Healthy Cooking Oils ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီများ

ဆရာတစ်ခုလောက် (တခုလောက်)မေးချင်လို့ပါ စားအုန်ဆီတွေကမကောင်ဘူး၊ ဆီးချို သွေးတိုးတက် မြန်တယ်လို့ ပြောကြလို့၊ ကျွန်တော် ပဲပိစပ်ဆီကိုပဲ စားနေတာကြာပြီ၊ဒါပေမဲ့ အခုပဲပိစပ်ဆီက ပိုဆိုးတယ်လို့ ပြောလို့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကို ဆီးချိုသွေးတိုး အရမ်းတက်နေသလို ခံစားနေရလို့ စားရတာ သိပ်စိတ်မဖျောက်တော့ဘူးဖြစ်နေတယ်ဆရာ HACCP, ISO လက်မှတ်တွေနဲ့ထုတ်ထားလည်းစိတ်မချရဘူးလားခင်ဗျ။
ဒီလိုမေးခွန်းမျိုးကို ဆရာဝန်တယောက်အနေနဲ့ အဖြေရ အတော်ခက်တယ်။ ဆရာဝန်တွေက ဆေးသုတေသနကို အားကိုးပြီး အမှန်အမှားဖြေရတယ်။ ဆေးနည်းပေးရတယ်။ ဆေးကုပေးရပါတယ်။ မေးခွန်ပါဆီတွေရဲ့ ဆေးသုတေသနတွေ မသိပါ။ ဆောရီး။ 
နောက်တချက်က မြန်မာလိုရေးတဲ့စာတွေမှာ ဆေးဖြစ်ဖြစ်၊ သတင်းဖြစ်ဖြစ်၊ အစားအသောက်ဖြစ်ဖြစ် ထင်ရာရေးနေသူက အလွန်များတယ်။ ခိုင်မာတဲ့အချက်အလက်နဲ့ အဖြစ်အပျက်မှန်ကို အခြေခံသူ ရှားတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာလက သတင်းတခုတွေ့တယ်။ မြန်မာနိုင်ငံမှာ ဆီစားသုံးမှု လွန်စွာများပြားနေတာကြောင့် ဆီစားသုံးမှုကို လျှော့ချပြီး ကြပ်ကြပ်မတ်မတ်နဲ့ ထိန်းသိမ်းစားသုံးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင် (အာစီယံက ဖိတ်ကြားခြင်းမခံရသူ) က တိုက်တွန်းလိုက်ပါသတဲ့။
သူထောက်ပြတာက ဆီပြည်ပကနေ တင်သွင်းရမှု အလေးချိန်များတာဖြစ်တယ်။ ဆီကောင်းတာစားလို့ ဘာရောဂါမှ မရနိုင်ပါ။
မဂ်​လာပါ (မင်္ဂလာပါ) ဆရာ ဆေးခန်းမသွားချင်သူများ အသီးအနှံဆီသာစားဆိုတာ ပဲဆီ နှမ်းဆီ ပါလားဆရာ
အမေရိကန်နှလုံးအသင်းကနေ ကျန်းမာရေးနှင့်ညီညွတ်သော စားသုံးဆီတွေ တင်ထားတာကို တွေ့ပါတယ်။ ၁၂-၄-၂၀၁၆ နေ့က အပ်ဒိတ်လုပ်ထားတာပါ။
ပြည့်ဝဆီ နဲ့ ထရန့်စ်ဆီ ခေါ် ပြန်ကျော်ဆီတွေဟာ အညံ့စားဆီတွေဖြစ်တယ်။ (မိုနိုအန်စက်ကျူရိတ်တက်) နဲ့ (ပေါ်လီအန်ဆက်ကျူရိတ်တက်) ဆီတွေဟာ နှလုံးအတွက်ကောင်းတယ်။ 
အစိုင်အခဲဆီခေါ် ထောပတ်၊ မာဂျရင်းတွေနဲ့ အပူပိုင်းဒေသဆီ ခေါ် စားအုန်းဆီနဲ့ အုန်းဆီတွေမသင့်ပါ။ အဲတာတွေဟာ (စက်ကျူရိတ်တတ် ဖက်) ခေါ် ပြည့်ဝဆီတွေဖြစ်လို့ ကျန်းမာရေးအတွက် မသင့်ပါ။
ပြည့်ဝဆီနည်းတဲ့ စားသုံးသင့်တဲ့ဆီတွေကို အက္ခရာစဉ်လိုက်ရေးပါမယ်။ အဲဒါတွေက သုတေသနများများလုပ်တဲ့ ယူအက်စ်အေနဲ့ ယူကေနိုင်ငံတွေမှာ။
• Canola ကင်နိုလာဆီ၊
• Corn ပြောင်းဆီ၊
• Olive သံလွင်ဆီ၊
• Peanut မြေပဲဆီ၊
• Safflower နေကြာဆီ၊
• Soybean ပဲပုပ်ဆီ၊
ကောင်းတာတွေက သီးနှံဆီတွေဖြစ်ပါတယ်။ အဲဒါတွေအပြင် ထောပတ်သီးဆီ၊ စပျစ်စေ့ဆီ၊ ဖွဲနုဆီ၊ နှမ်းဆီတွေလည်း ကောင်းပါတယ်။ Partially hydrogenated oils ခေါ် (ထရန့်စ်ဆီ) ကတော့ မကောင်းပါ။ ဆီလက်ဖက်ရည်တဇွန်းထဲမှာ Saturated fat ပြည့်ဝဆီ 4 grams ထက်နည်းရင် ကောင်းပါတယ်။ (ထရန့်စ်ဆီ) ဆိုတာ ကနေ့ခေတ်ပေါ် နာမည်ကြီး အနောက်နိုင်ငံ အစားအသောက်တွေမှာ သုံးနေတဲ့ဆီ ဖြစ်ပါတယ်။
မြန်မာပြည်မှာ မြေပဲဆီစစ်စ်နဲ့ နှမ်းဆီစစ်စစ်ကို လွတ်လပ်ရေးမရခင်ကတည်းက စိတ်ချလက်ချသုံးလာပါတယ်။ ပန်းနှမ်းဆီနဲ့ နေကြာဆီတွေလည်း သုံးနေတာ နှစ်တွေကြာပြီ။
Best Cooking Oils အကောင်းဆုံး စားသုံးဆီများ https://dr-tint-swe.blogspot.com/2021/10/best-cooking-oils.html
Cooking Oil Question ဆီဆိုတာ အဆိပ် မဟုတ်ပါ https://dr-tint-swe.blogspot.com/2022/07/cooking-oil-question.html
Cooking Oils စားသုံးဆီများ https://dr-tint-swe.blogspot.com/2021/10/cooking-oils.html
Palm oil and Coconut oil စားအုန်းဆီနဲ့ အုန်းဆီ https://dr-tint-swe.blogspot.com/2021/10/palm-oil-and-coconut-oil.html
The healthiest cooking oil for frying ကြော်ရင် ဘယ်ဆီ သုံးမလဲ https://dr-tint-swe.blogspot.com/2022/05/the-healthiest-cooking-oil-for-frying.html
Saturated Fatty Acids and Health risks ဆီ၊ အဆီနဲ့ ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/10/saturated-fatty-acids-and-health-risks.html
Cholesterol-free cooking oils for heart health - Truebasics Blog
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ