ဆရာဝန်များ ပညာပြိုင်ခဏ်း
(၁)
အလာတုန်းကအကောင်း အပြန်မှာ ချိုင်းထောက်နဲ့ဆိုတာ ခွဲစိတ်ဆရာဝန်။
(၂)
အလာတုန်းက ဟောဟဲဟောဟဲ အပြန်မှာ အသက်ရှူချောင်သွားစေတာက သမားတော် ခေါ် ဆေးပညာဆရာဝန်။
(၃)
အလာတုန်းက တယောက်တည်း အပြန်မှာ အပိုပါလာစေနိုင်တာက သားဖွားမီးယပ်ဆရာဝန်။
(၄)
မေးတာက ရောဂါ။ အဖြေမှာ သတ်ပုံစာပါ အဆစ်ပေးတာက ကျွန်တော်။ Smile!
တချို့က ယူမသွား။ အဆစ်ပေးတာကို ထားရစ်ကြတယ်။ No Smile!
ဒေါက်တာတင့်ဆွေ
၂၈-၉-၂၀၁၉

Comments
Post a Comment