Frozen shoulder အေးခဲသွားသောပခုံး

၁။ ဆရာရှင့် ကျမရင်သားကင်ဆာကုသနေသူပါ အရိုးဆေးသွင်းတာ၁လရှိပြီဆရာ အဲဒါ ပခုံးကပ်လိုအရိုးအကြောဆရာဝန်က လက်မောင်းထဲဆေးထိုးရင်ပြောက်(ပျောက်)မြန်တယ်ပြောပါတယ်

အဲဒါထိုးလို့ရလားရှင့်

၂။ အမျိူးသမီး အသက် ၄၀ ပါ အိမ်ထောင်မရှိ ဓမ္မတာပုံမှန် ညာဘက်လက်မောင်းထဲမှာမာခဲခဲနဲ့ယောင် (ရောင်) နေ (၆လခန့်ရှိပါပြီ) ဓာတ်မှန်ရိုကဘာမှမပေါ်ပါ ဆေးထိုဆေးသောက်မသက်သာပမြန်မာဆရာနှင့်ပြ အပူခဲလာလို့ပြော မသက်သာပါ မနာပါဆရာ ဆေးနည်းလေးရှိယင် (ရင်) ပြောပြပေးပါဆရာ လက်အဆုံးထိလဲမြှောက်မရပါဆရာ

၃။ မင်္ဂလာပါဆရာ ကျမအသက်က ၃၈ နှစ်ပါ။ အိမ်ထောင်မရှိပါ။ ရာသီမှန်ပါတယ်။ ကျမ ယခု ဘယ်ဘက်လကလက်မောင်းအရင်မှနာနေတာ ၁ နှစ်ကျော်ပါပြီ။ အရမ်းနာကျင်တာမျိုးမဟုတ်ဘဲ ဖိအိပ်မိတဲ့အချိန် လက်အမြှောက်အချလုပ်မိချိနလက်နောက်ပြန်အနေအထား အသုံးပြုမိချိန်တွေမှာ နာတတ်ပါတယ် ဖြစ်တာ (၁) နှစ်ကျော်ပါပြီ။

၄။ ကျွန်တော့်အမေ အသက် ၅၀။ နေရပ် ရန်ကုန်။ အမေက fashion designer တယောက်ပါ။ လွန်ခဲ့တဲ့ ၆ လ လောက်ကစပြီး အခန့်မသင့်သလိုဖြစ်ပြီး လက်က အကျော(အကြော)ညှပ်သလိုဖြစ်ပါတယ်။ နောက်ပိုင်း ညဘက်ရောက်ရင် အကျောတက်ပါတယ်။ ကျွန်တော်လည်းတက် (တတ်) သလောက် နင်းနှိပ်ပေးတယ်။ နောက်ပိုင်း တဖြေးဖြေး ပိုဆိုးလာပါတယ်။ ထို့နောက် လက်ကသိပ်မြောက်လို့ မရတော့ဖြစ်လာတယ်။ ဆေးရုံပြကြည့်ပါတယ်။ သောက်ဆေးပေးပါတယ်။ ပိုဆိုးလာသလိုခံစားရလို့ ဆက်မသောက်ဖြစ်တော်ပါ။ ယခုတော့ MOVE FREE ဆိုတဲ့ဆေး သောက်နေပါတယ်။ ထိုနောက် ဆေးခန်းမှာ Vegan စက်နဲ့ နိပ်ပါတယ်။ ၃ ပတ်လောက်နိပ်ကြည့်ပါတယ်။ မသက်ပါ။ တခါခါ ထမင်းစာရင်တောင် ဇွန်းပြုတ်ကျပါတယ်။ ထို့နောက် ၁ လလောက် ဒီတိုင်းပဲ နေလိုက်တယ်။ ညရောက်ရင် ပိုနာပါတယ်။ အေးရင်ကိုက်တယ်။ လက်ပခုန်းက အားမရှိသလို မျိူးခံစားရပါတယ်။ နေရတော်တော် ဆိုးပါတယ်။ လက်က ဘေးတိုက်မြှောက်ရင် 90 degree ထိပဲ မြှောက်လို့ရပါတယ်။ အပေါ်မြှောက်ရင်လည်း သိပ်မြှောက်လို့မရပါ။ လမ်းထဲက တရုပ်အပ်စိုက်ဆရာနဲ့ ၃ ပတ် လောက် ၁ ရက်ခြား ၂ ရက်ခြား အပ်စိုက်ဖြစ်ပါတယ်။ ထိုနောက် အနည်းငယ်သက်သာပါတယ်။ အသားတွေက အပ်စိုက်ပါများလာတော့ နာလာပါတယ်။ ထိုနောက် ဆက်မစိုက်ဖြစ်တော့ပါ။

၅။ အမေ အသက် ၆၂ နှစ် သွေးတိုးဆီးချိုရှိ Metformin ၂ ကြိမ် Amlodipine ၁ ကြိမ် သောက်နေပါတယ် ခု လက်မောင်းကိုက်နေလို့ပါ ဘယ်ဘက်ကစပြီးကိုက်တာပါ ခုဆိုညာဘက်ပါကိုက်ပါတယ်ရှင့် ပခုံးလက်မောင်းတပြင်လုံးကိုက်တာပါရှင့် လက်မြှောက်လို့လဲမရပါဘူး အရမ်းနာပါတယ် ခေါင်းဖီးလို့လဲမရပါဘူးရှင့်

ပခုံးမှာရောဂါရလို့ သူ့အလုပ်သူ မလုပ်နိုင်တော့တာကို ဆေးစာမှာ Frozen shoulder ပခုံးခဲသွားတယ်လို့ တင်စား ခေါ်တယ်။ တကယ်ခဲသွားတာတော့ မဟုတ်ပါ။ ပခုံးဆစ်ရဲ့ အဖုံးလွှာရောင်ရာကနေ ပလာစတာလိုဖြစ်သွားလို့ Adhesive capsulitis လို့ပါ ခေါ်သေးတယ်။ အလွန်နာပါတယ်။ ပခုံးက အထက်မြှောက်မရ၊ စက်ဝိုင်းလိုလဲ လှည့်မရပါ။ ဘာမှ မလုပ်တာတောင် နာနေတတ်တယ်။

ခိုက်မိရာကနေလည်း ဖြစ်တတ်တယ်။ Tendonitis ခေါ်တဲ့ အရွတ်ကြောရောင်တာကလဲ ဖြစ်တယ်။ Bursitis အဆစ်တွေမှာ ချောဆီရှိနေတဲ့ အိတ်ရောင်လို့လဲ ဖြစ်တယ်။ Autoimmune reaction ဆိုတဲ့ ရောဂါပြီးစနစ် ကမောက်ကမဖြစ်လို့လဲ ဖြစ်တယ်။ ပခုံးဆစ်မှာ ဖုံးနေတာက ရောင်တော့ ကြာရင် အမာရွတ် ဖြစ်လာတယ်။ အသက် ၄၀ နဲ့ ၆၅ ကြားလူတွေ ပိုဖြစ်တယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ ဆီးချိုရှိသူ ပိုဖြစ်တယ်။ အလှုပ်အရှား နည်းသူတွေ ပိုဖြစ်တတတ်သလို အဆစ်ကို လိုတာထက် ပိုလုပ်သူတွေလဲ ပိုဖြစ်တယ်။ ပခုံးကို ခွဲစိတ်ခံရကနေလဲ ဖြစ်နိုင်တယ်။ လည်ပင်ကြီးဟော်မုန်း များသူ၊ နှလုံးသွေးကြောရောဂါရှိသူ၊ စိတ်ကျရောဂါ ခံစားနေရသူတွေနဲ့ Parkinson’s disease ဆိုတဲ့ အာရုံကြောရောဂါ ရှိသူတွေမှာလဲ ပိုဖြစ်တာ တွေ့ရတယ်။

ရောဂါရာဇဝင်မေး၊ လူနာကို စစ်ဆေးပြီး X-ray နဲ့ MRI scan တွေနဲ့ ရောဂါနာမယ်ကို သေချာအောင် လုပ်ပါတယ်။

ကုသရာမှာ -

Anti-inflammatory drugs (NSAID) အနာ-အကိုက်ပျောက်ဆေး၊

Cortisone injections အဆစ်ထဲကို ကော်တီဇုန်းဆေး ထိုးပေးတာ၊

Physical therapy ဖီဇီယိုနဲ့ ကုသတာတွေ လုပ်ပေးတယ်။ ကြာတော့ ကြာပါမယ်။

Prednisone ဆိုတဲ့ (ကော်တီဇုန်း) ဆေးကို စပေးချိန်မှာ တနေ့မှာ ၂ ပြား ၄ ကြိမ်ကနေ၊ နောက်မှာ ၂ ပြား ၃ ကြိမ်၊ နောက် ၂ ပြား ၂ ကြိမ်၊ နောက် ၁ ပြား ၃-၂ ကြိမ် ဆိုသလို တပါတ်တခါ လျှော့လျှော့ ပေးရပါတယ်။ ဂကော်တီဇုန်း) ဆေးက ဘေးထွက်ဆိုကျိုး မနည်းလှပါ။

ဆေးတွေက ရောင်နေတာနဲ့ နာတာသက်သာစေဘို့ပါ။

လေ့ကျင့်ခန်းကလဲ အတော်အရေးပါတယ်။

လိုအပ်ရင် ဆရာဝန်က မေ့ဆေးပေးပြီး ဖြစ်နေတဲ့ အဆစ်ကို လှုပ်ရှားပေးမယ်။ အမာရွတ်တွေ ချိုးဖျက်သလို ဖြစ်စေမယ်။ တခါမကလဲ လုပ်ရတတ်တယ်။

Arthroscopic surgery ဆိုတဲ့ အနုစိတ်ခွဲစိတ်မှုလုပ်ပြီး အမာရွတ်တွေကို ရှင်းထုတ်ပါတယ်။

အနာအကိုက်ပျောက်ဆေးဆိုတာ အမျိုးမျိုးရှိလို့ တခုမဟုတ် တခု ပြောင်း သုံးနိုင်ပါတယ်။ ဆေးကုတာမှာ Aggressive treatment ခေါ်သလို ခပ်ကြမ်းကြမ်းနည်း သုံးရပါတယ်။ ဒါတွေ အကုန်လုပ်တာတောင်မှ ပြန်မကောင်းတာလဲ ရှိတတ်တယ်။ မကုတာထကအများကြီး သက်သာ၊ ကောင်းမွန် ပျောက်ကင်းစေနိုင်ပါတယ်။

Intra-articular injection Shoulder ပခုံးထဲဆေးထိုးနည်း

- Hydrocortisone acetate 0.002

- Methylprednisolone acetate 0.001

- Prednisolone tebutate 0.001

- Triamcinolone acetate 0.004

- Triamcinolone hexacetonide 0.0002

Dr. တင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ