Walking for Exercise ကျန်းမာရေးအတွက် ကောင်းမွန်သောလမ်းလျှောက်နည်း
မေးခွန်းတခု = ၃၀မိနစ်သွားပြန် တမိုင်ခန့် တပတ် ၅ရက် လုံလောက်လားဆရာ
ပြန်စာ
တမိုင်မှာ ပုံမှန်ခြေလှမ်း ၂၀၀၀ ကနေ ၂၅၀၀ ရှိတယ်။
မိုင်ဝက်ဆိုရင် ၁၀၀၀ ကနေ ၁၂၅၀ ရှိမယ်။
ခြေတလှမ်းကို ၂ ပေခွဲနဲ့တွက်ပါတယ်။ လူ့အရပ်အရ ခြေလှမ်းကျယ်နိုင်တယ်။
နောက်ဆုံးသုတေသနက ခြေလှမ်း ၃၀၀၀ လျှောက်ပါတဲ့။ အရင်သုတေသနက ၄၀၀၀ အထိသတ်မှတ်ထားခဲ့တယ်။
နောက်သုတေသနတခုအရ ခြေလှမ်း သိပ်မမြန် သိပ်မနှေး တနေ့မှာ နာရီဝက်လျှောက်ပါ။ တပတ်မှာ ၅ ရက် (၁၅၀ မိနစ်)။ ကျန်းမာရေးဆိုးမှာကို တားနိုင်ပြီး ကျန်းမာနေပါမယ်။
ကျန်းမာရေးသိပ်မကောင်းသူတွေက မိနစ် ၃၀ ကို ၂ ခါ သို့မဟုတ် ၃ ခါခွဲလျှောက်နိုင်တယ်။
စာဖတ်ပြီး လမ်းလျှောက်ကြသူတွေ ဘယ်မှာနေနေ ကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment