Kidney Cancer ကျောက်ကပ်ကင်ဆာ

ကျေးဇူးပြု၍ ကျောက်ကပ်ကင်ဆာအကြောင်လေး တင်ပေးပါ အစာအသောက် အနေထိုင်ရှောင်ရန်ဆောင်ရန်ကုသပုံ/သက်တမ်ရှည် ပြောပေးပါ

၂ ခါလောကက် တင်ထားပြီး။ ကိုယ်တိုင် သိလိုရင် မက်စင်ဂျာကနေ မေးနိုင်။

Facts About Kidney Cancer ကျောက်ကပ်ကင်ဆာ အချက်အလက်များ

- April 23, 2022

ကျောက်ကပ်ကင်ဆာဟာ ယူအက်စ်အေမှာ အဖြစ်အများဆုံး ကင်ဆာ ၁၀ ခုထဲမှာပါတယ်။ ကျား မ ဖြစ်တယ်။ 

Renal cell carcinoma အမျိုးအစား တခုတည်းသာလို့ ထင်တာ မမှန်ပါ။ ကျောက်ကပ်ကင်ဆာ ၉၀% ကတော့ အဲဒီအမျိုးအစား ဖြစ်ပါတယ်။ တခြားအမျိုးအစားလည်း ရှိသေးတယ်။

ကျောက်ကပ်ကင်ဆာဟာ ယောက်ျားတွေမှာ ပိုအဖြစ်များတယ်။ ၂ ဆများတယ်။ အသက် ၄၅ နှစ်အောက် ရှားပါပြီး အများအားဖြင့် အသက် ၆၄ နှစ်မှာ တွေ့ရတယ်။

ခီမိုသာရာပီနည်းနဲ့ ဓါတ်ကင်တာကို အများဆုံးလုပ်ရတယ်။ တချို့ကိုသာ ကျောက်ကပ်တခုလုံး ထုတ်ရတယ်။

ကျောက်ကပ်ကင်ဆာတိုင်းကို ချက်ချင်းဆေးကုသရန် မလိုအပ်သေးပါ။ တချို့ကင်ဆာက နှေးကွေးလို့ စောင့်နိုင်သေးတယ်။

ကျောက်ကပ်တဖက်တည်းရှိနေလည်း အသက်ဆက်ရှင်မယ်လို့ ယူဆတာ မှန်တယ်။

Kidney Cancer Diet ကျောက်ကပ်ကင်ဆာနှင့် စားစရာ

- February 21, 2022

ကျောက်ကပ် ကင်ဆာ သမားတွေ ဘယ်လိုနေထိုင် စားသောက် ရမယ် ရှောင်ရမှာတွေ ပြောပြပေးကြပါ

ဆရာဝန်ကိုမေးတာတော့ မဟုတ်ပါ။  

American Cancer Society အမေရိကန်ကင်ဆာအသင်းရဲ့ခန့်မှန်းချက်က ဒီနှစ်ထဲမှာ ကျောက်ကပ်ကင်ဆာ လူနာပေါင်း 76,000 ကျော်ရှိနိုင်တယ်လို့ဆိုပါတယ်။

ကျောက်ကပ်ကင်ဆာနှင့် စားစရာ သိပ်ထူးခြားတာ မရှိပါ။ ပုံမှန် သင်မှန်တဲ့ အစားအသောက်သာလိုတယ်။ လူတိုင်းလိုသလို လုံလောက်ရမယ်။ မျှတရမယ်။

1. Fruits and vegetables အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ။

2. Whole grains ဆန်၊ ဂျုံ စတာတွေက ဖြူဖွေးနေအောင် ချွတ်မထားတာနဲ့ လုပ်တဲ့စားစရာတွေ။

3. Proteins ပရိုတင်းဓါတ်လိုတယ်။ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုး။

What to avoid မသင့်တဲ့စားစရာများ

1. Foods that are high in salt ဆား ခေါ် ဆိုဒီယမ်များတဲ့စားစရာများ။

2. Fast food ခေါ် ဆိုင်ကနေအလွယ်ဝဝ်ရတဲံ ပြုပြင်ထားပြီး စားစရာများ။

3. Foods high in phosphorus ဖေ့စ်ဖါးရပ်စ် များတဲ့စားစရာများ။

4. Cocoa ကိုကိုး၊

5. Beans ပဲသီးတချို့၊

6. processed bran cereals ဆီရီရယ် ခေါ် မနက်စာအတွက်လုပ်ထာတဲ့စားစရာ။

7. certain dairy products နွားနို့ကနေလုပ်တဲ့ တချို့ (တချို့) စားစရာများ။

8. oysters မုတ်၊ ကမာ ပင်လယ်စာ။

9. Too much water ရေသောက်တာ အလွန်မများစေသင့်။

Tips for how to eat during treatment ကုသမှုခံယူနေစဉ်

Poor appetite စားချင်စိတ်နည်းမယ်။

Weakness အာနည်းမယ်။

Other side effects ဘေးထွက်သက်ရောက်မှုတွေရှိမယ်။

စားစရာတွေကို သန့်ရှင်းရေးပိုဂရုစိုက်ပါ။ လတ်ဆတ်တာဖြစ်ပါစေ။

- June 06, 2022

ကျောက်ကပ်ကင်ဆာ အဆုတ်ပြန့်နေလို့  အရမ်းစိုးရိမ်ရလားရှင်

ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ 

ကင်ဆာတိုင်းဟာ တခြားအင်္ဂါအစိတ်အပိုင်းတွေ ဆီပြန့်နိုင်တယ်။ ဆောရီး။

Renal cell carcinoma ခေါ် ကျောက်ကပ်ကင်ဆာကနေ အဆုတ်ကို ပြန့်နိုင်တယ်။ Metastatic renal cell carcinoma လို့ခေါ်တယ်။ 

အဆုတ်ကိုရောက်ရင် အသက်ရှူလမ်းကို ပိတ်ဆို့စေနိုင်တယ်။ ချောင်းဆိုးမယ်။ အသက်ရှူမဝဖြစ်မယ်။ ရင်ဘတ်နာမယ်။

ကျောက်ကပ်ကင်ဆာက အဆုတ်သာမက၊ အရိုး၊ တက်စေ့ ခေါ် လင့်ဖ်နုတ်တွေဆီ ပြန့်နိုင်တယ်။

လေ့လာမှုတခုအရ nephrectomy ခေါ် ကျောက်ကပ်ထုတ်ပြီးနောက် ပျမ်းမျှ ၂၀% ကနေ ၄၀% တို့ဟာ တခြားနေရာတွေဆီ ပြန့်တာတွေ့ရတယ်။ အဆုတ်ကိုပြန့်တာ ပိုများတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ