G6PD and Blood groups နဲ့ သွေးအုပ်စု
G6PD အကြောင်းစာတွေ တင်ထားပါတယ်။ တချို့က (အေ-ဘီ-အို-အေဘီ) သွေးအုပ်စုနဲ့ G6PD ဆက်စပ်နေတာကို ပြောလာကြတယ်။ မမှန်ပါ။
(၁) (က) ၁၉၇၁ ခုနှစ်မှာ လက်ပရိုစီခေါ် အနာကြီးရောဂါသည်တွေမှာ ABO သွေးအုပ်၊ G6PD မွေးရာပါရောဂါနဲ့ မူမမှန်တဲ့ ဟီမိုဂလိုဘင်တွေ ဆက်စပ်မှုကို လေ့လာမှုလုပ်ခဲ့တယ်။ (ခ) မလေးရှားနိုင်ငံက G6PD မွေးစကလေး တရုပ်၊ မလေးနဲ့ အိန္ဒိယ ၁ဝ၄၁ ယောက်ကို လေ့လာခဲ့ပါတယ်။
ရလဒ်ကတော့ (က) အနာကြီးရောဂါသည်တွေထဲမှာ သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ (ခ) တခြားလူတွေကြားမှာလည်း သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။
(၂) G6PD မရှိတဲ့ တရုပ်ကလေး ၁၁၈၁ ယောက်နဲ့ မလေးကလေး ၅၃၅ ယောက်အပြင် Rh အပေါင်း-အနုတ်ကို G6PD တရုပ်မွေးစကလေး ၂၄၈ ယောက်နဲ့ G6PD မရှိတဲ့ကလေး ၂၅၅ ယောက်ကို လေ့လာခဲ့တယ်။
ရလဒ်ကတော့ ABO သွေးအုပ်စုနဲ့ G6PD ဆက်စပ်မှုမရှိပါ။ Rh မှာတော့ ထူးခြားချက်ရှိပေမယ့် ဆေးပညာအရသာ အရေးပါတယ်။
ဒေါက်တာတင့်ဆွေ
.png)
Comments
Post a Comment