Gynomax မွေးလမ်းထဲထည့်တဲ့ဆေး

(ကန်တော့)
၁။ ဒီဆေးရော ထည့်လို့ရပါသလားဆရာ ပြန်လည်ဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်ရှင့် ဆရာသက်ရှည်ကျန်းမာ စိတ်ချမ်းသာပါစေ
၂။ ဆရာရှင့် သမီးအသက် ၃၂ နှစ်ပါ ၁ လပိုင်းက ကိုယ်ဝန်ပျက်ပြီးသားအိမ်ခြစ်ရပါတယ် ခြစ်ပြီးတော့ ဆရာဝန်က သားအိမ်ခေါင်းရောင်တယ်ဆိုပြီး gynomix ထည့်ဆေး 6 ရက်ထည့်ခိုင်းပါတယ် အဲ့ဆေးကဘာဆေးလဲရှင့် သားအိမ်ခေါင်းကကောဘာလို့ရောင်တာလဲဆရာရှင့် စိုးရိမ်ရလားရှင့်
Gynomax ဆိုတာ မွေးလမ်းထဲထည့်တဲ့ဆေးဖြစ်တယ်။ 200 miligrams of Thioconazole, 300 miligrams Tinidazol, 100 miligrams of Lidocaine ဆေးတွေပါတယ်။
Vaginal fungal infection ဖန်းဂတ်စ် ရိစ် မှိုပိုးဝင်ခြင်းအတွက် ကုသနည်းများ
Candida albicans ပိုးကနေဖြစ်တယ်။ လိင်ကတဆင့် မဟုတ်တာရော ဟုတ်တကာကနေ ကူးနိုင်တယ်။ အမျိုးသမီး ၂၀ % လောက်မှာဖြစ်ကြရတယ်။ အဖြူပျစ်ပျစ်ကနေ ဒိန်ခဲလို အဖတ်အဖတ် ဆင်းတတ်တယ်။ အရည်ကျဲလည်း ဆင်းနိုင်ပေမဲ့ အနံ့မရှိဘူး။ ယားမယ်၊ ဖြစ်တဲ့နေရာမှာ နီရဲနေမယ်။ ပဋိဇီဝဆေးသောက်ရင် မွေးလမ်းထဲမှာ နဂိုရှိနေတဲ့ မိတ်ဆွေပိုးတွေပါ သေစေတာကြောင့် မှိုဝင်တတ်တယ်။
Clotrimazole (Gyne-Lotrimin, Mycelex-7) မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။ ဒါမှမဟုတ် Clotrimazole 1% ခရင်မ်၊ ဒါမှမဟုတ် Miconazole 2% ခရင်မ်၊ ၃-၇ ရက်၊ ဒါမှမဟုတ် Fluconazole 150 mg စားဆေး၊ Clotrimazole မွေးလမ်းထဲထည့်ဆေး၊ 100 mg ၆-၇ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ ဒါမှမဟုတ် Nystatin 100,000 IU, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။ Monistat; Femizol; Vagistat; M-Zole; Micatin; Lotrimin နာမယ်တွေနဲ့ ရောင်းတယ်။ ရာသီလာချိန်မှာလည်း သုံးနိုင်တယ်။
ခဏခဏဖြစ်သူတွေ Diflucan Fluconazole 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ Nystatin Bio-Statin, Mycostatin, Pastilles, Nilstat, Nyamyc, Nystex, Nystop, Pedi-Dri စားဆေး၊ 400,000 to 600,000 units တနေ့ ၄ ကြိမ်သောက်ပါ။
မွေးလမ်းကြောင်း မှိုရောဂါအတွက် လိမ်းဆေးတွေထဲမှာ Miconazole Monistat-7, M-Zole နဲ့ Clotrimazole တွေက ၈၅-၉ဝ% ပျောက်မယ်။ Nystatin ဆေးက ၇၅-၈ဝ% ပျောက်မယ်။ လိမ်းဆေးတွေနဲ့ မရသေးရင် သောက်ဆေးတွေက Fluconazole နဲ့ Itraconazole ဖြစ်တယ်။ ၃-၅ ရက်သောက်ရင် ၈ဝ% ပျောက်မယ်။ အသဲ မကောင်းရင် သတိထားရမယ်။ ခဏခဏ ပြန်ဖြစ်သူတွေက Fluconazole နဲ့ Itraconazole သောက်ဆေးရယ် Clotrimazole ထည့်ဆေးရယ်ကို ၆ လကြာ သုံးရတတ်တယ်။ ကိုယ်ဝန်ရှိနေချိန်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ