Sunburn နေလောင်ခြင်း
• ကျတော် မမှန်။ ကျွန်တော် နဲ့ ကျနော် မှန်တယ်။
• လိမ်းဆေးပုံတွေပို့လိုက်။
• အကုန်အသုံးပြုရမှာလား ဆရာ
• တမျိုးတည်းသာ
• ထပ်မေးချင်လို့တောင်းပန်ပါတယ်ဆရာ အဲ့ဒါက အသားရေဖြူဝင်းပါလားဆရာ
• အသားဖြူဆေး ခဏခဏဖြေတယ်။ ကြော်ငြာဆေးသာရှိ။ အဲလိုဟာတွေ မမေးပါရန်။ ဘလော့မှာသာ ဖတ်ပါရန်။
နေရောင်ထဲမှာပါတဲ့ UV light ခရမ်းလွန်ရောင်ခြည်ကြောင်း နေထိရာနေရာတွေမှာ နီရဲနေတာကိုခေါ်တယ်။ ကြာရင် အလိုလိုပျောက်ပါမယ်။ နေရောင်နဲ့ ထိတွေ့တာကြာရင်တော့ အရေပြားပျက်စီးမယ်။ ကံဆိုးရင် အရေပြားကင်ဆာ ဖြစ်နိုင်တယ်။ ဆောရီး။
အရေပြားနာမယ်။ ပူနေမယ်။ ရောင်နေမယ်။ နာမယ်။ အပူဖူးပေါက်လာနိုင်တယ်။ ခေါင်းကိုက်မယ်။ ဖျားမယ်။ ပျို့အန်နိုင်တယ်။ ရေဓါတ် ဆားဓါတ်ခန်းခြောက်မယ်။
ကုသမှုဆိုတာ နာတာသက်သာစေဘို့နဲ့ ပိုးမဝင်စေဘို့သာဖြစ်တယ်။ ပျောက်တာက အလိုလိုပျောက်ပါတယ်။
နာတာသက်သာအောင် Ibuprofen (Advil, Motrin IB, others) ဆေး သို့မဟုတ် naproxen sodium (Aleve) ဆေး သောက်နိုင်တယ်။ အနာသက်သာလိမ်းဆေးလည်းရှိတယ်။ မပူတာလိမ်းနိုင်တယ်။ အရေပြားကို အေးအောင်လုပ်ပါ။ အဝတ်စိုနဲ့ဖုံးအုပ်ပါ။ ရေအေးတင်၊ ရေခဲတင်၊ ရေအေးချိုးပါ။ Moisturizer လိမ်းနိုင်တယ်။ Aloe vera lotion or gel လိမ်းနိုင်တယ်။ အပူဖူးပေါက်ရင် မဖေါက်ပါနဲ့။ ပေါက်သွားရင် ပိုးသေဆေးလိမ်းပါ။ ဖုံးအုပ်သင့်ရင် ဖုံးအုပ်ထားပါ။ ဖုံးစရာက မကပ်တာရွေးသုံးပါ။ Benzocaine creams မလိမ်းပါနဲ့။
နေရောင်ထဲထွက်တိုင်း အကာအကွယ်သုံးပါ။ ဦးထုပ်၊ ထီး၊ နေကောမျက်မှန် စသည်။ Sunscreen သုံးပါ။ SPF 15 ထက် များတာကောင်းတယ်။
ဒေါက်တာတင့်ဆွေ
၄-၉-၂၀၁၇

Comments
Post a Comment