နောက်ဆုံးပေါ် စိတ်ဝင်စားဖွယ် ကျန်းမာရေးသတင်းများ

မကြာသေးမီက ပြုလုပ်ခဲ့သော သုတေသနများနှင့် လေ့လာမှုများမှ ထင်ရှားသည့် ကျန်းမာရေး သတင်းအချို့မှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

၁။ နှလုံးရောဂါ ဖြစ်ပွားပြီးနောက် နှလုံးကြွက်သားများ ပြန်လည် ကြီးထွားလာနိုင်ခြင်း

ပျက်စီးသွားသော နှလုံးတစ်ရှူးများကို ပြန်လည်မွေးဖွားရန် မစွမ်းဆောင်နိုင်ဟူသော ရှေးယခင်ကတည်းက ယုံကြည်လာခဲ့ကြမှုကို ချေဖျက်လျက် လူ့နှလုံးကြွက်သားဆဲလ်များသည် နှလုံးရောဂါဖြစ်ပွားပြီးနောက် ပြန်လည်ကြီးထွားနိုင်ကြောင်း သိပ္ပံပညာရှင်များက ပထမဆုံးအကြိမ်အဖြစ် ပြသနိုင်ခဲ့ကြသည်။ ဤအချက်သည် နှလုံး၏ လုပ်ဆောင်ချက်ကို ပြန်လည်ကောင်းမွန်စေရန် ကုသသည့် နည်းလမ်းသစ်များဆီသို့ ဦးတည်သွားစေနိုင်ပါသည်။

၂။ ချက်ကြိုး သွေးဆဲလ် T ဆဲလ်များက ကင်ဆာကို တိုက်ဖျက်ခြင်း

UCLA မှ သုတေသနပညာရှင်များသည် ထောက်လှမ်းရေးစနစ် နှစ်ခုမှတဆင့် အကျိတ်ခဲများကို ပစ်မှတ်ထားတိုက်ခိုက်နိုင်သော ချက်ကြိုးသွေး ပင်မဆဲလ်များမှ ကင်ဆာကို တိုက်ဖျက်ပေးသည့် T ဆဲလ်များကို ဖန်တီးခဲ့ကြသည်။ ကြွက်များတွင် ပြုလုပ်ခဲ့သော စမ်းသပ်ချက်အရ ဆေးပမာဏ တကြိမ်တည်းဖြင့် ကင်ဆာကို ထိန်းချုပ်နိုင်ခဲ့ပြီး အန္တရာယ်ရှိသော ဘေးထွက်ဆိုးကျိုးများ မရှိဘဲ အသက်ရှင်ချိန်ကို တိုးမြှင့်ပေးနိုင်ခဲ့သည်။

၃။ အရိုးပွရောဂါအတွက် အရိုးတည်ဆောက်ပေးသော ခလုတ်

စမ်းသပ်ဆဲ ဒြပ်ပေါင်းတခု (AP503) သည် ကြွက်များတွင် အရိုးဖြစ်ပေါ်မှုကို အားကောင်းစေပြီး အရိုးဆုံးရှုံးမှုကို နှေးကွေးစေသည့်  (GPR133) ကို လှုံ့ဆော်ပေးခဲ့သည်။ ၎င်းသည် ကြွက်သားများကိုလည်း သန်မာစေခဲ့သဖြင့် အရိုးပွရောဂါကို ကုသရာတွင် အလားအလာရှိကြောင်း ညွှန်ပြနေပါသည်။

၄။ Ozempic/Wegovy နှင့် ရင်ကျပ်ရောဂါ ဖြစ်ပွားမှု လျော့နည်းလာခြင်းတို့ ဆက်စပ်နေခြင်း

ကျယ်ပြန့်သော လက်တွေ့လေ့လာမှုတခုအရ semaglutide (Ozempic နှင့် Wegovy ပါဝင်သော) သည် ကိုယ်အလေးချိန်နှင့် ဆီးချိုကို ထိန်းချုပ်ပေးခြင်းအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ အကျိုးကျေးဇူးများကိုပါ အရိပ်အမြွက်ပြသလျက် ရင်ကျပ်ပန်းနာ ထန်လာမှုကို 40% အထိနှင့် COPD ရောဂါ ပွားများမှုကို 20% ခန့် လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရသည်။

၅။ ကဖင်းဓာတ်က အိုမင်းရင့်ရော်မှုကို နှေးကွေးစေနိုင်ခြင်း

ကဖင်းဓာတ်သည် ဖိစီးမှုကို ခံနိုင်ရည်ရှိခြင်း၊ DNA ပြုပြင်ခြင်းနှင့် ကြီးထွားမှုတို့တွင် ပါဝင်သည့် ရှေးကျသော ဆဲလ်လူလာ စွမ်းအင်စနစ်ကို လှုံ့ဆော်ပေးပြီး ကျန်းမာစွာ အိုမင်းရင့်ရော်လာခြင်းနှင့် ဆက်စပ်နေမှုကို ရှင်းပြနိုင်ဖွယ်ရှိသည်။

၆။ Statins ဆေးဝါးများက မှတ်ဉာဏ်ချို့တဲ့ရောဂါ (Dementia) ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ခြင်း

ဒိန်းမတ်နိုင်ငံသား လူဦးရေ ၁၃၂,၀၀၀ ကျော်ကို လေ့လာခဲ့ရာတွင် အမျိုးအစား ၂ ဆီးချိုရောဂါ စတင်ဖြစ်ပွားပြီး တနှစ်အတွင်း စတင်သောက်ခြင်းသည် မှတ်ဉာဏ်ချို့တဲ့ရောဂါ ဖြစ်ပွားနိုင်ခြေ ၁၅ ရာခိုင်နှုန်း ပိုမိုနည်းပါးသည်နှင့် ဆက်စပ်နေကြောင်း တွေ့ရှိရသည်။

၇။ အူလမ်းကြောင်းရှိ ဘက်တီးရီးယားများ (Gut Microbiome) သည် ထင်ထားသည်ထက် ပိုမိုကူးစက်လွယ်နိုင်ခြင်း

အချို့သော အူလမ်းကြောင်း ဘက်တီးရီးယား လူဦးရေအုပ်စုများသည် လူတဦးနှင့်တဦးကြားနှင့် တိုက်ကြီးများအကြား လျင်မြန်စွာ ပျံ့နှံ့နိုင်ကြပြီး မိုက်ခရိုဗွီယုမ်း (microbiome) ကူးစက်ပျံ့နှံ့မှုနှင့် ၎င်း၏ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာများ ဖြစ်လာစေသည်။

၈။ လူကြိုက်များသော ဦးနှောက်အားဖြည့် ဆေးဖက်ဝင်ပစ္စည်းသည် အမျိုးသားများတွင် သက်တမ်းတိုစေခြင်းနှင့် ဆက်စပ်နေခြင်း

လူဦးရေ ၂၇၀,၀၀၀ ကျော်ကို လေ့လာခဲ့သည့် ကျယ်ပြန့်သော လေ့လာမှုတခုအရ သွေးတွင်း တိုင်ရိုစင်း (tyrosine) ပမာဏ မြင့်မားခြင်းသည် အမျိုးသားများတွင် သက်တမ်းတိုခြင်းနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့ရသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ