ကိုယ်ဝန် မေးခွန်း

(ကန်တော့)

မဂ်လာပါဆရာ ကျမမေးချင်တာလေးရှိလို့ပါ အားကိုးပြီးမေးတာပါ ကူကယ်ရာမဲ့ဖြစ်နေလို့ပါဆရာ ကျေးဇူးပြုပြီးဖြေပေးပါနော် သားဦးလေးကို အသက် ၃၃ မှာ မွေးထားပါတယ် ၄-၁-၂၀၂၆ မှာမွေးတာပါ

သောက်ဆေးဖြတ်ပြီး ၆ လ ၇ လအကြာ ၂၀၂၅ ၉ လပိုင်းမှာ ကိုယ်ဝန်ပြန်ရှိပါတယ် ၁၂ ပိုင်း ၂ ရက်နေ့မှာ သွေးဆင်းလို့ အထရာစောင်း(အာထရာဆောင်း) ရိုက်တော့ ၁၁ ပတ်ရောက်နေပြီ ကလေးက ၆ ပတ်ထဲက ပြတ်(ပျက်)နေပြီပြောပြီး သားအိမ်ခြစ်လိုက်ရပါတယ်

ပြန်စာ

ကိုယ်ဝန် နုစဉ်မှာ အာထရာဆောင်းရိုက်ရင် မတိကျတတ်ပါ။

ကလေးနှလုံးလှုပ်ရှားမှုကို 

• Transvaginal ultrasound ဆိုရင် ၇- ၈ ပတ်မှာ အစောဆုံးသိရမယ်။

• Transabdominal ultrasound ဆိုရင်လည်း ၇- ၈ ပတ်မှာ အစောဆုံးသိရမယ်။

• Handheld Doppler ဆိုရင် ၁၀-၁၂ ပတ်မှာ အစောဆုံးသိရမယ်။

လိုသေး မေးနိုင်။

မေးခွန်းထဲက 1-2-3-4 တွေကို ၁-၂-၃-၄ လို့ ပြင်လိုက်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ