ဗမာတွေလည်း ပါပါရစေ


ကံကောင်းချင်းတွေ ပိုင်ဆိုင်ပါစေဆိုပြီးဆုတောင်းတာတွေ့တယ်။ ချင်း နဲ့ ခြင်း မှားနေတယ်။ အမှားပုံကို မတင်တော့ပါ။ 


ချင်း

ကိုယ်ချင်းစာပါ

ချက်ချင်းလုပ်ပါ

ချင်းစိမ်း

ချင်းတွင်းမြစ်

ချင်းနင်းဝင်ရောက်

ချင်းယားပင်

ချင်းပြည်နယ်

ချင်းသုပ် (ဂျင်းသုပ်)

ငါးမြစ်ချင်း၊

ငိုချင်းချသည်

စုံတွဲသီချင်း၊

စက်ဝိုင်းအချင်း၊

ညတွင်းချင်း၊

တခဏချင်း၊

တမုဟုတ်ချင်း၊

တယောက်ချင်း၊

တနေ့ချင်း

ထုတ်ချင်းခတ် (ထုတ်ချင်းခပ်)

ထုတ်ချင်းပေါက်

ဒုံးချင်း၊

ပွဲချင်းပြီး

ပိတ်ချင်း

မကုန်မချင်း၊

မင်းချင်းတယောက်

မရမချင်းကြိုးစားပါ

မျက်နှာချင်းဆိုင်၊

ဗြုန်းချင်းဒိုင်းချင်း၊

လုံးချင်းဝတ္ထု၊

လွှာချင်းစောင်၊

သံခြေချင်းခတ်

သားချင်းသမီးချင်းစာနာပါ

သီချင်း၊

သူငယ်ချင်း၊

အချင်းခပ်သိမ်း၊

အချင်းချင်း သင့်အောင်နေ

အချင်းများ

အချင်းမြှုပ်ရာအရပ်

အချင်းဝက်၊

အချင်းအတ၊

အရည်အချင်း

အိမ်နီးချင်း သင့်အောင်နေ

အိုင်ချင်း။

အကြောင်းချင်းတ

အဲချင်း၊

ဆွေမျိုးသားချင်း၊

တေးသီချင်း

နေ့ချင်းညချင်း၊

ဘေးချင်းတိုက်၊

မွေးချင်းသားချင်း

မွေးချင်းပေါက်ဖော်၊

ခြေချင်းဝတ်၊

ရေချင်းယားပင်၊

ရောက်လျှင်ရောက်ချင်း၊

ခြေချင်းလိမ်

သွေးချင်းသားချင်း၊

အေးချင်းဆိုသည်

အောက်ချင်းငှက်

နှစ်ချင်းပေါက်

နိုင်းချင်း၊


ခြင်း

ကခြင်း

ချက်ခြင်းလက်ငင်း

ဆွဲခြင်း၊

ကြက်ခြင်း

ခြင်းခတ်သည်

ခြင်းကြားကြီးနဲ့ ရေကိုယူ

ခြင်းလုံး

ခြင်းတောင်း

ဖြစ်ခြင်းပျက်ခြင်း၊

ဖြစ်ရလေခြင်း

လာခြင်း သွားခြင်း

သီဆိုခြင်း

အခြင်းအရာ

အိုခြင်း နာခြင်း

အကြောင်းခြင်းတ

အကြောင်းခြင်းရာ

ပျောက်ခြင်းမလှပျောက်

ဖောခြင်းသောခြင်း၊

ရေးဘတ်ခြင်း

သေခြင်းဆိုး၊

သွေးခြင်းခြင်းနီ

နှစ်ခြင်းခရစ်တော်၊


ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂၀၂၀


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ