Baby girl or boy ဘာလေးမွေးမှာလဲ

၁။ ဆရာ ကလေးက ယောက်ျားလေးလား မိန်းကလေးလားဆိုတာ ကိုယ်ဝန် ဘယ်နှစ်လမှာသိရပါသလဲဆရာ။
၂။ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ထဲက ကလေးကို ယောက်ျား၊ မိန်းမ ခွဲတဲ့နေရာမှာ ဂျုံစေ့၊ ဘာလီစေ့တို့အပေါ်မှာ မိန်းမ ကျင်ငယ်ရည် ဖျန်းရုံနဲ့ခွဲခြားသိနိုင်တယ်လို့ သိရပါတယ်ဆရာ။ အဲ့ဒီကိစ္စ မှန် မမှန် ရှင်းပြပေးစေချင်ပါတယ်။ 
ဗိုက်ထဲကကလေး ယောက်ျားလေး-မိန်းကလေး ခွဲသိဘို့ အရပ်ထဲက အမျိုးသမီးကြီးတွေရဲ့ အတွေ့အကြုံတွေကို အားကိုးတတ်တယ်။ တရုတ်တွေက ပြက္ခဒိန်ကိုသုံးတယ်။ ဆရာဝန်တွေတေည့ စက်ပါမှရတယ်။ အာလ်ထွာဆောင်းရိုက်မှသိကြတယ်။ 
ဖေ့စ်ဘွတ်မှာ ရမ်းပြောကြတာတွေ အများကြီးဘဲ။ မိန်းကလေးမွေးမဲ့ ကိုယ်ဝန်ဆိုတာ -
• အချိုတွေ၊ အသီးတွေ ချင်ခြင်းတပ်နေရင်၊ ဥပမာ (အိုက်စခရင်မ်)၊ (ကင်ဒီ)၊ ကျွန်တော်တို့ အမျိုးသမီးတွေက အချဉ်သီး၊ အချဉ်ထုပ်။
• ဗိုက်မှာ စက်ဝိုင်းလည်သလို လှုပ်ရင်၊
• ကိုယ်ဝန်ဆောင်ရတာ အရင်လောက် မလှဘူး ထင်နေရင်၊
• ဗိုက်ပုံစံက (ဘတ်စကက်ဘောလ်) လို မဟုတ်ဘဲ ဖရဲသီးလိုနေရင်၊
• ဆံပင် အရင်ကလောက် တောက်ပြောင် မနေရင်၊ 
• ကိုယ်ဝန်ဆောင်စလက္ခဏာတွေ မကြာခဏ ခံစားနေရရင်၊
• ဗိုက်ပေါ်က အမဲရောင်မျဉ်းဟာ ချက်နဲ့ ဆီးစပ်နေရာကြားမှာသာ တန်းနေရင်၊
• ဘယ်ဘက်ရင်သားက ညာဘက်ရင်သားထက် ပိုပြီး ကြီးနေရင်၊
• ညာဘက်စောင်းအိပ်တာ များရင်၊
• ကိုယ်ဝန်ဆောင်နေတုံး ခြေထောက်အေးရင်၊ 
• အရေပြားက အရင်ကလောက် မလှသလိုဖြစ်လာရင်၊ ဥပမာ ဝက်ခြံထွက်တာမျိုး၊
• ကိုယ်ဝန်ဆောင်တဲ့ နှစ်နဲ့ အသက်တွေ စုံဂဏန်းတူတွေဖြစ်နေရင်၊ ဒါမှမဟုတ် မဂဏန်းတူတွေဖြစ်နေရင်၊ 
• အထဲကကလေး နှလုံးခုန်နှုန်း ၁၄၀ ထက်များနေရင်၊ 
• လက်သည်း-ခြေသည်းတွေ အရင်ကထက် ကျွတ်ဆတ်နေရင်၊ 
• ကိုယ်ခန္ဓာကို နောက်ကနေကြည့်တဲ့ လှပခြင်းဟာ အရင်လိုဘဲ ဆက်လှနေရင်၊ 
• မျက်နှာ ပိုပြီးဝိုင်းစက်နေရင်၊ 
• ကြက်သွန်ဖြူစားပြီး အနံ့ကသိပ်မထွက်ရင်၊ 
• ပေါင်မုန့်အနားသား မစားချင်ဖြစ်နေရင်၊ 
• ယောက်ျားလေးမွေးမယ်လို့ အိပ်မက်မက်နေရင်၊
ယောက်ျားလေးမွေးမဲ့ကိုယ်ဝန် ဖြစ်တာများသူတွေ
• အငန်နဲ့အချဉ် ပိုစားချင်နေရင်၊ 
• ဗိုက်မှာ စက်ဝိုင်းလည်သလို မဟုတ်ဘဲ ရှေ့-နာက်လှုပ်ရင်၊
• ကိုယ်ဝန်ဆောင်မှ ပိုလှနေရင်၊
• ဗိုက်ပုံစံက ဖရဲသီးလို မဟုတ်ဘဲ (ဘတ်စကက်ဘောလ်) လိုဖြစ်နေရင်၊
• ဆံပင်ကအရင်ကထက် ပိုမဲနက်ပြီး ရှည်တာလဲမြန်လာရင်၊
• ကိုယ်ဝန်ဆောင်စလက္ခဏာတွေ သိပ်မခံစားရရင်၊
• ညာဘက်ရင်သားက ဘယ်ဘက်ရင်သားထက် ပိုပြီး ကြီးနေရင်၊
• ဘယ်ဘက်စောင်းအိပ်တာ များရင်၊
• အရေပြားက အရင်ကလိုဘဲ ဆက်ကောင်းနေရင်၊
• ဗိုက်ပေါ်က အမဲရောင်မျဉ်းဟာ ချက်နဲ့ ဆီးစပ်နေရာကြားမှာသာမကဘဲ ရင်ခေါင်းအထိ တန်းနေရင်၊ 
• ခြေထောက်တွေ ပိုအေးတယ်ထင်ရင်၊
• ကိုယ်ဝန်ဆောင်တဲ့နှစ်က မဂဏန်း၊ ကိုယ့်အသက်က စုံဂဏန်းဖြစ်နေရင်၊ ဒါမှမဟုတ် ပြောင်းပြန်သဘော ဖြစ်နေရင်၊
• အထဲကကလေး နှလုံးခုန်နှုန်း ၁၄ဝ ထက်နည်းနေရင်၊
• လက်သည်း-ခြေသည်းတွေ အရင်ကထက်ပိုပြီး ကျန်းမာနေရင်၊ 
• ကိုယ်နောက်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး မြန်မြန်ကြီးထွားလာရင်၊
• မျက်နှာသွယ်လျှနေရင်၊
• ကြက်သွန်ဖြူစားပြီး အနံ့က တနေကုန် မပျောက်က်နိုင်ရင်၊
• ပေါင်မုန့်အနာသားလဲ စားချင်မယ်ဆိုရင်၊
• မိန်းကလေးမွေးမယ်လို့ အိပ်မက် မက်နေရင်၊
Chinese conception gender chart သန္ဓေတည်ချိန်နဲ့ မွေးမဲ့ကလေး တွက်ချက်တဲ့ တရုတ်တွေသုံးတဲ့ဇယား 
အသက် - ၁၈ - ၁၉ - ၂ဝ - ၂၁ - ၂၂ - ၂၃ - ၂၄ - ၂၅ - ၂၆ - ၂၇ - ၂၈ - ၂၉ - ၃ဝ - ၃၁
ဇန္နဝါရီ = မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး 
ဖေဖေါ်ဝါရီ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး
မတ်လ = မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး 
ဧပြီလ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး 
မေလ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး 
ဇွန်လ = ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး 
ဇူလိုင်လ = ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး 
သြဂုတ်လ = ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး 
စက်တင်ဘာ = ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး 
အောက်တိုဘာ = ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး 
နိုဝင်ဘာ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး
ဒီဇင်ဘာ = ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - ယောက်ျားလေး - မိန်းကလေး - မိန်းကလေး - ယောက်ျားလေး 
အာထွာဆောင်းကို ၁၁ ပတ်မှာရိုက်ရင် တိကျမှု 70.3% ရှိပြီး ၁၂ ပတ်မှာရိုက်ရင် 98.7% နဲ့ 13 ပတ်မှာ100% ရှိတယ်။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ