လက်တန်းဆန်းစစ်ချက်တခု

တင်ထားတဲ့စာ = ကျန်းမာရေးမေးသူ တနေ့တယောက် မရှိတတ်ပါ။

ကွန်မင့်တခု = ဆရာ့ဆီ ကျန်းမာရေး အမေးနဲလာတာက သက်ဆိုင်ရာ ရောဂါ ဆရာဝန်တွေက ကိုဗစ် နောက်ပိုင်း ၊ သက်ဆိုင်ရာ ရောဂါအကြောင်း၊ဆောင်ရန်၊ ရှောင်ရန် ပညာ ပေး ဗွီဒီယို တွေ တင် တာ များ လာ သလို မေးရင်လဲ ဖြေပေးကြလို့ ဖြစ်မယ်ဆရာ။

မှတ်ချက်

ဟုတ်။

ကျွန်တော် လွန်ခဲ့တဲ့ ၅ နှစ်လောက်က လက်တန်းဆန်းစစ်ချက်တခု ပြုဘူးတယ်။

ကျန်းမာရေးကို အရင်ကလောက် မမေးကြတောခြင်းအတွက် ဖြစ်နိုင်တဲ့  အကြောင်းခံတွေ -

၁။ တခြားဆရာဝန်တွေကလည်း ဖြေနေကြခြင်း၊

၂။ ကျွန်တော့ ဝဘ်ဆိုက် ကို ဖတ်ရှုနိုင်ကြခြင်း၊

၃။ ကျွန်တော်ဖြေတာကို မကြိုက်နှစ်သက်ကြခြင်း၊

၄။ အထူးသဖြင့် မေးခွန်းပါသတ်ပုံ ပြင်ပေးခြင်း၊

၅။ လူတွေအကုန် ကျန်းမာနေကြပြီဖြစ်ခြင်း။

အမှတ်စဉ် ၅ သာ ဖြစ်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ