Vitamin C ဗီတာမင်စီ နှင့် အစာအိမ်အနာ

(Vitamin C 1000 mg ဖြည့်စွက်စာ ကြော်ငြာဆေးတွေ မသင့်ပါ။)

ဆရာရှင့် မေးစရာလေးရှိလို့ပါ အစာအိမ်ရောဂါရှိတဲ့သူက vitamin C 100mg ကိုနေ့တိုင်း အစာနဲ့တူတူတွဲသောက်လို့ရလားရှင့်

ကိုယ့်သဘောနဲ့ကိုယ်သောက်မှာပါ ဆရာ၀န်ညွှန်ကြားချက်တော့မပါပါဘူးရှင့်

အစာအိမ်ရောဂါ အမျိုးမျိုးရှိတယ်။ ဆေးစစ်ချက်အရ ရောဂါအမည် မသိရ။

ဆရာခင်ဗျာ ကျွန်တော်အသက် ၃၈ နှစ်ပါဗျ ( - ) မှာ အလုပ် လုပ်နေပါတယ်ဗျ ဆောင်းရာသီရောက်ရင် ဗီတာမင်စီ ၁၀၀၀ အားကို တနေ့ တလုံး သောက်ပါတယ်။ ဘေးဥပါဒ် ဖြစ်စေသလားဗျ။ ဆက်ပြီးသောက်သင့်လားဗျ။ ဆရာ အကြံပေးပါအုံးဗျ။ ဆရာ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။

ရေရှည်အတွက် ဗီတာမင်စီ 1000 mg ထက်နည်းတာကိုသာ သောက်သင့်။

မင်္ဂလာပါ ဆရာ BPI (ယခင် အ​ခေါ်အ​ဝေါ်) က ထုတ်တဲ့ Cevit tablet ​ဆေးက ​ဆေးဗူး ပါကင်ဖွင့်သုံးပြီး ​နောက်ပိုင်း ရက်စွဲ မလွန်မီ အဖြူ​ရောင်က​နေ အဝါ​​ဖျော့​ဖျော့ အ​ရောင်ကို ​ပြောင်းသွားတာ ထုံးစံလို ဖြစ်​နေပါတယ်။ အဲဒီအတွက် အကျိုးအပြစ်ကိုလည်း ကြုံတဲ့အခါ ရှင်းပြ​ပေးပါခင်ဗျာ

Ascorbic acid လို့လည်း ခေါ်တယ်။ ဗီတာမင် စီ ဆေးပြားပုလင်းကို ဖွင့်ထားမိရင် လေထဲက အောက်စီဂျင်နဲ့ ဓါတ်ပြုမယ်။ Oxidation ဖြစ်တယ်လို့ ခေါ်တယ်။ ဆေးပုလင်းကို ဖွင့်မထားပါနဲ့။

Oxidised vitamin C အောက်စီဒိုက်စ်ဖြစ်သွားတဲ့ ဗီတာမင်စီဟာ အရင်ကလောက် စွမ်းအား မရှိတော့ပါ။ သူ့ရဲ့ Antioxidant အစွမ်းကို ပြောတာဖြစ်တယ်။

Oxidation ကြောင့်ဖြစ်စေ၊ humidity and/or light ရေငွေ့နဲ့ အလင်းရောင်ကြောင့်ဖြစ်စေ Degraded စွမ်းအားလျော့တဲ့ ဗီတာမင်စီဖြစ်သွားစေမယ်။ အရည်အသွေးကျဆင်းပေမဲ့ သောက်လို့ရပါတယ်။

Oxidized vitamin C ကို dehydroascorbic acid (DHAA) လို့ခေါ်တယ်။ ဓါတုဗေဒအခေါ် Oxidation နဲ့ reduction ဖြစ်စဉ်တွေက တပြိုင်နက်တည်းဖြစ်တယ်။ အရောင်ပြောင်းမယ်။

ယျေဘုယျပြောရင် Vitamins don't expire ဗီတာမင်တွေမှာ သက်တမ်းကုန်ရက် မရှိပါ။ ဆေးပုလင်း အထားအသိုကြောင့်သာ အစွမ်းနည်းစေတယ်။

လူကြီးအရွယ် တနေ့မှာ vitamin C 2,000 milligrams ထက် မများရပါ။ တနေ့မှာ 500 milligrams အထိ စိတ်ချရပါတယ်။ ဗီတာမင်စီများလွန်းရင် သွေးရည်ကြည်အရောင် အဝါရောင်ဖြစ်စေမယ်။ အောက်စီဒိုက်စ်ဖြစ်ရင် ညိုမယ်။

Vitamin C ကို empty stomach အစာမရှိစဉ်သောက်တာ ပိုသင့်တယ်။ တိတိကျကျပြောရရင် မနက်ခင်း အစာမစားမီ ၃၀ ကနေ ၄၅ မိနစ်အလိုမှာ သောက်သင့်တယ်။

ဗီတာမင်စီဓါတ်ပေါင်း အမျိုးအစား မတူကြပါ။ ဆေးပြား အရောင်ပြောင်းတာတွေကို Tristimulus Colorimeter နဲ့စမ်းသပ်မှုလုပ်တော့ Lactose နဲ့ Emdex ဓါတ်တွေကနေ အရောင်ပြောင်းစေတာ တွေ့ရတယ်။ Sorbitol မှာ နည်းနည်းသာ ဖြစ်တယ်။ Calcium Ascorbate အမျိုးအစားက C-90 သို့မဟုတ် Sodium Ascorbate တွေထက် အရောင်ပြောင်းတာ မြန်တယ်။

Vitamin C ဗီတာမင် စီ https://dr-tint-swe.blogspot.com/2021/05/vitamin-c.html

အစာအိမ်နဲ့ပတ်သက်ပြီး ဆေးစစ်ဖူးတာမရှိလို့ ရောဂါအမည်အတိအကျတော့မသိပါဘူးရှင့်

ကော်ဖီတို့ နွားနို့တို့ကို တခြားဘာအစာမှဗိုက်ထဲမရှိပဲ တန်းသောက်မိရင် လေနာတာ မတည့်‌တဲ့ဆေးသောက်မိရင်၊အစာမစားပဲနေမိရင် ဗိုက်ထဲမှာ မီးပူသလိုပူတာမျိုးဖြစ်လို့ အစာအိမ်ရောဂါရှိတယ်လို့ပဲ သတ်မှတ်ထားမိလို့ပါ

  • အဲ့လိုဖြစ်တတ်သူဆိုရင် vitamin C 100mgကို အစာနဲ့တွဲသောက်သင့်ပါသလားရှင့်

ဗီတာမင်စီ နည်းသူတွေမှာ အစာအိမ်အနာဖြစ်စေနိုင်တယ်လို့ သုတေသနတခုက ဆိုပါတယ်။ ဗီတာမင်စီက အနာမှန်သမျှကို ကျက်စေအောင် အကူအညီပေးတယ်။

သတိထားဘို့တခုက အစားအသောက်တွေထဲမှာပါတဲ့ ဗီတာမင်စီကြောင့် ဘာမှ စိုးရမ်စရာ မရှိ။ ဗီတာမင်စီ အားဆေး မီလီဂရမ်းများလွန်းရင် မကောင်းပါ။ ၁၀၀ ကနေ ၅၀၀ မီလီဂရမ်အထိ သောက်ကြပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ