December ဒီဇဘၤာလ

၂၀၂၁ ဒီဇင်္ဘာလဟာ မြန်မာပြက္ခဒိန်အရ ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၁၃) ကနေ နတ်တော်လဆုတ် (၁၃) ရက်နေ့အထိ ကျရောက်တယ်။ ဒီဇင်္ဘာဆိုတာ လက်တင်လို Decem ကနေလာတာဖြစ်တယ်။ အဓိပ္ပါယ်က (၁ဝ)။ စပေါ်တဲ့ပြက္ခဒိန်မှာ (၁ဝ) လသာပါလို့ ဖြစ်တယ်။

ဒီဇင်္ဘာ နှစ်ပါတ်လည်နေ့များနဲ့ ဆောင်ပုဒ်များ
• December 1 = ကမ္ဘာ့ World AIDS Day နေ့။ ပေါ်တူကီ လွတ်လပ်ရေးပြန်ရခြင်းနေ့၊ ရူမေးနီးယား ပြည်ထောင်စုနေ့၊ Eat a Red Apple Day ပန်းသီးအနီတလုံးစားပါ။
• December 2 = ယူအေအီးနိုင်ငံ အမျိုးသားနေ့။
• December 3 = International Day of People with Disability နိုင်ငံတကာ မသန်စွမ်းသူများနေ့။
• December 4 = World Wildlife Conservation Day ကမ္ဘာ့ တောရိုင်း တိရိစ္ဆာန်များ ထိန်းသိမ်းရေးနေ့။ အိန္ဒိယ ရေတပ်မတော်နေ့။
• December 5 = Volunteer Day စေတနာ့ဝန်ထမ်းနေ့။ ထိုင်းနိုင်ငံ ဘုရင့်မွေးနေ့ (ဖခင်နေ့)။
• December 6 = ဖင်လန်နိုင်ငံ လွတ်လပ်ရေးနေ့။ စပိန်နိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့။
• December 7 = Pearl Harbor Day အမေရိကန် ပုလဲဆိပ်ကမ်းနေ့။
• December 9 = Christmas Card Day ခရစ္စမတ်ကပ်နေ့။
• December 8 = ပနားမားနိုင်ငံ မိခင်နေ့။ ရိုမေးနီးယားနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနေ့။
• December 10 = နိုဗယ်ဆုပေးတဲ့နေ့ Alfred Nobel ကွယ်လွန်တဲ့နေ့။ လူ့အခွင့်အရေးများနေ့။
• December 11 = Mountain Day တောင်များနေ့။
• December 12 = ကင်ညာနိုင်ငံ လွတ်လပ်ရေးနေ့။
• December 14 = Monkey Day မျောက်နေ့။
• December 16 = ဘာရိန်းဘုရင့်နိုင်ငံ အမျိုးသားနေ့။ ဘင်္ဂလားဒက်ရှ် အောင်ပွဲနေ့။ တောင်အာဖရိကနိုင်ငံ ပြန်လည်သင့်မြတ်ရေးနေ့။ Beethoven's Birthday ဂီပညာရှင် ဗီသိုဗင်မွေးနေ့။
• December 17 = Maple Syrup Day မေပယ်အချိုရည်နေ့။
• December 25 = ခရစ္စမတ်နေ့။
• December 26 = Boxing Day အိမ်စေများ၊ တပည့်များအား လက်ဆောင်ပေးသည့်နေ့။ ဆလိုဗေးနီးယားနိုင်ငံ လွတ်လပ်ရေးနေ့။
• December 27 = Visit the Zoo Day တိရစ္ဆာန်ရုံလည်ပါ။
• December 28 = သြစတေးလျတောင်ပိုင်း Proclamation Day နေ့။ Chocolate Day ချော့ကလက်နေ့။
• December 31 = New Year's Eve နှစ်သစ်ကူး အဖိတ်နေ့။

ဒီဇင်္ဘာ တလလုံးနဲ့ဆိုင်တဲ့ ဆောင်ရွက်ရန်များ
• World Aids Month ကမ္ဘာ့ AIDS လ။
• National Drunk & Drugged Driving Prevention Month မူးယစ်ဆေးနဲ့အရက်သုံးပြီး ကားမောင်းခြင်း ကာကွယ်ရေး အမျိုးသားလ။
• Vegetables and Exotic Fruits Month အမြစ်ပါအသီးအနှံများနှင့် အရောင်အသွေးစုံ နှစ်သက်ဖွယ် အသီးများလ။
• Safe Toys and Gifts Month ကလေးကစားရများနှင့် လက်ဆောင်ပစ္စည်းများစိတ်ချရမှုလ။
• Spiritual Literacy Month ဝိညာဉ်ဆိုင်ရာစာပေလ။
• Tomato and Winter Squash Month ခရမ်းချဉ်သီးနှင့် ဆောင်းဖယုံသီးလ။
• Worldwide Food Service Safety Month ကမ္ဘာလုံးဆိုင်ရာ အစားအသောက်ဝန်ဆောင်မှု စိတ်ချရမှုလ။

အခြားနှစ်ပါတ်လည်နေ့များ
၁၈-၁၂-၁၉၉၀ NCGUB ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ စတင်ဖွဲ့စည်းသည့်နေ့။

Sweet December ကို ဒေလီမှာနေခဲ့တုန်းက ချင်းလူမျိုးခရစ်ယန်တွေပြောကြတာသိရပေမယ့် လိုက်ရှာတော့ သီချင်းနာမည်သာတွေ့ရတယ်။ တခြားခရစ်ယန်ကိုးကွယ်တဲ့နိုင်ငံတွေမှာ မတွေ့့မိပါ။ ယူအက်စ်အေမှာလည်း မသိကြပါ။

ဒီဇင်္ဘာသင်္ကေတ
• မြန်မာပြည်မှာ Smooth Luffa (Luffa cilindrica) ခဝဲပန်း၊ Chrysanthemum ဂန္ဓမာပန်း၊ Kaempferia pulchra ဂမုန်းပန်းနဲ့ Bulbophyllum auricomum သဇင်ပန်းတွေပွင့်ကြမယ်။
• နိုင်ငံတကာ ဒီဇင်္ဘာပန်း = Narcissus ပန်း (မြန်မာလိုမသိပါ)၊
• ဒီဇင်္ဘာ ဆယ့်နှစ်ရာသီခွင် = Sagittarius = ဓနု (၂၁ ရက်အထိ)၊ Capricorn = ဆိတ် (၂၂ မှစ၍)
• ဒီဇင်္ဘာ အဖိုးတန်ကျောက်များ = Turquoise, Zircon, Tanzanite စိမ်းပြာကျောက်များ၊

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ