Gingivitis သွားဖုံးရောင်ခြင်း

၁။ သွားဖုံးအရမ်းကိုက်နေတယ်ဘယ်လိုလုပ်ရမလဲဗျာ
ဆရာဝန်ကို မေးတာတော့ မဟုတ်ပါ။ မက်စင်ဂျာ ဖတ်ပါရန်။ အောက်မှာ မေးလို့ ဖြေထားတယ်။
၂။ ဆရာရှင့် ကျွန်မအသက် ၂၉ နှစ်ပါ ကိုယ်ဝန်၅ လနဲ့ပါ ခု ဖြစ်​နေတာက သွားဖုံး​ရောင်တာက အ​ရောင်ကျ သွားပီး (ပြီး) သွားဖုံး အ​​ခြေမှာ ပြည်ဖု​လေး ခနခန (ခဏခဏ)  ​​ပေါက်​နေလို့ပါ ဆရာ ​ဆေးခန်းလည်း ပြရတာ အဆင်မ​ပြေ​သေးလို့
၃။ မင်္ဂလာပါဆရာ ကျွန်မအသက်က ၃၆နှစ်ပါ အံသွားနားကသွားဖုံးရောင်နေလို့ပါ အနာလိုလို ပြည်လိုလိုလဲဖြစ်နေတယ်ဆရာ။ paracetamol သောက်တာ အနာသက်သာပေမယ့် အရောင်မကျဘူးဆရာ နို့တိုက်မိခင်ဆိုတော့ ဘာဆေးသုံးစွဲရမလဲဆရာ ကျေးဇူးတင်ပါတယ်ရှင့် 
၄။ အသက် ၂၂၊ ယောက်ကျား၊ လက်ဝဲဘက် သွားဖုုံးနာ (အမဲသား အရွတ်ကို ဝါးစားထား၊ ရာသီဥတုအရမ်းပူ အပြင်ထွက်ထား)၊ နှစ်ရက်ကြာပါပြီ ဆရာ၊ ထမင်းမစားနိုင်ပါ။ ဆန်ပြုတ်သောက်နေရပါသည်။ သောက်ဆေးအညွှန်း ရေးပေးစေလိုပါသည်။
၅။ ဆရာ ကျွန်တော် ့ အသက် ၂၄ပါ။ ခုဖြစ်နေတာက လက်ဖဝါး  ခြေဖဝါးတွေ ပူပါတယ်။ ဗိုက်ကယ်သလိုလည်း ဖြစ််နေပါတယ်။ မနေ့က စတာပါ။ အစာမစားရင် ဗိုက်ကသက်သာပါတယ်။ စားပြီး ရေသောက်တာနဲ ့ဗိုက်ကယ်ချင်သလို ဖြစ်ပါတယ်။ ခံတွင်းပျက်တာတော့ ၅ ရက်လောက်ရှိပါပြီ။ ပါးဆောင် အောက်ဖက်အံသွား သွားဖုံးက ပထမယောင်(ရောင်)ပြီး  ပြည်တည်ပါတယ်။ ဆေးဆိုင်က အတွဲဆေးသောက်ပါတယ်။ ဆားရည်လည်းငုံ ပလုပ်ကျင်းပါတယ်။ ပြည်တော့ မထွက်တော့ပါဘူးခင်ဗျ။ ခုဖြစ်နေတာက ဗိုက်က မနာပဲ ဝမ်း သွားချင်သလို ဖြစ်နေပါတယ်။ လက်ဖျား ခြေဖျားတွေ ပူနေပါတယ်။ လူလည်းနှုံး(နုံး)ပြီ အိပ်ပဲနေချင်တယ်ဆရာ။
၆။ အသက် ၂၂၊ ယောက်ကျား၊ လက်ဝဲဘက် သွားဖုုံးနာ (အမဲသား အရွတ်ကို ဝါးစားထား၊ ရာသီဥတုအရမ်းပူ အပြင်ထွက်ထား)၊ နှစ်ရက်ကြာပါပြီ ဆရာ၊ ထမင်းမစားနိုင်ပါ။ ဆန်ပြုတ်သောက်နေရပါသည်။ သောက်ဆေးအညွှန်း ရေးပေးစေလိုပါသည်။
သွားဖုံးရောင်ရင် ရောင်မယ်၊ နီမယ်၊ နာမယ်၊ သွေးထွက်မယ်၊ ခံတွင်းအနံ့မကောင်းဖြစ်မယ်။ အပေါ်ကဖုံးနေတာကို Plaque ပလိပ်လို့ ခေါ်တယ်။ ပလိပ်ပြားဖြစ်တာနဲ့ မဖြစ်တာဆိုပြီး အတန်းအစားတွေ ခွဲထားတယ်။ ပလိပ်ပြားရှိတာက အဖြစ်များတယ်။ ဗက်တီးရီးယားကနေ ဖြစ်စေတယ်။ 
ခံတွင်းသန့်ရှင်းလုပ်ပြီး ကာကွယ်နိုင်ပါတယ်။ နေ့တိုင်း သွားတိုက်တာနဲ့ Flossing သွားကြားတွေထဲ ကြိုးစနဲ့ သန့်ရှင်းတာ လုပ်ရမယ်။ ဗက်တီးရီးယားရန်ကနေ ကာကွယ်ရမယ်။ ဆားရည်နဲ့ပါးစပ်ဆေးတာ အကောင်းဆုံးနဲ့ အလွယ်ဆုံးဖြစ်တယ်။ Hydrogen peroxide, Chlorhexidine mouth washes ပါးစပ်ဆေးရည် အမျိုးမျိုးကိုလဲ သုံးနိုင်တယ်။
NSAID အနာသက်သာဆေးရည်စိမ်ပေးတာလဲ လုပ်တယ်။ Parecetamol ဒါမှမဟုတ် Ibuprofen ဒါမှမဟုတ် Diclofenac စားဆေးတွေ သောက်ရတယ်။ ဆေးတွေရဲ့ဘေးထွက်-ဆိုးကျိုးတွေကိုတော့ သတိထားရမယ်။ ဆေးတမျိုးကို တခါသောက် ၁ ပြား၊ တနေ့ ၂-၃ ကြိမ် အစာနဲ့သောက်ပါ။ လေနာဆေးတမျိုးမျိုးနဲ့တွဲပေးလေ့ရှိတယ်။ 
ဗီတာမင် (စီ) ကိုလည်းတွဲပေးတတ်တယ်။ 
သွားအထူးကုဆရာဝန်တွေကလဲ ကုသနည်းတွေလုပ်ပေးမယ်။ ဆေးမကုဘဲနေရင် Periodontitis ရောဂါဆက်ဖြစ်နိုင်တယ်။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း