Knee pain ဒူးဆစ်နာခြင်း
ဆရာခင်ဗျာ အိမ်က ကျွန်တော့်အမျိုးသမီး အသက်ကငါးဆယ်ကျော်ပြီ သူ့မှာ ဘယ်ဖက်ဒူးဆစ်နေရာက ထိုင်ပြီးရင်ပြန်ထတဲ့အခါမျိုးတွေမှာ အခန့်မသင့်ရင် ပြန်ဆန့်ထုတ်မရ နာကျင်စွာခံစားရပါတယ် ဖြစ်နေတာ တလောက်ရှီပြီ အဲဒါဘာဆေးကိုသောက်ရမှာပါလဲဆရာ အကြံပြုပေးပါ ကျေးဇူးတင်ပါတယ် ကျွန်တော်အထင် အဆီများခမ်းနေလို့လားလို့ထင်မိတယ် အဲဒီအဆစ်နေရတွေမှာ
ဒူးဆစ်နာရခြင်းအကြောင်းခံတွေ အမျိုးမျိုးရှိတယ်။
(က) Injuries ထိခိုက်မှုကနေဆက်ဖြစ်ခြင်း
1. Torn meniscus cartilage အရိုးနု
2. ACL (anterior cruciateligament) tear အရွတ်
3. Knee bursitis ကွတ်ရှင်အိတ်
Types of ar(ခ) hritis အဆစ်နာအမျိုးမျိုး
အဆစ်နာအမျိုးအစား ၁၀၀ ကျော်ရှိတယ်။ အဖြစ်များတာတွေကတော့ -
1. Osteoarthritis အသက်နဲ့ အလုပ်အကိုင်ကြောင့် ဖြစ်လာတာမျိုး။
2. Rheumatoid arthrtis လေးဘက်နာ
3. Gout ဂေါက်
4. Pseudogout ဂေါက်နဲ့ဆင်တဲ့အဆစ်နာခြင်း
5. Septic arthritis ပိုးဝင်ခြင်း
စမ်းသပ် စစ်ဆေးမှသာ ဘာ့ကြောင့်ဖြစ်သလဲ သိနိုင်တယ်။
အဆစ်နာမှန်သမျှ ယေဘုယျ အနာသက်သာဆေးတခုခု သောက်ရ၊ လိမ်းရတယ်။
ဥပမာ
Paracetamol/Tylenol/Ibuprofen စားဆေး
Voltarem Cream လိမ်းဆေး
Penetrex Cream လိမ်းဆေး
Hemp Cream လိမ်းဆေး
ဒေါက်တာတင့်ဆွေ
Comments
Post a Comment