Angular Cheilitis ပါးစပ်နှုတ်ခမ်းဒေါင့်ကွဲခြင်း


ဆရာမင်္ဂလာပါခင်ဗျ၊ တခုမေးခွင့်ပြုပါခင်ဗျ ကျွန်တော့် နှုတ်ခမ်းထောင့်ကွဲတာ ဒီတခါကြုံဘူးသေးတယ်၊ ချောင်းဆိုး၊ ညအိပ်ချွေးတွေထွက်တယ်ခင်ဗျ။ လူကြီးတွေက အပူအပုပ်များလို့ လို့ပြောတယ်ခင်ဗျ။ မအိပ်ခင် ကြောက်တာနဲ့ ပါရာစီတမော တလုံး သောက်လိုက်တယ်ခင်ဗျ၊ အဲဒါဘာဖြစ်တာလဲဆရာခင်ဗျ၊

Angular Cheilitis ပါးစပ်နှုတ်ခမ်းဒေါင့်ကွဲခြင်း

အကြောင်းခံများ

- Yeast (Candida) မှိုပိုးတမျိုး

- Bacteria (Staph, Strep) ဘက်တီးရီယားတမျိုးကြောင့် ဖြစ်တတ်တယ်။

- Vitamion B2 deficiencies ဗီတာမင့် ဘီ၂ နည်းခြင်း

- Eczema နှင်းခူတာ

ကုသနည်းများ

Zinc Oxide cream လိမ်းနိုင်တယ်။

bland emollient moisturizer နှုတ်ခမ်းစိုဆေးလိမ်းနိုင်တယ်။

မှိုကြောင့်ဖြစ်ရင် Lotrimin cream မှိုဆေးလိမ်းနိုင်တယ်။

0.5% or 1% hydrocortisone cream ဆေးလိမ်းနိုင်တယ်။ တနေ့ ၂ ကြိမ်၊ ၅ ရက်။

မပျောက်သေးသူတွေကို ဆရာဝန်လက်မှတ်နဲ့ရောင်းတဲ့ antifungals, antibacterials, and steroids ဆေးပေးမယ်။

အာဟာရကြောင့်ဖြစ်သူ ဗီတာမင် ဘီ-၂ သောက်ပါ။

Angular Cheilitis ပါးစပ်နှုတ်ခမ်းဒေါင့်ကွဲခြင်း မှန်ရင် မကူးစက်နိုင်ပါ။

Herpies labialist နှုတ်ခမ်းရေယုံက ကူးစက်တယ်။

Cold sores အပူကန်နာ https://dr-tint-swe.blogspot.com/2021/05/cold-sores_21.html

Herpes labialis နှုတ်ခမ်းရေယုံ https://dr-tint-swe.blogspot.com/2020/12/herpes-labialis.html

Stomatitis လျှာနာ ပါးစပ်နာအမျိုးမျိုး https://dr-tint-swe.blogspot.com/2021/01/stomatitis.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ