Abscess ပြည်ရှိတဲ့အနာ

၁။ ဆရာ ​မွေးကျွတ်နာ​ပေါက်တာ အနာမကျတ်​သေးလို့ စဖြစ်တာနဲ့ 8 (၈) ပါတ်​လောက်ကြာပါပြီ အနာပိုးဝင်သွားလို့ ကြာသွားတာပါ Iv Aug 625 + Iv Genta  မနက် ၁ကြိမ် ည​နေ ၁ကြိမ် ၃ရက်ထိုးပါတယ် Augmentin 625 Zandan အ​ရောင်ကျ Cevit 12 (၁၂) ရက် တစ်​နေ့(တစနေ့)သုံးကြိမ်​သောက် ပြီးပါပြီ Eusol ​နဲ့ဆေး / Betadine လိမ်း Bioplaceton + Mupi  လိမ်းတာ ၂ ရက်ရှိပါပြီ အ​ရောင်​တွေက​တော့ကျသွားပါပြီ အနာဝ ကျယ်ပြီး အသားကညိုပြီး မ​ခြောက်​​သေးလို့ပါ ပိုးသတ်​ဆေး​က ဆိုးကြိုး​(ဆိုးကျိုး)တွေ​ ရှိနိုင်လားဆရာ 
၂။ ဆရာရှင့် မိန်းကလေး အသက် ၆ နှစ်ပါ။ မိတ်ဖုလိုလို အဖုပေါက်စလေးတွေကနေ တဖြည်းဖြည်းခဲလာပြီး ပြည်တည်နာတွေဖြစ်ဖြစ်လာလို့ပါ။ မျက်နှာမှာပဲ အဓိကဖြစ်နေတာပါ။ စဖြစ်တော့ဆေးခန်းသွားပြပါတယ်။ curam375 ကိုတနေ့သုံးကြိမ်သောက်ခိုင်းပါတယ်။ ရှိတဲ့အဖုတွေပျောက်သွားပါတယ်။ လေးငါးရက်ကြာတော့ ပြန်ပေါ်လာပါတယ်။ ပြည်ပေါက်ပြီး ပျောက်သွားလိုက် ပြန်ပေါ်လာလိုက်နဲ့ မျက်နှာမှာ အဖုမပြတ်ဘူးဖြစ်နေတာ တနှစ်လနီးပါးရှိပါပြီဆရာ။ဆောင်ရန်ရှောင်ရန်နှင့် ဘာဆေးလေးလိမ်းပေးလို့ရမလဲ သိချင်လို့ပါဆရာ။ သတ်ပုံမမှန်တာပါရင် ခွင့်လွှတ်ပါ။
၃။ မင်္ဂလာပါ ဆရာရှင့် သမီးကအသက် ၂ရပါ တင်ပါးနှစ်ခုကြားမှာ အနာစိမ်းလိုမျိုး အနာတခုပေါက်နေပါတယ် အခုက ပြည်တည်နေပြီမို့ ထိုင်လို့ထလို့တောငိအဆင်မပြေပါဘူးရှင့် ဆေးခန်းတွေက ပိတ်ထားလို့ ဘာဆေးဝယ်သောက်ရမလဲရှင့် ခွဲရစိတ်ရမှာလဲကြောက်လို့ပါ ကျေးဇူးပြု၍ ဖြေပေးပါနော်
၄။ တူမလေး၊ အသက် ၁နှစ်လေးလ၊ ခေါင်းမှာ အဖုထွက်လာလို့ပါ၊ အဲ့ဒိအဖုကို ခြင်ကိုက်တယ်ပဲ ထင်ပြီး နေခဲ့ပါတယ်၊ ဒါပေမယ့်အဖုကကြီးလာပြီး ပြည်တည်နေခဲ့ပါတယ်။ ဆရာခိုလိမ်းပေးထားပြီးနောက်တနေ့မှာ ဖိမိပြီး အနာပေါက်သွားခဲ့ပါတယ်၊ ပြည်တွေအများကြီးထွက်ပြီး အတွင်းမှာအခေါင်းပေါက်ကြီးကြီးမြင်ရပါတယ်။ ခု ကလေးခေါင်းမှာ အဖုနောက်ထပ်၃ခု ထပ်တွေ့နေရလို့ပါဆရာ။ ကလေးကို ခေါင်းတုံးတုံးထားပါတယ်။ ဘာဖြစ်မှန်းလည်းမသိ စိုးရိမ်ရလားလည်းမသိလို့ပါခင်ဗျာ။ ကလေးကတော့ နေမကောင်းသလို ဖြစ်မနေပါဘူး၊ ဖြေပေးပါဆရာ ကျေးဇူးတင်ပါတယ်။
ပြည်ရှိတဲ့အနာကို Abscess ခေါ်တယ်။ နေရာတကာမှာဖြစ်နိုင်တယ်။ ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါးဖြစ်လာတယ်။ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့အလုပ်ကို မလုပ်နိုင်ဖြစ်လာတယ်။ ဒီအဆင့်မှာ ပိုးကိုနိုင်တဲ့ဆေး ပေးရမှာပါ။
ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ (ပါရာစီတမော) နဲ့ (အိုင်ဘူပရိုဖင်) သုံးကြတယ်။ ဒီဆေးမျိုးက အဖျားကျ၊ အနာသက်သာပြီး အရောင်လျှော့စေတယ်။ တခါသောက် ၁ ပြား၊ တနေ့ ၂-၃-၄ ကြိမ်၊ အစာနု့သောက်သင့်တယ်။ လေနာရှိ မရှိတော့ သတိထားရတယ်။ ပါရာစီတမောဆိုရင် အသဲ ကောင်းသူသာသင့်တယ်။
ပြည်ကို ဆေးစာနဲ့ Pus ခေါ်တယ်။ ပြည်ထဲမှာ သွေးဖြူဥအပျက်အစီးတွေနဲ့ ပိုးအသေတွေပါတယ်။ ပိုးအမျိုးအစားအလိုက် ပြည်အရောင်၊ အနံ့နဲ့ အပျစ်အကျဲကွာတယ်။ Pseudomonas aeruginosa ပိုးကြောင့်ဖြစ်ရင် ပြည်ရောင်ကခပ်စိမ်းစိမ်းနဲ့ အနံ့အတော်ဆိုးတယ်။ Amoebic abscesses of the liver အသည်းမှာ အမီးဘားဝမ်းကိုက်ပိုးကြောင့်ပြည်တည်ရင် အရောင်က ညိုတိုတိုဖြစ်နေမယ်။ Anaerobic infections လေမကြိုက်ပိုးကြောင့်ဖြစ်တာက အလွန်ကိုနံတယ်။
အနာဆိုတာ ပြည်တည်လာရင်တော့ ခွဲထုတ်ရမယ်။ ဦးနှောက်၊ ခြေထောက်၊ အရေပြား၊ သွား၊ အရိုး၊ အသည်း ဘယ်ထဲရှိရှိ ပြည်ကိုထုတ်ရပါမယ်။ ခွဲစိတ်ပညာမှာ ပြည်ရှိရင် ပြည်ထုတ်ပါလို့ ဆိုလိုတယ်။ ဗမာလို ပြည်ပေါက် ပျောက်ပြီ။
အနာအတွက် သုံးတဲ့ပိုးသေဆေးတွေ (လူကြီး)
Clindamycin 300-450 mg ၈ နာရီခြား၊ ၅-၇ ရက်။
Cephalexin 250-500 mg ၄ နာရီခြား၊ ၅-၇ ရက်။
Dicloxacillin 250-500 mg ၆ နာရီခြား၊ ၅-၇ ရက်။
Doxycycline 100 mg ၁၂ နာရီခြား၊ ၅-၇ ရက်။
Trimethoprim-sulfamethoxazole (160 mg/800 mg) တခါသောက် ၁-၂ ပြား၊ တနေ့ ၂ ကြိမ်၊ ၅-၇ ရက်။
Azithromycin ၆ လကနေ ၂ နှစ်ကလေး = 10 mg/kg (maximum: 500 mg/dose) တနေ့ ၁ ကြိမ်၊ ၃ ရက်။
ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေအတွက် ပဋိဇီဝဆေး ရွေးရမယ်။ Amoxicillin ဆေး၊ Ampicillin ဆေး၊ Clindamycin ဆေး၊ Erythromycin ဆေး၊ Penicillin ဆေး၊ Ampicillin-Sulbactam ဆေး၊ Ceftriaxone ဆေးနဲ့ Cefixime ဆေး တခုခု ရွေးနိုင်တယ်။
Wound healing အနာဒဏ်ရာတွေ ဘယ်လိုကျက်သလဲ https://dr-tint-swe.blogspot.com/2021/05/wound-healing.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ