Alprazolam စိတ်ဆေး

၁။ မင်္ဂလာပါ ဆရာ အသက် ၃၃ နှစ် အမျိုးသမီးပါ ရာသီ ပုံမှန် အပျို ညဖက်ကောင်းကောင်း အိပ် မပျော်ဖြစ်နေတာ ၂နှစ်လောက်ရှိပါပြီ ၁နာရီ ၂နာရီ လောက်ပဲအိပ်ပျော်ပြီး နိုးနေတတ်ပါတယ် ဆရာဝန်ပြပါတယ် Zolium 0.25mg ပေးပါတယ် အဲ့ဒါနဲ့လဲအိပ်မပျော်ပါ Online မှာတွေ့တဲ့ ဆေးလေးမှာသောက်မလို့ပါ သင့်တော့်ပါ့မလား မေးချင်လို့ပါ ဆရာ

Zolium XR Tablet 1 mg = Alprazolam 1 mg

၂။ လေးစားရပါသောဆရာခင်ဗျား ယခုပုံတွင်ပြထားသောဆေးဝါး၏ ဘေးထွက်ဆိုးကျိုးများရှိရင် ဖေါ်ပြပေးပါခင်ဗျာ။ ဆေးသောက်ပြီး ၂ ရက်မြောက်နေ့မှာ လူကအားမရှိသလိုမျိုးဖြစ်နေပြီး အလုပ်လုပ်ချင်စိတ်မရှိဘဲ မရိုသေ့စကား ဆီးခဏခဏသွားနေပါတယ်။ ပုံပါဆေးဝါးများဖြင့် အကျိုးသက်ရောက်မှုရှိမရှိပြန်လည်ဖြေကြားပေးပါဆရာ။လေးစားစွာဖြင့်။

Xanax 5 mg ခေါ် Alprazolam ဆေးနဲ့ Escitalopram Oxalate ဆေးပုံတွေရရှိပါတယ်။ ဆေး ၂ မျိုးလုံးက စိတ်မကျဆေးတွေဖြစ်တယ်။ Fatigon ကတော့ ဗီတာမင်အီး ဖြစ်တယ်။

မေးတဲ့သူ အသက်-ကျား-မ မသိပါ။ ဘာဖြစ်နေမသိပါ။ ဆေးကိုဆရာဝန် ညွှန် မညွှန်လည်း မသိပါ။

၃။ ဆရာရှင် Alprazol 0.5 mg အကြောင်းလေးရှင်းပြစေလိုပါတယ်။ ကောင်းကျိူး ဆိုးကျိုးလေးကိုမေးတာပါ။

အသက် မသိပါ။ အမျိုးသမီးဖြစ်လို့ လိုသေးတာတွေ မသိပါ။ ဆေးကိုဆရာဝန် ညွှန် မညွှန်လည်း မသိပါ။

၄။ ကျွန်တော် အသက် ၃၅ နှစ်ပါ။ Xnax ကို မနက်ည 0.5 သောက်နေရပါတယ် ဆေးရဲ့ဘေးထွက်ဆိုးကျိုးကို သိချင်လို့ပါ။ ဆေးလဲဆက်မသောက်ချင်တော့ဘူး။ ဆေးမသောက်ရရင်လဲ စိတ်တို ဒေါသထွက်တာတွေ ပေါင်းသင်းဆက်ဆံရေး အဆင်မပြေတာတွေ ဖြစ်တယ်ဆရာ။ ဆေးသောက်နေတာလဲ ၈ နှစ်ထဲရောက်နေပါပြီ။ Anxiety depression ကြောင့်ပါ။ ကျေးဇူးတင်ပါတယ်ဆရာ။

Alprazolam ဆေးကို Anxiety စိုးရိမ်စိတ်ကဲခြင်းနဲ့ Panic Disorder စိတ်ဆောက်တည်ရာမရသူတွေကိုပေးတယ်။ ထိရောက်ပါတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေရှိပေမယ့် လိုရင်သောက်ရမယ်။ ဆောက်တည်ရာမရ လုပ်ချင်ရာ လုပ်တာမျိုးကို သိသိသာသာ သက်သာစေတယ်။ Xanax, Niravam, Xanax XR စတဲ့နာမည်တွေနဲ့ ရောင်းတယ်။

၁။ Anxiety စိုးရိမ်စိတ်များခြင်း
0.25 to 0.5 mg တနေ့ ၃ ကြိမ်။ ၃-၄ ရက်တခါလိုရင် တိုးပေးမယ်။ တချို့ကို တနေ့ 4 mg ကိုအကြိမ်ခွဲပေးတယ်။

၂။ Panic Disorder စိတ်ဆောက်တည်ရာမရခြင်း
0.5 mg တနေ့ ၃ ကြိမ်။ ၃-၄ ရက်တခါလိုရင် တိုးပေးမယ်။ တချို့ကို တနေ့ 1 to 10 mg ကိုအကြိမ်ခွဲပေးတယ်။

၃။ Depression စိတ်ဓါတ်ကျခြင်း
0.5 mg တနေ့ ၃ ကြိမ်။ ၃-၄ ရက်တခါလိုရင် တိုးပေးမယ်။ တချို့ကို တနေ့ 3 mg ကိုအကြိမ်ခွဲပေးတယ်။

Alprazolam ဆေး၏ ဘေးထွက်သက်ရောက်မှုများ
အိပ်ချင်မယ်။ ခေါင်းမူးမယ်။ အိပ်မရဖြစ်တတ်တယ်။ မှတ်ဉာဏ်နည်းမယ်။ စကာပြောနှေးမယ်။ အာရုံစိုက်ရခက်မယ်။ စိတ်တိုမယ်။ တည်ငြိမ်မှုနည်းတယ်။ သွားရည်များမယ်။ အာရုံစိုက်ရခက်မယ်။ ခေါင်းထဲပေါ့နေသလို ခံစားရမယ်။ အသက်ကြီးသူတွေမှာသာ ဒီလိုဖြစ်တတ်တယ်။ စိတ်တို၊ ၂ရ့၂% လူဝ၊ ချွေးများ၊ အိပ်မပျော်၊ ကြွက်သားတွေလှုတ်၊ မှတ်ဉာဏ်လျော့။ အရက်နဲ့ရောရင် ဒါတွေပိုဖြစ်တယ်။ ၁၄့၄% မှာ လိင်စိတ် နည်းပြီး၊ ရ့ရ% မှာ ကဲတယ်။ ယောက်ျား လိင်အင်္ဂါမသန်မာတာ၊ မပြီးစီးတာဖြစ်တယ်။ ရှားပါတဲ့အဖြစ်မျိုးတွေက ဝမ်းပျက်၊ ဝမ်းချုပ်၊ ပျို့-အန်၊ ဆီးသွားရခက်၊ မျက်စိဝေဝါး၊ ဗိုက်နာ၊ သွေးဖိအားကျ၊ ချွေးများ၊ ပျို့။ ကိုယ်ဝန်မှာမပေးသင့်ပါ။ မျက်စိရေတိမ်ရှိနေသူ၊ အရက်ကြောင့် အသည်းမကောင်းသူ၊ ကျောက်ကပ်မကောင်းသူ၊ သတ်သေချင်စိတ်ရှိသူများ မပေးပါ။ cimetidine; digoxin; fluvoxamine; nefazodone; ritonavir (HIV or AIDS); fluconazole, voriconazole ဆေးတွေပါသောက်နေရရင် သတိထားရမယ်။ ဆေးခြင်းဓါတ်ပြုနိုင်တယ်။ ကိုယ်ဝန်နဲ့ ကလေးနို့တိုက်နေချိန်လဲ မပေးရပါ။ အသက် ၁၈ နှစ်အောက် မပေးပါ။ လိုတာထက်ပိုသောက်ရင်အိပ်ချင်မယ်။ သတိလစ်မယ်။ ၃ ပုံ ၁ ပုံက ဆေးဖြတ်လို့မရဘူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ