Back Dimples ခါးချိုင့်ခွက်

(ကန်တော့)
၁။ ဆရာ မဂ်လာပါ အမျိုးသမီးသတော်များများမှာဖြစ်တတ်တဲ့ တင်ပါးဘေးချိုင့်တာကို ဘယ်လို လေ့ကျင့်ခန်းမျိုးလုပ်ရလဲ ဖြေပေးပါလားဆရာ
၂။ ဒေါက်တာခင်ဗျ တချို့တွေ ခါးမှာအချိုင့်လေးနှစ်ခုပါတတ်ကြလို့ ကောင်းကျိုးဆိုးကျိုး ဗဟုသုတအဖြစ်တင်ပေးပါအုံးခင်ဗျ။
Back Dimples ခါးချိုင့်ခွက်ခေါ်တာကို မေးတာလို့ထင်ပါတယ်။ ခန္ဓာဗေဒမှာ Sacral dimples လို့လည်းခေါ်တယ်။ Sacroiliac joint ခါးရိုးမကြီးနဲ့ တင်ပါးဆုံရိုးကွင်းကြီး ဆက်နေတဲ့အဆစ်နေရာမှာ ချိုင့်နေတဲ့နေရာ။
လူတိုင်းမှာရှိတယ်။ မသိသာသူ သိသာသူနဲ့ တဘက်သာသိသာသူရယ်လို့ရှိတယ်။ ရောဂါတခုခုနဲ့ ဆက်စပ်မှုမရှိပါ။ ခါးနာသူတွေ အဲဒီနေရာမှာဖြစ်လေ့ရှိတယ်။
လူတွေစိတ်ဝင်စားကြလို့ ယောက်ျားတွေမှာရှိတာ်ကို Apollo holes လို့ခေါ်ကြတယ်။ အမျိုးသမီးတွေမှာရှိတာကို Venus dimples ခေါ်ကြတယ်။ အမျိုးသမီးတွေမှာ မျိုးဗီဇအရဖြစ်တယ်လို့ ဆိုပါတယ်။
တချို့ကသဘောကျလို့ အဲတာပေါ်လွင်အောင် လေ့ကျင့်ခန်းလုပ်ကြည့်တယ်။ အမှန်က အဲဒီနေရာမှာ ကြွက်သားမရှိပါ။ အဆီလျော့ရင်သာ သိသာလာနိုင်တယ်။
တချို့က ကံကောင်းတယ်လို့ယူဆကြတယ်။ တချို့က ဆွဲဆောင်မှုရှိတယ်တဲ့။ အကြိုက်ဆိုတာ မတူကြပါ။ တချို့က အဲဒီနေရာမှာ အလှအပကွင်းတပ်ကြတယ်။ လူ့ကိုယ်က အဲလို။ လူ့စိတ်ဆိုတာ အဲလို။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ