"ဆေး"

မကြာခဏ တွေ့ရတယ်။

- ဆေးစိမ် ဘာညာ။

- ဘဲဥတဲ့။

- ဆေးအုပ် ဘာညာ။

- ငှက်ပျောသီးတဲ့။ 

"ဆေး" ဆိုတဲ့ဝေါဟာရက အစွမ်းထက်တယ်။

- ခေါင်းကိုက်တာလည်း ပျောက်စေနိုင်တယ်။

- ကင်ဆာကိုလည်း ကုလို့ရတယ်။

ဆေးသမာကလည်း တမျိုးမက ရှိတယ်။

- ဆေးကုပေးသူ။

- ဆေးသုံးစွဲသူ။

ဆေးကုပေးသူတွေကလည်း အမျိုးမျိုး။

- ရိုးရိုးဆရာဝန်

- အထူးကုဆရာဝန်

- ရမ်းကုဆရာ

- ဖေ့စ်ဘွတ်ဆရာ

ဆေးက တန်ခိုးကြီးပါပေတယ်။

- ကာယရောဂါမပျောက်လည်း စိတ်သက်သာရစေတာလည်းရှိတယ်။

- ၉၆ ပါးပျောက်သည်ဆို ရောင်းကောင်းတဲ့ခေတ်။

- မိုးမွှန်နေအောင်ပြောရင် ဝယ်သူများတဲ့ခေတ်။

- လူပုံပြရောင်းရင် အော်ဒါတွေများတဲ့ခေတ်။

ပျောက်ရင် ကောင်းပါတယ်။

ပျောက်နည်းကလည်း အမျိုးမျိုး။

- ရောဂါပျောက်၊ 

- ပိုက်ဆံပျောက်၊ 

- အသက်ပျောက်။

ကျန်းမာကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ