Posts

COVID-19 ကိုဗစ်သတင်း

Image
ငါးနိုင်ငံကနေ အိန္ဒိယကို လာလိုသူများ ကိုဗစ် နဂေးတစ် ဖြစ်ရမည်။ တရုပ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ဟောင်ကောင်နဲ့ ထိုင်းနိုင်ငံတွေ ဖြစ်ပါတယ်။ မည်သူမဆို ကိုဗစ်လက္ခဏာတွေ ရှိရင် ကိုဗစ်စမ်းသပ်မှုလုပ်ပြီး + ပြသူတွေက သီးခြားနေထိုင်ရပါမယ်။ စာရင်းထဲမှာ မြန်မာပြည် မပါ။ ဒါပေမဲ့ တရုပ်ပြည်မှာလည်း ကိုဗစ်က ခေါင်းပြန်ထောင်နေ၊ အိန္ဒိယမှာလည်း စည်းကမ်းသစ်ထုတ်နေချိန်ဖြစ်လို့ ကိုဗစ်ကာကွယ်ရေးကို အထူးလိုက်နာသင့်ကြပါတယ်။ - မကြာခဏ လက်ဆေးပါ။ - လူထူထူရှိရာ ရှောင်ပါ။ - အပြင်ထွက်ရတိုင်း နှာခေါင်းစည်း သုံးပါ။ - မဟုတ်ကဟုတ်သတင်းတွေ မပြော၊ မတင်၊ မရေးပါနဲ့။ သတင်းမှား ဆေးနည်းမှား တင်သူတွေကို ရီပို့လုပ်ပါ။ ဘလော့ပါ။ ဒေါက်တာတင့်ဆွေ

Uterus သားအိမ်

Image
(ကန်တော့) အသက်က ၃၃နှစ်ပါရှင့် ၂၉-၁၀-၂၀၂၂ က ကိုယ်ဝန် ၂၆ပတ်နဲ့ပျက်ထားတာပါ နောက်ထပ် ကလေးယူရင်အခုလိုထပ်ဖြစ်မှာစိုးလို့ပါဆရာရှင့် သားအိမ်က ပုံမှန်မဟုတ်တော့ ကလေးမရမှာစိုးလို့ပါ သားသမီးလဲတစ်ယောက်မှ မရှိသေးပါဘူးရှင့် ရာသီက 2.12.22က ပြန်လာပါတယ်ရှင့် ကျေးဇူးတင်ပါတယ်ဆရာရှင့် သားအိမ်ဟာ အမျိုးသမီးမျိုးပွါးစနစ်မှာ အဓိကကျတဲ့အင်္ဂါတခုဖြစ်တယ်။ တင်ပါးဆုံကွင်းထဲမှာ ရှိတယ်။ သူ့ရှေ့မှာ ဆီးအိမ်၊ သူ့နောက်မှာ အစာဟောင်းအိမ်ရှိတယ်။ သူ့အောက်မှာ ဆက်နေတာက မွေးလမ်းကြောင်း (ဗဂျိုင်းနား) ရှိတယ်။ Fundus ထိပ်ပိုင်း၊ Corpus ကိုယ်ပိုင်း၊ Cervix လည်ပင်း (အားအိမ်ဝ၊ သားအိမ်ခေါင်း) ရှိပြီး Cervix မှာ Internal os အတွင်းပေါက်နဲ့ External os အပြင်ပေါက်ဆိုပြီး သတ်မှတ်ထားတယ်။ သားအိမ် RV အကြောင်းမေးကြတယ်။ သားအိမ်ကို အာလ်ထွာဆောင်းရိုက်ရင် အဖြေမှာ AV နဲ့ RV လို့ပါလေ့ရှိတယ်။ သားအိမ်ဝင်ရိုးမျဉ်းက တည့်တည့်မနေဘူး။ ရှေ့ကိုဖြစ်ဖြစ်နောက်ကိုဖြစ်ဖြစ်ကွေးနေတယ်။ Anteverted (AV) ရှေ့ဆီးအိမ်ပေါ် ကွေးနေသူကများတယ်။ Retroverted (RV) နောက်လန်တာလည်းရှိတယ်။ ဒါပေမယ့် ရောဂါမဟုတ်ပါ။ ၆ ယောက်မှာ ၁ ယောက် RV ရှိတယ်။ မွေးရာမှာ မထူးခြားပါ။ ကိုယ်ဝန်မရလည်း မဖြစ်...

PSA test စစ်ဆေးခြင်း

Image
မေးခွင့်ပြုပါဆရာရှင့် ကျွန်မအမျိုးသားရဲ့ဦးလေး အသက်(၇၅)နှစ်ပါ ဆီးကျိတ်ရှိတာ ၇နှစ်ကျော်ပါပြီ အခုဆီးသွားလို့မရသဖြင့် ဆီးလမ်းကြောင်းအထူးကုဆရာဝန်ကြီးနှင့်ပြသနေပါသည် ဆရာကြီးမှဆီးကျိတ်ကကြီးနေသဖြင့် ခွဲစိတ်မှုမလုပ်ဘဲ လေဆာနှင့်ခြစ်ထုတ်ပစ်ရန်ပြောပါတယ် ဆီးကျိတ်အရွယ်အစားအရ အကုန်ခြေဖျက်ရန်အဆင်မပြေသဖြင့် ရသလောက်ခြစ်ထုတ်ပြီး ကျန်ရှိသည့်ဆီးကျိတ်ကိုဆေးဖြင့်ဆက်လက်ထိန်းထားရန်ပြောပါတယ် ယခုဆေး (၁၀)ရက်စာပေးပြီးတော့ရက်ချိန်းပြန်ပေးလိုက်ပါတယ်ရှင့် လိုအပ်တဲ့စစ်ဆေးမှုတွေအရ PSA အဖြေမှာ သတ်မှတ်ချက်ထက်ပိုပြီးမြင့်တက်နေသဖြင့်အဖြေမကြိုက်ဘူးလို့ပြောပါတယ် ဒီအဖြေအရ ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြေရှိနိုင်လားဆိုတာရယ် ဘယ်လိုစစ်ဆေးမှုတွေဆက်လုပ်သင့်လဲဆိုတာသိချင်ပါတယ်ဆရာရှင့် ဆေးမှတ်တမ်းနှင့်တကွ ဆေးစစ်ချက် Ultrasound Result တို့ကိုပို့ပေးထားပါတယ် ကျေးဇူးတင်ပါတယ်ဆရာရှင့် High PSA များတယ်ဆိုတာ prostatic cancer ဆီးကျိတ်ကင်ဆာ၊ benign prostatic hyperplasia (BPH) ဆီးကျိတ်ကြီးခြင်းနဲ့ infection ပိုးဝင်ခြင်းတွေကြောင့် ဖြစ်တယ်။ age အသက်ကြီးလာရင်လည်း နည်းနည်း များလာတယ်။ အသက် 40-50 yrs = 0-2.5 ပုံမှန် အသက် 50-60 yrs = 2.5-3.5 ပုံမှန် အသက် 60...

Tramadol အနာသက်သာဆေး

Image
တနေ့လုံးကိုက်ခဲနေတာကြောင့် Tramadol ဆေးကိုမနက်တကြိမ်ညနေတကြိမ်တနေ့၂လုံးသောက်မှသက်သာပါတယ်၊ဘေးထွက်ဆိုးကြိုးဘာဖြစ်နိုင်ပါသလည်းခင်ဗျာ၊အမြဲတမ်းသောက်နေရရင်အစဉ်ပြေပါ့မလားဖြေကြားပေးကြပါခင်ဗျာကင်ဆာဝေဒနာရှင်အားလုံးရောဂါဝေဒနာများလျော့ပါးကင်းစင်သက်သာကြပါစေ။ ဆရာဝန်ကို မေးတာတော့ မဟုတ်။ စာရေးတာ သတ်ပုံ မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကင်ဆာနေရာမှာ သတ်ပုံမှန်အောင် ရေးတတ်သူက အလွန်ရှားတယ်။ ပါပီ၊ တေ၊ ဖစ်၊ မာ နဲ့ ကင်ဆာဖြစ်နေတာတောင် ကချင်သူသာများတယ်။ 1. ဆရာရှင့် ကျမ၏ခါးက နည်းနည်းတော့ ပြန်နာလာပါသည်ရှင့်။ ဆရာဝန်က (ထော်မတော)  ‌ေအာက်ပါဆေးကို သောက်ခိုင်းပါသည်ရှင့်။ အဲသည်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ကျေးဇူးပြု၍ ‌ပြောပြပေးစေလ်ုပါသည်ရှင့်။ ဆရာသက်ရှည် ကျန်းမာပါ‌စေရှင့်။ 2. Tramadol ကို နေ့တိုင်း တလုံးသောက်လို့ ဆိုးကျိုးရှိလား၊ အူမကြီးကင်ဆာအလုံးအကြိတ်က ခွဲမထုတ်နိုင်လို့ ခါးတွေစူးစူးပြီးကိုက်နေလို့ပါ 3. tramadol ထိုးဆေးကို အသဲကင်ဆာလူနာအတွက် နာရင်ထိုးဖို့ ဆရာဝန်ဆောင်ခိုင်းထားလို့ ဝယ်ထားပါတယ်ဆရာ လူနာက lenvima 4mg ကင်ဆာဆေးသောက်တာ မခံနိုင်အောက် ကိုယ်လက်ကြွက်သားတွေ ကိုက်ခဲနေလို့ tramadol ထိုးဆေး ထိုးပေးလို့ရနိုင်မလားဆရာ ပြ...

Hepatitis B (ဘီ) ပိုး

Image
မင်္ဂလာပါဆရာ သားက စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်၊ ( - )ရွာကပါဆရာ သား နိုင်ငံခြားအလုပ်ထွက်ဖို့ ဆေးစစ်တဲ့အခါမှာ အသားဝါ ဘီပိုးတွေ့လို့ ဆေးကျတယ်ပါတယ်ဆရာ ရောဂါအတွက် ဆောင်ရန် ရှောင်ရန်နဲ့ ကူသဖို့အတွက် ဆေးအတွက် သားကိုလမ်းညွှန်ချက်လေး ညွှန်ကြားပေးပါရန် လေးစားစွာနဲ့ တောင်းခံပါရစေ Hepatitis B Prevention အသည်းရောင်ဘီ ကာကွယ်နည်း https://dr-tint-swe.blogspot.com/2021/02/hepatitis-b-prevention.html Hepatitis B tests စမ်းသပ်နည်းများ https://dr-tint-swe.blogspot.com/2021/05/hepatitis-b-tests.html How to live with Hepatitis B (ဘီ) ပိုးရှိသူနဲ့ အတူနေရခြင်း https://dr-tint-swe.blogspot.com/2021/06/how-to-live-with-hepatitis-b.html Hepatitis B treatment (ဘီ) ပိုးကုသနည်း https://dr-tint-swe.blogspot.com/2021/02/hepatitis-b-treatment.html Hepatitis B and breastfeeding အသည်းရောင် ဘီပိုးရှိသူမိခင်နဲ့ ကလေးနို့တိုက်ခြင်း https://dr-tint-swe.blogspot.com/2021/05/hepatitis-b-and-breastfeeding.html Hepatitis B Overview အသည်းရောင် (ဘီ) ဆိုတာ https://dr-tint-swe.blogspot.com/2021/05/hepatitis-b-overview.html He...

ကုတင် နဲ့ ခုတင်

Image
၁။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုတွေ မြင့်တက်လာနေရာမှာ အောက်ဆီဂျင်နဲ့ လူနာခုတင်တွေ ပြတ်လပ်သွားလို့ ဆေးရုံတွေမှာ လူနာလက်မခံနိုင်တော့ဘဲ ပြန်လွှတ်နေရပါပြီ။ (BBC Burmese) ၂။ ဆရာရေ မသိလို့မေးချင်လို့ပါ။ ဆေးရုံတွေမှာ ကုတင် ၁၀၀ လို့ရေးထားတာ အများဆုံးတွေ့ရလို့ပါ။ ခုတင် ၁၀၀ ဆံ့လို့ နောက်မှ ပြောင်းရေးထားတာ တွေ့ရပါတယ် ကုတင်၊ ခုတင် ဘယ်စာလုံးပေါင်းက အမှန် ရေးရင် ကောင်းမလည်းခင်ဗျား ၃။ ကတင်၊ ကုတင်၊ ခုတင် အမှန်သိပါရစေ။ ကုနှင့် ခုကို ဆေးရုံတွေမှာ နှစ်မျိုးစလုံးသုံးတာတွေ့နေပါတယ်။ ၄။ ကုတင်၊ ခုတင် ရှင်းပြပေးပါခင်ဗျား ၅။ ကုတင် (၁ဝဝ) ဆေးရုံ ခုတင် (၁ဝဝ) ဆေးရုံဟု (၂) မျိုးရေး နေ ကြသည်။ ခုတင်ဟု ပိုသုံးကြသည်။  ဘယ်အသုံးက ပိုမှန်ပါသလဲ။ ခုသတ်ပုံစာအုပ်တွေမှာ ခုတင်လို့ရေးတယ်။ အလွန်စောတဲ့ သတ်ပုံစာအုပ်တွေမှာ မပါခဲ့ပါ။ ကုလားထိုင်အသုံး ဖြစ်လာမှသာ ကုတင်လို့ရေးလာကြတယ်။ ခု ကဝိဒဇသတ်ပုံကျမ်း (ဦးစံချစ်၊ ၁၉၅၄) ခုခံသည် ခု-ဆယ်-ရာ ခုတုံးလုပ်သည် ခိုးလို့ခုလု၊ ခု (နောက်ထုတ်သတ်ပုံ) ခု မြန်မာစာရေးထုံးကျမ်း (ဦးသာမြတ်၊ ၁၉၆၂) ခုခံ ခုခံသည် ခုတင်က (စောစောက) ခုတင်ညောင်စောင်း ခုတုံးလုပ် ခုနက ခုနစ်ခု ခုနစ်စဉ်ကြယ် ခု...

တင်းထိန် ဆိုတာဘာလဲ

Image
ဆီးပင်ပုံမြင်လို့ ရေးပါတယ်။ ပုံအတွက် ကျေးဇူး။ အညာမှာ အရင်ကတော့ ဆီးချဉ်သီးပေါတယ်။ ငယ်ငယ်က တောထဲကို လှည်းနဲ့ ဆီးသီးပုတ်တာ လိုက်သွားဘူးတယ်။ ၅ နှစ်သားမရှိသေးပါ။ တင်းထိန်စောင်တတည်ကို လှည်းနံရံတိုင်တွေမှာ ချည်နှောင်ထားရတယ်။ ဆီးပင်အောက်မှာ လှည်းချွတ်ပြီး ဆီးသီးတွေကို ဝါးလုံးရှည်နဲ့ ပုတ်ချရတယ်။ တနှစ်စာ သိမ်းထားလေ့ရှိကြတယ်။ ကျွန်တော့မွေးဇာတိ မင်းရွာဘက်မှာ ငယ်ငယ်က တင်းထိန်စောင် သုံးကြရပါတယ်။ အရွယ်အစားကြီးမားတဲ့ ချည်စောင်လို့သာ မှတ်ထားတယ်။ စောင်တွေမှာ အများအားဖြင့် ၂ နံစပ်။ ပိုကြီးရင် ၃ နံစပ်။ ၄ နံစပ်ဆိုရင် တင်းထိန်လို့ ခေါ်တယ်။ တင်းထိန်လို့ အသံထွက်တယ်။ ငယ်စဉ်ကတော့ ထိန်ကို တဝမ်းပူနဲ့ ရေးတယ်လို့ ထင်ခဲ့တယ်။ တချို့သော ငယ်ငယ်ကအသိတွေက မမှန်တာကို ကြီးမှ သိကြလေ့ရှိတယ်။ အသက်အိုချိန်က အသိ၊ သုတ၊ ပညာတွေထဲမှာလည်း မမှန်တာတွေ ရှိမယ်။ ကိုယ့်ဟာကိုယ်တော့ ဟုတ်တယ်လို့သာ ထင်လေ့ ရှိတတ်ကြတယ်။ တင်းထိန် ဆိုတာဘာလဲ တင်းထိန် = ခြုံရန်ဖြစ်စေ၊ အကွယ်အကာအဖြစ် ကာရံရန်ဖြစ်စေ အနံတို ရွက်ထည်လေးစပ်ကို မတ်တတ်စပ်၍ တစပ်ကို ထိပ်က လည်သီးအဖြစ် ချုပ်ထားသော အထည်။ ရဟန်းအပေါင်း ခြံရံလျက် တင်းထိမ်တွင်းဖြင့် မင်းအိမ်သို့တိုင်အောင် - ရေဦးမြို့န...