Blood Glucose Meter ဆီးချိုတိုင်းစက်

မင်္ဂလာပါဆရာ ဆီးချိုတိုင်းတဲ့စက်အကြောင်းလေး မေးခွင့်ပြုပါရှင့် ကျွန်မတို့အိမ်က ဆီးချိုတိုင်းတဲ့စက်ကို thada တံဆိပ်နဲ့ သုံးပါတယ် ဘေးအိမ်ကတော့ g doctor လို့ပြောပါတယ် အဲ့ဒါ သူ့စက်က နေဆီးချို တိုင်းတာ ၁၀၁ လောက်ပဲပြနေပြီ ကျွန်မတို့ အိမ်က စက်နဲ့တိုင်းတော့ 149 လို့ စက်က ပြနေပါတယ် သူ့စက်နဲ့တိုင်းပြီးနာရီဝက် လောက်ကြာမှ ကျွန်မတို့အိမ်က စက်နဲ့တိုင်းတာပါ အဲ့လိုတိုင်းတဲ့အချိန်ကြားထဲ ဘာမှမစားပါဘူး မတိုင်းခင်လဲ မစားထားပါဘူး အဲ့ဒါကို ကွာနေလို့ ဘယ်စက်က အဖြေမှန်မလဲ မသိပဲ အဲ့လိုပဲ ဖြစ်တတ်တာလား ဆီးချို စက်တွေကို ယုံသင့်ရဲ့လား မသေချာ လို့ ဆရာဆီကို မေးကြည့်တာ ပါကျေးဇူးပြုပြီးဖြေပေးပါဦးနော်

ဆီးချိုဆိုတာ အချိန်တိုင်း ပြောင်းလဲနေတယ်။ စက်ကရိယာတွေက မတူကြပါ။ သွေးဖိအားတိုင်းတာတွေမှာလည်း မတူကြပါ။ ဆောရီး။

ဓါတ်ခွဲခန်းမှာစမ်းလိုရတဲ့အဖြေနဲ့ ကိုယ့်အိမ်သုံးစက်ကအဖြေဟာ ၁၅% သာကွာရင် လက်ခံသင့်တယ်လို့ မှတ်ယူနိုင်တယ်။

ယူအက်စ်အေမှာ အသင့်မှန်ဆုံး ဆီးချိုတိုင်းစက်တွေကတော့

Bayer Contour Next

Roche ACCU-CHEK AVIVA Pplus

Walmart ReliOn Confirm

CVS Advanced by Agamatrix

FreeStyle Lite by Abbott

Accu-Check Smart View တွေဖြစ်ပါတယ်။

မေးတာကို ဖြေပြီးပြီ။ သတ်ပုံပြင်ဦးမယ်။ တစိတ် မဟုတ်။ တံဆိပ်လို့ရေးရတယ်။

ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂ဝ၁၈

၃၁-၁၂-၂၀၂၀

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ