Manchu မန်ချူး

သမိုင်းကြောင်းတခု သိချင်လို့ပါဆရာ ဂျပန်ခေတ်တုံးက ဂျပန်တပ်တွေထဲမှာ မန်ချူးလူမျိုးတွေပါတယ်ဆိုတာ ဟုတ်လား ဆရာ အဲမန်ချူးစစ်သားတွေက ဂျပန်စစ်သားတွေထက်ဆိုးတယ် ကြမ်းတယ် လို့ သိရပါတယ် ရှေးလူကြီးတွေပြောလို့ပါ အဲတာဟုတ်လားဆရာ။ 


ကနေ့ကာလမှာ မန်ချူးလူမျိုးအများစုက တရုပ်ပြည်မှာနေကြတယ်။ 10,410,585 ဆယ်သန်းကျော်ရှိတယ်။ 


မန်ချူးမင်းဆက်ဟာ တရုပ်ပြည်ရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တယ်။ ကွင်မင်းဆက်လို့လည်း ခေါ်တယ်။ Pinyin Manzu လို့လည်း ခေါ်တယ်။ မန်ချူးမင်းဆက်လက်ထက် တရုပ်ပြည်ကြီးဟာ ၃ ဆကြီးမားလာခဲ့တယ်။ လူဦးရေ သန်း ၁၅၀ ကနေ ၄၅၀ အထိရှိလာတယ်။ တရုပ်လူမျိုးတွှေပြင် တရုပ်မဟုတ်တဲ့လူမျိုးတွေပါ ရောနှောနေထိုင်ကြတယ်။ 


Qing dynasty ကွင်မင်းဆက်ကို ၁၆၃၆ ခုနှစ်မှာ မန်ချူးတွေကတည်ထောင်တာဖြစ်တယ်။ အဲဒီအချိန်က မြန်မာပြည်မှာ ဒုတိယအင်းဝခေတ် (၁၄၉၇ မှ ၁၆၅၁) မှာဖြစ်တယ်။


Manchuria မန်ချူးရီးယားဒေသဟာ ကနေ့တရုပ်ပြည် အရှေ့မြောက်ပိုင်းမှာတည်ရှိတယ်။ ၁၆၄၄ ခုနှစ်မှာ ဘေဂျင်းမြို့တော်ကို Li Zicheng ကသိမ်းယူပြီး Ming မင်မင်းဆက် တည်ထောင်တယ်။ မန်ချူးတွေဆီက အကူအညီ ရယူတယ်။ မန်ချူးတွေကအခွင့်ကောင်းယူပြီး တရုပ်ပြည်ကြီးကို သိမ်းယူလိုက်တယ်။ မင်မင်းဆက်ကိုလည်း ဆက်သုံးလို့ တည်ငြိမ်မှုရတယ်။ ထိပ်တန်းအရာရှိတဝက်က မန်ချူးတွေသာဖြစ်တယ်။ ရုရှားနဲ့လည်း စစ်ဖြစ်တယ်။ မွန်ဂိုနဲ့လည်း စစ်ဖြစ်တယ်။ အပြင်မွန်ဂို၊ တိဘက်၊ နီပေါနဲ့ တာကစ်စတန်တွေကိုပါသိမ်းယူခဲ့တယ်။ 


အင်အားနည်းတဲ့ဘုရင်တွေလက်ထက်မှာ အင်အားချိနဲ့လာတယ်။ ပုန်ကန်မှုတွေရှိလာတယ်။ လာဘ်စားမှုတွေ ထူပြောလာတယ်။ Opium War (1839–42) ပဌမဘိန်းစစ်၊ Anglo-French War (1856–58) အင်္ဂလိပ်-ပြင်သစ်စစ်၊ Sino-Japanese War (1894–95) တရုပ်-ဂျပန်စစ်၊ Boxer Rebellion (1900) ဘောက်ဆာသူပုန်တွေမှာ တရုပ်က ရှုံးတယ်။


၁၉၀၀ ကျော်တော့ တော်လှန်းရေးအုပ်စုတွေအင်အားကောင်းလာတယ်။ ၁၀-၁၀-၁၉၁၁ မှာ ရီပတ်ဘလစ် တော်လှန်ရေး စတယ်။ Xuantong (Puyi) ဖူးယီ ဧကရာဇ် နန်းကျတယ်။ Yuan Shikai ယွန်ရှိကိုင် တက်လာတယ်။


ဟန်တရုပ်လူမျိုး၊ ဂျပန်လူမျိုးနဲ့ ကိုရီးယားလူမျိုးတွေဟာ မျိုးဗီဇအရ ဆက်နွယ်နေတယ်။ ကိုရီးယားလူမျိုးနဲ့ ဟန်တရုပ်နီးစပ်မှုက ဟန်တရုပ်လူမျိုး နဲ့ ဂျပန်လူမျိုးနီးစပ်မှုထက်ပိုတယ်။


မန်ချူးလူမျိုးတွေကို Tunguska ခေါ် အရှေ့မြောက်တရုပ်လူမျိုးလို့ခေါ်တယ်။ Jurchens လို့လည်းခေါ်တယ်။ ကနေ့ တရုပ်ပြည်မှာ ပဉ္စမမြောက်အများဆုံးလူမျိုးစုဖြစ်တယ်။ Han ဟန်က ပဌမ၊ Zhuang ဇောင်းက ဒုတိယ၊ Uighurs အူရီဂါက တတိယနဲ့ Hui ဟွေလူမျိုးစုက စတုတ္တ။


၁၉၃၉-၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်တွင်းက ဂျပန်ဘုရင့်တပ်မတော်မှာ မန်ချူးလူမျိုးတွေ ပါ မပါ မှတ်တမ်းမတွေ့သေးပါ။


၁၉၁၁ ကနေ ၁၉၃၁ အထိ မန်ချူရီးယားဟာ တရုပ်ပြည်ထဲကဖြစ်တယ်။ လက်တွေ့မှာ ဂျပန်ကလွှမ်းမိုးထားတယ်။ ဒေသခံနယ်စားပယ်စာတွေကာဂျပန်ရဲ့ သြဇာခံတွေ။ ဂျပန်တွေက အပြင်မန်ချူးရီးယားထိပိုင်တယ်။ ၁၉၁၇ ခုနှစ် ရုရှား တော်လှန်ရေး မတိုင်မီထိသာဖြစ်ပြီး ၁၉၂၅ ကစပြီး ရုရှားလက်အောက်ရောက်သွားတယ်။


ဒေါက်တာတင့်ဆွေ

၃၀-၁၂-၂၀၂၀


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ