Hypertension Prevalence သွေးတိုး ဘယ်လိုလူတွေမှာ ဖြစ်သလဲ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ အဆိုအရ တကမ္ဘာလုံးရှိ အသက် ၃၀ မှ ၇၉ နှစ်ကြား လူကြီးခန့်မှန်းခြေ ၁.၄ ဘီလီယံ သို့မဟုတ် ထိုအသက်အုပ်စုရှိ ကမ္ဘာ့လူဦးရေ၏ ၃၃ ရာခိုင်နှုန်းခန့်မှာ သွေးတိုးရောဂါ ခံစားနေကြရသည်။
အဓိက စာရင်းအချက်အလက်များ
စုစုပေါင်း ဝန်ထုပ်ဝန်ပိုး: အိုမင်းရင့်ရော်လာသော လူဦးရေနှင့် လူနေမှုဘဝ ရေချိန်ဆိုင်ရာ ဖြစ်နိုင်ခြေအချက်များကြောင့် ကမ္ဘာတဝန်းတွင် သွေးတိုးရောဂါ ရှိနေသူ အရွယ်ရောက်ပြီးသူ ခန့်မှန်းခြေ ၁.၄ ဘီလီယံမှ ၁.၇ ဘီလီယံအထိ ရှိနေသည်။
ဒေသအလိုက် ကွာခြားချက်များ:
သွေးတိုးရောဂါရှိသူအားလုံး၏ သုံးပုံနှစ်ပုံသည် ဝင်ငွေနည်းနှင့် အလယ်အလတ်ရှိသော နိုင်ငံများ (LMICs) တွင် နေထိုင်ကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့မြေထဲပင်လယ်ဒေသတွင် ရောဂါဖြစ်ပွားမှုနှုန်း ၃၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပြီး အနောက်ပစိဖိတ်ဒေသတွင် ၂၉ ရာခိုင်နှုန်းဖြင့် အနိမ့်ဆုံး ဖြစ်သည်။
ရောဂါအသိအမှတ်ပြုမှုနှင့် ထိန်းချုပ်နိုင်မှု:
လူဦးရေ၏ ၄၄ ရာခိုင်နှုန်းခန့် (သန်း ၆၀၀) မှာ မိမိတို့တွင် အဆိုပါရောဂါရှိနေကြောင်း မသိရှိကြဘဲ ၂၃ ရာခိုင်နှုန်းသာလျှင် သွေးတိုးကို ထိန်းချုပ်နိုင်ကြသည်။
အမေရိကန်နိုင်ငံရှိ လူကြီးလူလတ်ပိုင်းဦးရေ၏ ထက်ဝက်နီးပါး (ခန့်မှန်းခြေ ၄၈ ရာခိုင်နှုန်း သို့မဟုတ် လူဦးရေ ၁၂၀ သန်း) မှာ သွေးတိုးရောဂါ ရှိနေကြသည်။
American Heart Association အမေရိကန်နှလုံးအသင်း
လူကြီးအားလုံးရဲ့ 10% သွေးတိုး မရှိ။
လူကြီးအားလုံးရဲ့ 20% သွေးတိုးဖြစ်စပြုနေပြီ။ (120-139/80-89 mmHg)။
လူကြီးအားလုံးရဲ့ 30% သွေးတိုးရောဂါအဆင့် ၁ (140-159/90-99 mmHg) ရှိသည်။
လူကြီးအားလုံးရဲ့ 40% သွေးတိုးရောဂါအဆင့် ၂ (160/100 mmHg or higher) ရှိသည်။
နောက်လေ့လာမှုတခု
National Health and Nutrition Examination Survey 2017–2018
လူကြီးတွေ 45.4% မှာ သွေးတိုးရှိကြတယ်။
အမျိုးသား (51.0%)
အမျိုးသမီး (39.7%)
အသက်အလိုက်
22.4% (18–39)
54.5% (40–59)
74.5% (60 and over)
Overall hypertension prevalence စုစုပေါင်းဖြစ်နှုန်း
47.0% in 1999–2000 ကနေ
41.7% in 2013–2014 ကျဆင်းလာ။
45.4% in 2017–2018 တိုးလာပြန်။
မှတ်ချက်
- လူကြီးဆိုတာ အသက် ၂၀ ပြည့်ပြီးသူများ။
- သွေးတိုးဆိုတာ မပျောက်တော့ပါ။
- ဆေး + အစားအသောက် + လူနေမှုပုံစံပြုပြင်ခြင်းနဲ့ နေထိုင်ကြရပါတယ်။
- အရပ်ပြောတွေ မမှန်ပါ။
- အစားအသောက်ဆိုတာ ဆား (ဆိုဒီယမ်) ဖြစ်ပါတယ်။ ဟိုအသီး ဒီအရွက်တွေ မဟုတ်ပါ။
သွေးတိုးစာတွေ Blog မှာ အများကြီး တင်ပြထားပါတယ်။
မြန်မာပြည်သူပြည်သားတွေ ဘယ်မှာနေနေ သွေးတိုးရှိလျက် အသက်ထက်ဆုံးနေနိုင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၁-၉-၂၀၂၆

Comments
Post a Comment