နှမလက်လျှော့နေလေတော့

၁။ ဆရာရှင့် ဈေးလျှော့တာကိုပြောချင်ရင် လျှော့က အမှန်လား လျော့ ကအမှန်လားရှင့် လျှော့ နဲ့ လျော့ ကိုဝေခွဲမရဖြစ်နေလို့ပါ


၂။ လျှော့ နဲ့ လျော့ ဘယ်နေရာ ဘယ်လို သုံးရသလဲဆရာ


၃။ အလျော့အတင်းနဲ့ အလျှော့အတင်းကို နားလည်အောင် ရှင်းပြပေးပါဦးဆရာ


၎။ သိထားတာ လျော့ရိလျော့ရဲ ပါဆရာ


လျှော့

စိတ်လျှော့သည်

လက်လျှော့သည်

အကြံလျှော့သည်

ဈေးလျှော့ဖွင့်သည်

ဈေးလျှော့ဖွင့်သည်

လျှော့၍ လျော့သည်

လျှော့ရက်ရသည်

နှမလက်လျှော့ နေလေတော့


လျော့

ကြိုးလျော့

မာန်လျော့သည်

အထူးလျော့ဈေး

အားမတန် မာန်လျော့

အလျော့အတင်း စောင်းကြိုးညှင်း

ဖြေလျော့ခွေ

လျော့ကျသည်

လျော့နည်း

လျော့ပါး

လျော့ရိ လျော့နည်း

လျော့ရိ လျော့ရဲ

လျော့လျည်း

လျော့လျား

လျော့နေသည်


လူမြေထိတွင်၊ ဘက်မမြင်သား၊ သန့်စင်ငယ်က၊ လက်တော်လှနှင့်၊ ချိန်းချစေ့ရေး၊ မှာစာခွေကို၊ စသေလိပ်ပြီး၊ ခင်းနှီးကွတ်ကျယ်၊ ပြောင်မျိုးခြယ်၍၊ ဆင်စွယ်ဝန်းယှက်၊ မွေးမက်ရက်သည်၊ အသက်တို့က၊ ဆက်လှာရလည်း၊ မူလသိက္ခာ၊ ဆုံးမစာနှင့်၊ ငါးဖြာဝိနည်း၊ စောင့်စည်းပညတ်၊ အပ်တိတသွား၊ ဆံတဖျားမျှ၊ မမှားအာရုံ၊ ကာမဘုံကို၊ မမြုံရချေ၊ သတ်ငယ်သေစွ၊ ကမ္ပလွေရင်ပိုက်၊ တကိုက်လည်းကျွတ်၊ စာလက်လွတ်၍၊ ဖြစ်တတ်ဘိသည်၊ သင်္သာရှည်ခဲ့၊ ဖန်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ္တဒုက္ခ၊ အနိစ္စလည်း၊ နှလုံးပူစွ၊ ပေးလှူ စွန့်ကြ၊ သည်ဘဝတွင်၊ နှမလက်လျှော့၊ နေလေတော့ဟု၊ ချစ်ပေါ့မကြုံ၊ ညှိုးငယ်ပုံစွ၊ ရှက်ဟုံကြေးကြုပ်၊ ချမင်းတုပ်သို့၊ စိတ်ချုပ်မဖွင့်၊ ပျံလွင်မေတ္တာ၊ ကရုဏာနှင့်၊ တဏှာလောဘ၊ ဒေါသမြှေးထူ၊ ရမ္မက်မြူကို၊ ဘယ်သူနှိုးရှာလေတော့မည်။ (ရှင်မဟာရဋ္ဌသာရ)


ဗိသုကာ ပညာရှင် ပန်းချီ ခင်မောင်ရင်ရိုက်ကူးတဲ့ နှမလက်လျှော့နေလေတော့ရုပ်ရှင်ဇာတ်ကားရှိတယ်။


နှမလက်လျှော့နေလေတော့ (တွံတေးသိန်းတန်) https://www.youtube.com/watch?v=_VJ8hEjy0Vk


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ