နှစ်သစ်ကူး ဆွမ်းလောင်းပွဲ

နှစ်သစ်ကူး ဆုတောင်းစကားတွေ၊ ရုပ်ပုံတွေ၊ ဗီဒီယိုပုံတွေပို့နေကြတယ်။ တယောက်လာဒါ။ နောက်တယောက်လာဒါ။


တောရွာတွေက ဘုရားပွဲ ဆွမ်းလောင်းပွဲတွေမှာ မုံ့ဆီကြော်နဲ့ ပဲခွေလောင်းကြသလိုပဲ။ ဘုန်းကြီးကျောင်း ကျက်သရေခန်းမှာ အဲတာတွေ ပုံနေရော။


တောမုံ့ဆီကြော်နဲ့ ပဲခွေတွေကတော့ ကိုယ်တိုင်လက်နဲ့ ကြော်ကြတာ။ အခုဆုတောင်းတာတွေက အင်တာနက်လမ်းပေါ်က ကောက်လာတာတွေ။ သတ်ပုံတွေကမှားသေး။ 


မှားလို့မှားမှန်းမသိတာ အတော်ဆိုးတယ်။


ဆုတောင်းစာ


စာမပါလေ ကောင်းလေ

သတ်ပုံမှားတာက တမျိုး

စကားစုအထားအသိုလွဲတာက တမျိုး

တချို့က အဖြစ်ဆိုးနဲ့ မကြုံပါစေနဲ့တဲ့


လမ်းပေါ်ကကောက်လာတဲ့အရုပ်တွေ အမှိုက်ရှင်းနေရတာကတမျိုး


မပို့လေ ကောင်းလေ


မေတ္တာစာ

နှစ်သစ်ကူးမှာလာတဲ့ ဂူဂယ်လမ်းပေါ်ကကောက်ယူလာတဲ့ပုံတွေတော့ ရေးပြီးပြီ။ တောဆွမ်းလောင်းပွဲ ပဲခွေ၊ မုံ့ဆီကြော်နဲ့ ဝက်သားဟင်းဆွမ်းဟင်းလည်း ရေးပြီးပြီ။

နောက်ထပ် ခပ်ဆန်းဆန်း နှစ်ခုလာတယ်။ အဆန်းတခုက အသံဖိုင်ပို့ပြီး နားဆင်ကြည့်ပါတဲ့။ ကျွန်တော်က အသံဖိုင်တွေ ဗီဒီယိုဖိုင်တွေကို မဖွင့်ပါ။ နေမကောင်းလို့ မေးတာလားတော့ မသိ။

နောက်တခုက မေတ္တာစာလေးပါတဲ့။ အသံဖိုင်။ မေတ္တာစာဆိုတာ ရှေးဘုရင်တွေခေတ်ကတည်းကပေါ်တာ။ ပေါ်စမှာ ရဟန်းတော်တွေ စာဆိုတွေကနေ ဘုရင်ကို ဆက်သွင်းကြတယ်။ နောက်တော့ မေတ္တာရပ်ခံစာသဘောပါ ရေးကြတယ်။ ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌဌသာရ၊ ကန်တော်မင်းကျောင်းဆရာတော်၊ ကျည်းကန်ရှင်ကြီး၊ ရှင်ဥက္ကံသမာလာ၊ စလေဦးပုည၊ ကင်းဝန်မင်းကြီး အစရှိသူတွေရေးခဲ့တာတွေက မြန်မာစာပေသမိုင်းတင်ရစ်တယ်။ နောက်တခါ ချစ်ခင်ကြသူတွေအတွက် ရေးလာကြတယ်။ 

ကျွန်တော်တို့ငယ်ငယ်က ရည်းစားစာကိုလည်း မေတ္တာစာလို့ ယဉ်ယဉ်ကျေးကျေးခေါ်ကြတယ်။

ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂ဝ၁၆

၃၁-၁၂-၂ဝ၂၀


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ