Cancer and Foods အစားအစာနဲ့ ကင်ဆာ

ကင်ဆာဆို ပဲ မတော်ဘူး ပြောလို့ ဟုတ်လားရှင့် ဆရာ

ဒေါက်တာတင့်ဆွေခင်ဗျား… လေးစားသမှုဖြင့် ဒေါက်တာအား ကျွန်ုပ် သိလိုသော မေးခွန်းကို မေးပါရစေ။ ကျွန်ုပ်၏မိခင် အသက် ၄၇နှစ်သည် ရင်သားကင်ဆာ [Invasive lobular carcinoma, right breast, Stage 2B, ER+ 85% PR- Her2 -] ဝေဒနာရှင်ဖြစ်၍ ပထမအကြိမ် Chemoဆေးသွင်းထားရပါတယ် ဒေါက်တာ။ ဆေးသွင်းချိန်၌ လူနာသည် ခွန်အားချည့်နဲ့ နွမ်းလျသွားပြီး အစာအာဟာရလည်း ဖူလုံအောင် မစားနိုင်တော့တဲ့အခါမျိုးမှာ Drip ချိပ်ပေးခြင်း၊ Moriamin သွင်းပေးခြင်း စသည်တို့ ဆောင်ရွက်ပေးဖို့ သင့်လျော်ပါသလား ဒေါက်တာ။ ညာဘက်ရင်သား ဖြတ်ထုတ်ထားသူမို့ ချုပ်ရိုးတဝိုက် အလွန်အမင်း နာကျင်ကိုက်ခဲနေတဲ့အခါမျိုးမှာ Diclofenacထိုးပေးတာမျိုး၊ လည်ပင်းအကြောတွေအထိ တောင့်တင်း‌ တာ၊ရောင်နေတာတွေနဲ့ ပျို့အန်လာတဲ့အခါမျိုးမှာ Dexamethasoneထိုးပေးတာမျိုး စသည် ဆေးဝါးတွေ သုံးပေးတာကလည်း သင့်လျော်ပါသလား ဒေါက်တာ။ Chemo ဆေးသွင်းနေချိန် အခြားဆေးတွေသုံးတာက Chemoဆေးရဲ့ အာနိသင်ကို ယုတ်လျော့ပျက်ပြယ်သွားတာမျိုး ရှိ၊မရှိကို သိလိုပါတယ် ဒေါက်တာ။ သင့်လျော်တဲ့ အခြားဆေးဝါးများရှိရင်လည်း လမ်းညွှန်ပေးပါ ဒေါက်တာ။ လက်ရှိကုသပေးနေသော ဒေါက်တာတို့သည် လူနာရှင်ကျွန်ုပ်တို့နှင့် အရေးတယူ နွေးထွေးပျူငှာစွာ ဆွေးနွေးလိုခြင်း မရှိသည့်(ဟန်)ကြောင့် Onlineမှတဆင့် ဒေါက်တာ့ကို အားကိုးတကြီး မေးမြန်းရခြင်း ဖြစ်ပါတယ် ဒေါက်တာ။ ဒေါက်တာ၏ အကြံဉာဏ်၊ တတ်သိနားလည်မှုနှင့် စေတနာဖြင့် လမ်းညွှန်ပြသပေးမှုများကို ရိုသေလေးစားစွာဖြင့် တောင်းခံပါတယ် ဒေါက်တာ။ ကျန်းမာပါစေခင်ဗျာ။

Chemotherapy and general weakness ကင်ဆာဆေးကြောင့် အားနည်းခြင်း

Cancer-related fatigue အတွက် နားနေရမယ်။ နားတာနဲ့တော့ မရတတ်ပါ။

တနေ့တာလုပ်စရာအလုပ်တွေကို အချိန်ပိုင်းခြားလုပ်ဆောင်ပါ။ တပိုင်းလုပ်ပြီး တကြိမ် ၁၅-၂၀ မိနစ် နားနေပါ။

Stay active တက်ကြွစွာနေထိုင်ပါ။ လမ်းလျှောက်၊ ကိုယ်လက်လှုပ်ရှားမှု ပြုပါ။ သက်သောင်သက်သာ ဖြေးဖြေးသာလုပ်ဆောင်ပါ။ ကိုယ့်ခန္ဓာကိုယ်စကားနားထောင်ပါ။ နားသင့်ရင် နားလိုက်ပါ။

Prioritize sleep အိပ်ရေးဝအောင်အိပ်ပါ။ တေးဂီတနားထောင်တာ၊ စိတ်အားတက်စေတဲ့စာဖတ်တာ၊ ပြောဆိုသူက ပြောတာကို နားထောင်တာ လုပ်ပါ။

Treat underlying conditions အခြေခံကျန်းမာရေး လိုအပ်တာ ကုသပါ။ ဥပမာ သွေးအာနည်းခြင်း၊ နာခြင်း၊ စိတ်ဓါတ်ကျခြင်း။

Manage nausea ပျို့တာအတွက် ဆရာဝန်ကိုပြောပါ။

Improve nutrition အစာအာဟာရ ပြည့်ဝ မှန်ကန်ပါစေ။ ကင်ဆာနဲ့ အစားအစာ စာတွေ တင်ထားတယ်။ ဖေ့စ်ဘွတ်မှာ မြန်မာလိုရေးတာတွေက မှန်တာရှားတယ်။ လမ်းလွဲပို့နေကြတာများတယ်။

အစာကို နည်းနည်းနဲ့ မကြာခဏ စားသောက်ပါ။ ဥပမာ တနေ့ ၄-၆ ကြိမ်စားပါ။

Boost protein and calories ပရိုတင်း လိုအပ်တယ်။ ကယ်လိုရီ လိုအပ်တယ်။

Stay hydrated ရေသောက် မနည်းပါစေနဲ့။ တနေ့ ဖန်ခွက်နဲ့ ၈-၁၀ ခွက်သောက်ပါ။

Address taste changes လျှာအရသာပြောင်းတာနဲ့အညီ အရသာပြုပြင်စားသောက်ပါ။ ဥပမာ သံပုရာ၊ ရှောက်၊ လိမ်မော်၊ စထောဘယ်ရီ။ ဟင်းခပ်အမွှေးအကြိုင် စသည်။

Cancer and Foods အစားအစာနဲ့ ကင်ဆာ ရန်သူမဟုတ်ပါ

1. Cancer and Foods အစားအစာနဲ့ ကင်ဆာ ရန်သူမဟုတ်ပါ https://dr-tint-swe.blogspot.com/2022/10/cancer-and-foods.html

2. Cancer and Sugar Myth ကင်ဆာ နှင့် သကြား အထင်မှား https://dr-tint-swe.blogspot.com/2022/12/cancer-and-sugar-myth.html

3. Cancer Foods ကင်ဆာအတွက် အစားအစာ https://dr-tint-swe.blogspot.com/2022/04/cancer-foods.html

4. Cancer Foods ခဏခဏတင်ရသော်လည်း လူကြိုက်မများ လူဖတ်နည်း လိုနာသူရှားသောစာ https://dr-tint-swe.blogspot.com/2022/07/cancer-foods.html

5. Cancer-Fighting Foods ကင်ဆာ အတွက် အကောင်းဆုံး အစားအစာ https://dr-tint-swe.blogspot.com/2021/04/cancer-fighting-foods.html

6. Chemotherapy and Cancer Foods ခီမိုသာရာပီ နှင့် အစားအစာ https://dr-tint-swe.blogspot.com/2022/07/chemotherapy-and-cancer-foods.html

7. Foods For Cancer ကင်ဆာနဲ့ အစားအစာ အခြေခံအကျဆုံးအချက်များ https://dr-tint-swe.blogspot.com/2022/08/foods-for-cancer.html

8. Foods အစားအသောက် အယူအဆလွဲနေသူတွေက အလွန်များတယ် https://dr-tint-swe.blogspot.com/2023/07/foods.html

9. ဖြည့်စွက်စာ အားမပေးပါ https://dr-tint-swe.blogspot.com/2022/01/blog-post_225.html

ကင်ဆာလူနာတွေ ကုသပေးနေတဲ့ဆရာဝန်က တားတာကလွဲရင် ကိုယ်တသက်လုံးစားလာသမျှ ဆက်လက်စားသောက်နိုင်။ တခါမှ မစားဘူးသေးတာ မစားနဲ့။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ