နှစ်သစ်ကို ကြိုကြခြင်း

ပြည်တွင်းမှာရော ယူအက်စ်အေမှာပါ မိတ်ဆွေအပေါင်းအသင်းတွေ စုဝေးပြီး စားကြ ဆိုကြတာတွေ တွေ့ရတယ်။ 


ဆရာဝန်ဖြစ်တော့ ဆရာဝန်စကားသာပြောရမယ်။ ယူကေအပါအဝင် တိုင်းပြည်အတော်များများမှာ နှစ်သစ်ကာလ ခရီးသွားခွင့်နဲ့ ဆိုင်ဖွင့်ခွင့်တွေ ပိုပြီး ကန့်သတ်လိုက်ရတယ်။


နှစ်သစ်ဖြစ်ပေမဲ့ မိဘတွေအိမ်ကို သားသမီးတွေ မြေးတွေ မလာကြပါ။ အသက်ကြီးသူတွေအတွက် ငယ်သူတွေက သတိ ပိုထားပေးကြတာ။


ပျော်သူတွေဆီကတော့ အပျော်ကူးစက်ပါတယ်။


လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းဖွဲ့ကာ ဝိုင်းဖွဲ့ကာ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ်  တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင် မိုးသက်ကယ်ဆင် ရှစ်ခွင်ကမည်း


မြန်မာပြည်သားတွေ ဘယ်မှာနေနေ နေကောင်းကြပါစေ။


ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂၀၂၀


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ