စိပ် နဲ့ စိတ်

ဆရာခင်ဗျာ ဆေးရုံတွေမှာ ခွဲစိတ်ခန်း၊ ခွဲစိတ်ဆရာဝန်ကြီး။ ခွဲစိတ်အထူးကု စသည်ဖြင့် တွေ့ရပါတယ်။ ကျွန်တော့်အထင်တော့ စိတ်ဆိုတာ စိတ်ဓာတ်၊ စိတ်စေတသိတ်၊ စိတ်ရောဂါ၊ စိတ်ကူးယဉ် စသည်ဖြင့် ဖြစ်မယ် ထင်ပါတယ်။ စိပ်ဆိုတာ ပုတီးစိပ်။ ဝါးခြမ်းစိပ်၊ ခွဲခြမ်းစိပ်ဖြာ။ အစိပ်စိပ်အမွှာမွှာ။ တခုခုကို စိပ်မွှာရင် စိပ်ကို သုံးတယ်လို့ထင်ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ခွဲစိပ်ခန်း၊ ခွဲစိပ်ဆရာဝန်။ ခွဲစိပ်အထူးကုရေးမှ မှန်တယ် ထင်ပါတယ်။ ကျွန်တော့်အမြင် မှားသလား။ အမှားမြင်နေတာလား။ ကျွန်တော့်ကို အမှားပြင်ပေးပါဦးဆရာ။ အစဉ်လေးစားစွာဖြင့်။

ကျွန်တော်လည်း သတ်ပုံတွေ မကြာခဏမှားတတ်တယ်။ ခွဲစိတ်က မှန်တယ်။

စိပ်

ကွန်စိပ်ချ၍ ငါးဖမ်းသည်

စပါး ခပ်စိပ်စိပ်ကြဲပါ

စိပ်ပုတီး

ပုတီးစိပ်ပါ

မစိပ်မကျဲ

အရွက်စိပ်စိပ်

စိတ်

ကွက်စိတ်ဆရာ

ခွဲစိတ်ကုသခြင်း

စိတ္တဇ

စိတ်ကူးစိတ်သန်း

စိတ်ကိုချုပ်ထားပါ

စိတ်ဆတ်သူ

စိတ်တိုင်းကျ သုံးဆောင်ပါ

စိတ်ဓာတ်မကျပါနှင့်

စိတ်မကျေပွဲ

စိတ်မနှံ့သူ

စိတ်ဖြာ

စိတ်လိုက်မာန်ပါ မလုပ်ပါနှင့်

စိတ်ဝမ်းနှလုံး ကောင်းပါစေ

စိတ်သန္တာန်

ဆန်တစိတ် (ဆန်တစ်စိတ် မဟုတ်)

မိုးတစိတ်စိတ် (မိုးတစိမ့်စမ့်)

အသေးစိတ်

ငွေအစိတ် 

ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂ဝ၁၆

၃၁-၁၂-၂ဝ၂၀


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ