သတင်းဟောင်း သတင်းဆွေး

အခုဘဲတွေ့တယ်။

သတင်းက ၂၀၁၉ ကတည်းက ထွက်ထားတာ။

စင်ကာပူနိုင်ငံမှ Losartas 50 (၅၀ မီလီဂရမ်) ဆေးဝါး သိမ်းဆည်းပိတ်ပင်သည့် သတင်းသည် ၂၀၁၉ ခုနှစ်၊ မတ်လ ၂၈ ရက် တွင် ထွက်ရှိခဲ့ခြင်း ဖြစ်ပါသည်။

အဓိက အချက်အလက်များ -

ထုတ်ပြန်သည့် အဖွဲ့အစည်း - စင်ကာပူ ကျန်းမာရေး သိပ္ပံ အာဏာပိုင်အဖွဲ့ (HSA) နှင့် ကျန်းမာရေး ဝန်ကြီးဌာန (MOH)။

သိမ်းဆည်းပိတ်ပင်ရသည့် အကြောင်းအရင်း - Hetero Labs Ltd မှ ထုတ်လုပ်သော Losartan ဆေးဝါး အချို့တွင် အန္တရာယ်ရှိ မသန့်စင်ပစ္စည်းတစ်မျိုး (N-nitroso-N-methyl-4-aminobutyric acid သို့မဟုတ် NMBA) ပါဝင်မှုသည် နိုင်ငံတကာ လက်ခံနိုင်သော အဆင့်ထက် ကျော်လွန်နေသည်ကို တွေ့ရှိခဲ့ရသောကြောင့် ဖြစ်ပါသည်။

သက်ရောက်မှုရှိသော ဆေးအမျိုးအစားများ - Losartas၊ Losagen နှင့် Hyperten (၅၀ မီလီဂရမ် နှင့် ၁၀၀ မီလီဂရမ် ပမာဏများ)။

တွေ့ကတည်းက အတိအကျ တင်ပြခဲ့တယ်။

ကြားထဲမှာလည်း သတင်းဟောင်း သတင်းဆွေးပြန်ပြန်ပေါ်လို့ အနည်းဆုံး ၃ ခါလောက် တင်ပြထားပြီးသား။

High blood pressure drug over cancer risk High blood pressure drug over cancer risk သွေးကျဆေးတမျိုးနှင့် ကင်ဆာ သတင်းအဟောင်း https://dr-tint-swe.blogspot.com/2025/11/high-blood-pressure-drug-over-cancer.html

High blood pressure drug over cancer risk High blood pressure drug over cancer risk သွေးကျဆေးတမျိုးနှင့် ကင်ဆာ သတင်းအလွဲအဟောင်း https://dr-tint-swe.blogspot.com/2025/03/high-blood-pressure-drug-over-cancer.html

Losartan potassium tablets သွေးကျဆေးသတင်း https://dr-tint-swe.blogspot.com/2021/05/losartan-potassium-tablets.html

သွေးကျဆေးများ နှင့် ကင်ဆာ စင်္ကာပူကလာတဲ့ သတင်းဟောင်း https://dr-tint-swe.blogspot.com/2025/12/blog-post_13.html

- မမှန်တာ

- မသေချာတာ

- မဟုတ်တာ

- ဖြဲခြောက်တာတွေကို တင်ကြတယ်။ ယုံကြတယ်။

အားလုံးက မြန်မာလိုစာရေးကြပြီး

မြန်မာပြည်နဲ့ တခြား ၉၆ နိုင်ငံတွေမှာ နေထိုင် လုပ်ကိုင် စားသောက်ကြတယ်။

အမေ့ကောက်ပြီး လာဦးမှာလည်း ကြိုသိတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ