အသားစတွေပါလာတာ ကျောက်ကပ်ကိုထိခိုက်နိုင်ပါသလား ။ အဘယ်ကြောင ့် ဆီးတွင်သွေးနှင ့် အသားစပါလာသလဲ ့။ မည်သို့နေထိုင ် စားသောက်ရမည်နည်း ။ ကျေးဇူးပါဆရာ ကျမသားက G6PD မွေးပြီးသွေးလဲထားရပါတယ်။ ဘယ်ချိန်ပျောက်ကင်းနိုင်ပါသလဲ။ အခု သူအသက် ၆ နှစ်ကျော်ပါ။ ဘယ်အချိန်သွေးပြန်စစ်ရပါမလဲ ကျေးဇူးပြုပြီးပြောပေးပါလားဆရာ။ G6PD ရှိတဲ့ကလေးတယောက်ဟာ ဘယ်လိုနေထိုင် စားသောက်ရမယ် ဆိုတာ ရှင်းပြပါဆရာ။ ဆေးတွေက ဆရာ ပို့ထားတဲ့စာနဲ...

4 Supplements To Avoid With Blood Pressure Medications

Image
သွေးတိုးကျဆေးများနှင့် တွဲမသောက်သင့်သော ဖြည့်စွက်စာဆေးများ 1. Ginseng (Panax ginseng; Panax quinquefolius L.) ဂျင်ဆင်း 2. Licorice Root (Glycyrrhiza glabra) နွယ်ချို 3. St. John's Wort (Hypericum perforatum) ဘယဆေး 4. Green Tea (Camellia sinensis) ဂရင်းတီး Supplements That Lower Blood Pressure သွေးတိုးကျစေသော ဖြည ့် စွက်စာဆေးများ Vitamin D ဗီတာမင်ဒီ Coenzyme Q10 ဆေး Vitamin E ဗီတာမင်အီး Garlic ကြက်သွန်ဖြူ Cinnamon သစ်ကြံပိုး Melatonin မယ်လာတိုနင်ဆေး ဒေါက်တာတင့်ဆွေ