Kempeitai ပြည်တွင်းဖြစ် ကင်ပေတိုင်

မင်္ဂလာပါ ဆရာ။ အသက် ၁၉ နှစ် ကျား ပါဆရာ။ သတ်ပုံတွေကိုအမိန့်နဲ့ပြောင်းစဉ်အခါ ကပေါ်လစီသတ်ပုံတွေကို ကန့်ကွက်ခဲ့တယ့် စာပေပညာရှင်နဲ့ စာပေအနုပညာရှင်တွေ ကိုဗဟုသုတအနေနဲ့သိလိုပါတယ်ဆရာ။


စာမှတ်တမ်းတော့ မသိပါ။ ဆောရီး။ ကြေားမုံဦးသောင်းနဲ့ မောင်သာရတို့ကတော့ စာနဲ့ပါ သဘောမတူကြောင်းရေးတယ်။ ဆရာမောင်စွမ်းရည်လည်း အခုထိ ရေးတယ်။


အမိန့်ဆိုတာထက် သတ်ပုံစာအုပ်သစ် ထုတ်တာဖြစ်ပါတယ်။ နောက် မြန်မာ-အင်္ဂလိပ် နဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေ ထုတ်ပါတယ်။ 


သိရသလောက် အစိုးရရုံးတွေမှာ အဲဒါတွေကို လိုက်နာရမယ်လို့ ညွှန်ကြားတယ်။ 


နဝတ-နအဖ တက်လာတော့ စာပေစိစစ်ရေး ခေါ် စာပေကင်ပေတိုင်က သူတို့သတ်ပုံမဟုတ်ရင် ထုတ်ဝေခွင့် မပေးတော့ပါ။ အရင်က မူလသတ်ပုံမှန်အတိုင်း ထုတ်ဝေလို့ ရသေးတယ်။ 


အဆိုးဆုံးတွေထဲက တခုတော့ အရင်က ထုတ်ဝေထားတဲ့စာမှန်သမျှကို ကင်ပေတိုင် သတ်ပုံနဲ့ ပြင်မှသာ ထုတ်ခွင့်ပေးတယ်။ 


တ နဲ့ တစ် သာမကပါ။ ဒါး ရေးခွင့်မပြု။ ပဌမ ရေးခွင့်မရှိ။ သမတ မနှစ်လုံးမဆင့်ရင် မရ။ 


ကျွန်တော်က ပြည်ပမှာနေရသူဖြစ်လို့ ကင်ပေတိုင်စက်ကွင်းကလွတ်ပြီး ပြောင်းလဲ ခြားနားလာတာတွေကို ခရေစေ့တွင်းကျနီးပါးသိတယ်။ ရင်နာစရာတွေ။


လယ်တီဆရာတော်၊ မင်းကွန်းဆရာတာ်၊ မိုးကုတ်ဆရာတော်၊ မဟာစည်ဆရာတော်တို့ရဲ့ စာအုပ်တွေကို ဖတ်လာခဲ့သူဖြစ်လို့ ပိုသိတာ။


ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနှင့် အတွေးအခေါ်များထွက်တော့ ဆယ်တန်းမအောင်သေးပါ။ သခင်ဘသောင်းရဲ့ တထောင့်တည။ ကြည်အောင်ရဲ့ လမင်းတရာ။ မောင်သာရရဲ့ မနှုတ်လောက်တော့ တဆယ်ချေး။


ကင်ပေတိုင် ခေါ် ဂက်စတာပိုစနစ် ကနေ့ထိ အမြစ်တွယ်နေပြီ။


ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ