သွေးဆုံးခြင်း

(ကန်တော့)

မြန်မာပြည်မျာ သွေးဆုံးကိုင်တယ်လို့ ပြောဆိုသုံးနှုန်းခြင်းဟာ မသင့်တော်ပါ။ လူတိုင်းဟာ အရွယ်တိုင်းမှာ အပြောင်းအလဲတွေ ရှိတယ်။

အသက် ၄၀ ကျော် အလယ်ပိုင်းလောက်မှာ သွေးဆုံးခြင်း စတင်လေ့ရှိတယ်။

ရာသီ ဆက်တိုက် ၁၂ လတိတိ မလာတော့ဘဲ ရပ်တန့်သွားတာကိုသာ သွေးဆုံးပြီလို့ သတ်မှတ်ပါတယ်။ မတိုင်ခင်လတွေမှာ ရာသီမမှန်ဖြစ်မယ်။

သွေးဆုံးလက္ခဏာတွေဟာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ဖြစ်ပေါ် ခံစားရတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ။

ရင်တုန်ပူစပ်ခြင်းနဲ့ ညဘက်ချွေးထွက်ခြင်းဖြစ်ကြတယ်။

စိတ်ခံစားချက်တွေလည်း ပြောင်းလဲမယ်။ စိုးရိမ်ပူပန်မှု မြင့်တက်လာခြင်း၊ စိတ်တိုလွယ်ခြင်း၊ စိတ်ခံစားချက် အပြောင်းအလဲမြန်ခြင်းနဲ့ စိတ်ကျဝေဒနာ ခံစားရခြင်း။

အိပ်ပျော်ရန် ခက်ခဲခြင်း သို့မဟုတ် ဆက်တိုက်မအိပ်နိုင်ခြင်း (အိပ်မပျော်ခြင်း) တို့လည်း ဖြစ်တယ်။ 

ဉာဏ်စွမ်းပိုင်းဆိုင်ရာ အပြောင်းအလဲတွေလည်း ဖြစ်တယ်။ မှတ်ဉာဏ်၊ အာရုံစိုက်နိုင်စွမ်းနဲ့ စဉ်းစားတွေးခေါ်မှုများမှာ အခက်အခဲရှိကြတယ်။

မိန်းမကိုယ်ခြောက်သွေ့ခြင်း၊ အတူနေစဉ် နာကျင်ခြင်း၊ လိင်စိတ်နည်းပါးခြင်း။

ဆီးသွားချင်စိတ် အရေးတကြီးဖြစ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်းနှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်း မကြာခဏ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာတယ်။

အရေပြားခြောက်သွေ့ခြင်း၊ ဆံပင်ပါးသွားခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း။

အီစထိုဂျင် ဟိုမုန်းပမာဏ လျော့နည်းခြင်းကြောင့် အရိုးပါးရောဂါ (အိုစတီယိုပိုရောဆစ်) နဲ့ နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို ရေရှည်တွင် မြင့်တက်စေနိုင်တယ်။

ရာသီမလာမီ ကူးပြောင်းကာလ ကြာမြင့်ချိန် (Perimenopause Duration) ပုံမှန်အားဖြင့် ၄ နှစ်မှ ၈ နှစ်အထိ ကြာမြင့်တတ်တယ်။

လိုအပ်သူတွေ ဟော်မုန်းအစားထိုးနည်း တခုခုနဲ့ သက်သောစေအောင်လုပ်နိုင်ပါတယ်။

တယောက်နဲ့တယောက် မတူတတ်ပါ။

အသက်အရ သွေးတိုးနဲ့ ဆီးချိုတွေကိုလည်း စစ်ဆေးရန် လိုလာပြီ။

ကျန်းမာကြစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ