Neck Glands လည်ပင်း အကျိတ်
ကျွန်မအသက် ၂၀ထဲမှာပါ။ ရုတ်တရက်ကြီး အောက်မေးရိုးရဲ့အထက်နားမှာ အကြိတ်(အကျိတ်)ဖြစ်နေလို့ပါ။ ပေါ်လာတာ ၂ရက်လောက်ပဲရှိပါသေးတယ် အရမ်းစိုးရိမ်နေလို့ပါ အကြိတ်(အကျိတ်)ကသေးသေးလေးပါ ချော်ချော်လေးလည်းဖြစ်နေပါတယ် အစေ့လေးလို ဖြစ်နေတာပါ။ ဖိရင်တော့ နာပါတယ် လှုပ်လို့လည်း ရတယ်။ ဒါပေမယ့် အကြောတစ်ခု(တခု)နဲတော့ ထိနေသလိုခံစားရပါတယ်။ အပေါ်ဘက်ကိုတော့တွယ်နေတာမျိုးမခံစားရပါဘူး။ မနက်ပိုင်းမှ ဝုန်းဒိုင်းဆို ထထွက်လာတာပါ။ အဲ့မတိုင်ခင်က အပြင်မသွားခင် ရေချိုးခေါင်းလျှော်မိပါတယ်။ ညနေ ၃ခွဲနေပူရှိန်ထဲဆိုင်ကယ်စီးပြီး ထွက်လာခဲ့ပါတယ်။ ဒါပြီးနောက်နေ့မှာ အကြိတ်(အကျိတ်)ထွက်လာတာပါ။ အကြိတ်(အကျိတ်)က ကိုင်ကြည့်မှ သိတာပါ။ ယောင်(ရောင်)တာ မျိုးမဟုတ်ဘဲ အစေ့လေးပါ။ ကျွန်မသိချင်တာက ကင်ဆာအကြိတ်(အကျိတ်)က ဝုန်းဒိုင်းဆိုထထွက်တတ်လား။ ပြီးတော့ ပါးရိုး အထက်နားလေးမှာ ကင်ဆာကြိတ်(အကျိတ်)ဖြစ်တတ်လား။ပါးရိုးအထက်နားမှာ ဘာအကြိတ်(အကျိတ်)တွေထွက်တတ်လဲ။ အကြိတ်(အကျိတ်)ကဖြစ်ခဲပြီး အပူဖုပဲ ထွက်တာများတယ်လို့ ပြောကြတော့ အရမ်းစိုးရိမ်လို့ပါ။
ဖြစ်နိုင်ရင် ကူညီပြောပြပေးဖို့ မေတ္တာရပ်ခံပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။
မီးဖိုကညှော်ကြောင့် အကျိတ်ရောဂါမရစေနိုင်ပါ။ ရုတ်တရက်လို့ရေးတာ မှန်။ ကွန်ဂရက်ကျူလေးရှင်း။
၂။ ကျွန်တော့ မိန်းမ အသက်၃၅ ကလေးအမေပါ ကလေးကတော့ ၁၂နှစ်ရှိပြီ ပြီးခဲ့တဲ့ ၂လ ကနေပြီ နားအောက်က လည်ပင်း ဘယ်ညာမှာ အကြိတ်(အကျိတ်)တွေ တက်နေလို့ပါ ညာဘက်က သုံးလုံး ဘယ်ဘက်က ၅လုံး အစတုန်းကဆို အပြင်က နေကြည့်ရင်တောင် အကြိတ်(အကျိတ်)ကို မြင်နေရတယ်ဆရာ အကြိတ်(အကျိတ်) ကြီးလာရင်တော့ အရမ်းနာလာတယ် နေ့တိုင်း ထမင်းဟင်းချက်နေတော့ အညှော်မိတာလဲပါမယ် ထင်ပါတယ် အခုတော့ အကြိတ်(အကျိတ်)က ပြန်ကျ လာပြီ နည်းနည်း နာနေသေးတယ် ခင်ဗျား ဆီး သွေး ဓါတ်မှန် တွေတော့ စစ်ခိုင်းပါတယ် ဆရာဝန်က ပြန်ရည်ကြိတ်(အကျိတ်)လို့ထင်တယ်ဆိုပြီး biopsy စစ်ခိုင်းနေပါတယ် ဆီးချို နှလုံးသွေးကြောကျဉ်းရောဂါရှိပါတယ် ထိုးဆေးတွေနဲ့ လုံးဝ ဓါတ်မတည့်လို့ပါ ဆရာ ဘယ်လို ရောဂါတွေ ဖြစ်နိုင်လဲ ခင်ဗျား နှလုံးသွေးကြောကျဉ်းတာက ၁၁နှစ် ဆီးချိုက ၂နှစ်ကျော်
၃။ ကျွန်မတူမလေး ၃လသမီးပါရှင့် လည်ပင်းအောက်မှာ အစိလေးကဖြည်းဖြည်းကြီးလာလို့ပါရှင့် မွေးကတည်းကတော့ မတွေ့မိပါဘူးရှင် တလခွဲလောက်မှသတိထားမိပါတယ် ရိုးရိုးအလုံးလေးပဲထင်ခဲ့တယ် မနေ့ကမှသေချာကြည့်မိတော့မှ အလုံးလေးအမနည်းကြီးလာပါတယ်ရှင့် အဲဒါစိုးရိမ်ရပါသလားရှင့် ကျေးဇူးပြု၍ဘာလုပ်သင့်လည်း ပြောပြပေးပါရှင့် ကလေးအပုံလေးကြည့်ပေးရှင့် ရိုသေလေးစားစွာဖြင့် မေးတာအမှားပါခဲ့ရင်တောင်းပန်အပ်ပါသည်
၄။ ဆရာခင်ဗျာ ကျွန်တော်၏ သားလေး အသက် ၁ နှစ်နဲ့ ၈ လပြည့်ပြီးပါပြီ။ သားလေးရဲ့ညာဘက်လည်ပင်းမှာ အကျိတ်စိလေးလို အစိလေးစမ်းမိပါတယ်။ တွေ့တာ လွန်ခဲ့တဲ့ ၆လလောက်ကစပြီးတွေ့ပါတယ်ခင်ဗျာ။ ယခုအချိန်ထိ ကြီးမလာသလို မသေးသွားပါဘူး။ ရှိနေဆဲပါပဲ။ သားလေးရဲ့ကိုယ်အလေးချိန်က 19.2lb အရပ်က 32in ရှိပြီးဖျားနာတာတော့မဖြစ်ပါဘူးဆရာ။ အခြားဘာရောဂါမှတော့မဖြစ်ပါဘူးဆရာ။ လည်ပင်းကအကျိတ်စိလေးနဲ့ ပတ်သတ်ပြီးသိချင်ပါတယ်ခင်ဗျာ။ တချို့က အမျိုးမျိုးပြောနေကြလို့ပါ။ ကျေးဇူးပြု၍ ဘာလုပ်သင့်တယ်ဆိုတာကို ညွှန်ကြားပေးပါဆရာ။ ဆရာကျန်းမာချမ်းသာပါစေခင်ဗျာ။ လေးစားစွာဖြင့်။
၅။ ဆရာ မင်္ဂလာပါရှင့် အမေ့အသက်က ၅၃ နှစ်ပါဆရာ။ အမေ့မေးစေ့အောက်မှာ အကျိတ်တွေ့လို့ပါ။ သိတာတော့ သိပ်မကြာသေးပါဘူးဆရာ။ အရွယ်အစားက လောက်စာလုံးလောက်ရှိပါတယ်။ အကျိတ်နေရာက တင်းကျပ်ကြီး ဖြစ်နေပြီးတော့ ညနေကျရင် ပူတယ်လို့ပြောပါတယ်ရှင့်။ ဘာကြောင့်ဖြစ်တာလဲ ပြောပြပေးပါအုံးဆရာရှုင့်။ ခွဲစိတ်ဆရာဝန်နဲ ့ပြသင့်လား၊ အထွေထွေနဲ့ ပြသင့်လား၊ ကင်ဆာဆရာနဲ ့ပြသင့်လား အကြံပေးပါအုံးဆရာ။ မျိုုးရိုးထဲမှာ ကင်ဆာတော့ မဖြစ်ဘူးပါဘူးရှင့်။ ဒါပေမယ့် စိတ်ပူနေလို့ပါဆရာ။ အခုထိတာ့ စစ်ဆေးမှုမလုပ်ရသေးပါဘူးဆရာ။ ရိုသေလေးစားစွာဖြင့်။ ဆရာ အသက်ရှည်ကျန်းမာပါစေ။
၆။ ညီမလေးရဲ့ အသက်က ၂၁ ပါ။ အကျိတ်အလုံး စစမ်းမိတာတော့ ၁ ပတ်ကျော်ပါပြီရှင့်။ မေးရိုးအောက် မေးအိတ်ရဲ့ညာဘက်အခြမ်းမှာ အကျိတ်အလုံး ၁လုံး ပေါ်လာတာ မာပြီး ကြီးလာပြီး အရေပြားအပေါ်မှာမမြင်ရပဲ စမ်းကြည့်မှ သိရပါတယ်။ တဖြည်းဖြည်းနဲ့ နာလည်းနာလာတယ်တဲ့ဆရာ။ အဲ့ဒါ ဘယ်လိုကုသရမလဲရှင့်။ ကင်ဆာများ ဖြစ်နိုင်မလား။ စိုးရိမ်ရလားရှင့်။ ညီမလေးရဲ့ အသက်က ၂၁ အိမ်ထောင်မရှိ အပျိုအရွယ်ပါ။
၇။ ဆရာရှင့် ကျွန်မ သားလေးက အသက် ၈ နှစ်ရှိပါပြီ။ ဒီနေ့မှ သတိထားမိတာက သူ့ရဲ့လည်ပင်းမှာ အကျိတ်လိုမျိုးလေး ၃-၄ လုံးလောက် အဖုလေးတွေ စမ်းမိပါတယ်။ သားငယ်ငယ်တုန်းကတော့ တီဘီ suspect ဖြစ်လို့ ဆေး ၆ လ သောက်ဖူးခဲ့တယ်။ နောက်ပြန်စစ်တော့ မရှိတော့ဘူးတဲ့။ အခုလက်ရှိမှာတော့ သားက ပုံမှန်စား (နဂို အစားနည်း)၊ ကစားတော်တော်သွက်၊ စာလိုက်နိုင်၊ ဒေါင့်စုံ အဆင်ပြေနေပါတယ်။ နွားနို့တော့ ညတိုင်းသောက်ပါတယ်။ အဲဒါတွေက အဖုအကျိတ်လေးတွေလားဆရာ။ ဆရာဝန်နဲ့ သွားပြသင့်သလားရှင့်။ စိတ်ပူလို့ပါရှင့်။ အကြံပေးပါဦးဆရာ။
၈။ ဆရာရှင့် ကျွန်မ သားလေးက အသက် ၈ နှစ်ရှိပါပြီ။ ဒီနေ့မှ သတိထားမိတာက သူ့ရဲ့ လည်ပင်းမှာ ပုံမှ မြင်ရတဲ့အတိုင်း အကျိတ်လိုမျိုးလေး ၃-၄ လုံးလောက် အဖုလေးတွေ စမ်းမိပါတယ်။ သားငယ်ငယ်တုန်းကတော့ တီဘီ suspect ဖြစ်လို့ ဆေး ၆ လ သောက်ဖူးခဲ့တယ်။ နောက်ပြန်စစ်တော့ မရှိတော့ဘူးတဲ့။ အခုလက်ရှိမှာတော့ သားက ပုံမှန်စား (နဂို အစားနည်း)၊ ကစားတော်တော်သွက်၊ စာလိုက်နိုင်၊ ဒေါင့်စုံ အဆင်ပြေနေပါတယ်။ နွားနို့တော့ ညတိုင်း သောက်ပါတယ်။ အဲဒါတွေက အဖုအကျိတ်လေးတွေလားဆရာ။ ဆရာဝန်နဲ့ သွားပြသင့်သလားရှင့်။ စိတ်ပူလို့ပါရှင့်။ အကြံပေးပါဦးဆရာ။
ကျေးဇူးတင်ပါတယ်။ ရိုသေစွာဖြင့်။
လူတိုင်းမှာ သွေးပြန်ရည်စနစ် ရှိတယ်။ အစေ့လေးတွေ တခုနဲ့ တခု အကြောတွေနဲ့ ဆက်နေတာ။ တကိုယ်လုံးလိုလိုမှာ ရှိတာ။ စုနေတဲ့ နေရာတွေ ရှိတယ်။ လည်ပင်းက တခုပေါ့။ မေးအောက်၊ ချိုင်းနဲ့ ပေါင်ရင်းတွေမှာလည်း ရှိတယ်။ ဒီစနစ်က ခံနိုင်အားအတွက် အသုံးကျတယ်။ မသင့်တာတခုခုဖြစ်ရင် နောက် ဒါမျိုး ထပ်မဖြစ်အောင် လုပ်ပေးတာမျိုးပြောတာ။ အစေ့တခုခု ရောင်နေတယ်ဆိုတာ ရောဂါတခုခု ရှိနေပြီးသားလို့ သိနိုင်တယ်။
သူ့အရည်ထဲမှာ သွေးဖြူဥတွေ၊ အူကလာတဲ့ အရည်နဲ့ သွေးနီဥ နည်းနည်းပါတယ်။ ရောဂါရနေရင် သူ့ထဲမှာ ပိုးတွေနဲ့ တခြားပစ္စည်း (အင်တီဂျင်) တွေပါနေလိမ့်မယ်။ နောက်ဆုံးမှာ သွေးပြန်ကြောထဲ ဝင်သွားကြတယ်။ ဘေလုံးဟာလည်း ဒါမျိုးဘဲ။ အာသီးလည်း မထူးဘူး။ အစေ့တွေထဲမှာ သွေးဖြဥတွေက ရောဂါပိုးတွေကိုပြီးစေနိုင်တဲ့ ခံနိုင်စွမ်း ထုတ်ပေးတယ်။
ပေါင်ခြံနဲ့ ချိုင်းမှာ လက္မဝက်လောက်သာရှိတဲ့ တက်စေ့လေးတွေ ရှိနေတာတော့ ကိစ္စမရှိပါ။ အအေးမိ-နှာစေးလို ဗိုင်းရပ်စ်ကြောင့် မဟုတ်ဘဲ ဗက်တီးရီးယားကြောင့်ဖြစ်တဲ့ လည်ပင်းနာ၊ အာသီးရောင်၊ အနာဖြစ်တာနဲ့ တွဲနေရင် ပဋိဇီဝဆေး အရင်ဆုံးပေးမယ်။ နာတာ-ရောင်တာ သက်သာအောင်လည်း Ibuprofen, Paracetamol ဆေး ပေးနိုင်တယ်။ ၂ ပါတ်လောက်မှာ ပြန်ကောင်းသွားမယ်။ ဆက်မကြီးဘဲ သေးသေးသွားလိမ့်မယ်။ ရောင်-နာ-ကြီး နေတဲ့ တက်စေ့က အထဲမှာပြည်တည်ရင်တော့ ပြည်တည်နာဖြစ်လို့ခွဲရမှာပေါ့။
တက်စေ့ကြီးနေယုံကတော့ ပြဿနာမဟုတ်သေးပါ။ ၂ ပါတ်ကျော်လာပြီ၊ လူကပိန်လာတယ်၊ ညပိုင်း ချွေးထွက်တယ်၊ အားယုတ်လာတယ်၊ ငွေ့ငွေ့အဖျားတာရှည်မယ်ဆိုရင် ဆရာဝန်ပြပါ။ တီဘီအကျိတ်ဖြစ်နိုင်တယ်။ ကြီးနေတဲ့အစေ့က မာနေတယ်၊ ကြီးလာတာလည်း မြန်မယ်၊ သူ့အနားက အရေပြားဖြစ်ဖြစ် အောက်ကိုဖြစ်ဖြစ် ကပ်နေလို့ ရွေ့မရလှုပ်မရရင်၊ အစေ့ အထက်က အရေပြားက နီနာလာရင်၊ လည်ပင်းအခြေ၊ ညှပ်ရိုးနား ကပ်နေရင်၊ ဆေးစစ်ရလိမ့်မယ်။ ကင်ဆာကိုသံသယရှိရမယ်။
အစေ့တွေ ဘာလို့ကြီးလာသလဲ။ ရောဂါပိုးဝင်တာ။ ကင်ဆာ၊ Lymphoma, Leukemia သွေးကင်ဆာ။ စုံအောင်သာ ရေးပြတာပါ။ မေးတဲ့သူအတွက် မစိုးရိမ်ပါနဲ့။ ဓါတ်ပုံထဲကသူမှာ ရောဂါပိုးဝင်တာသာ ဖြစ်မှာပါ။ ပိုးအမျိုးအစားကိုတော့ သိဘို့ လိုလာပြီ။ အာဂန္တုလား၊ နာတာရှည်တည်းခိုနေတဲ့ရောဂါလား ခွဲခြားရတယ်။
အာဂန္တုတွေက လည်ချောင်းနာ၊ နှာစေး၊ အရေပြားအနာ၊ နဲနဲပြင်းတာတွေက တီဘီ၊ ဖန်းဂတ်စ်၊ ပါရာဆိုက်၊ ရူမတွိုက် အဆစ်နာ၊ လူးပတ်စ်၊ HIV ကို ရွေးထုတ်ရမယ်။ ဆေးစစ်တာ သိပ်အလျှင်စလို လုပ်ဘို့ မလိုပါ။ ဆရာဝန်ဆီ ရောက်ရင် အရင်ဆုံး နုတ်ဖြေ စာမေးပွဲ အစစ်ခံရမယ်။ သွေးစစ်တာ၊ ဓါတ်မှန်ရိုက်တာ၊ CT scan လုပ်တာ၊ နောက်တခါလာရင် အသားစ ဖြတ်ထုတ်စစ်ဆေးတာ လုပ်ချင်လုပ်မယ်။ ဆေးကုဘို့ကတော့ ဓါတ်မှန်အဖြေ၊ သွေးစစ်ချက်၊ အသားစဖြတ်စစ်တဲ့ ရလဒ်တွေအပေါ် မူတည်လိမ့်မယ်။
၂။ ၁ နှစ် ၈ လအရွယ် ကလေးရဲ့ လည်ပင်းဘေး ဘယ်/ညာမှာ အလုံးကျိတ်သေးသေးလေးရှိနေပါတယ်။ စမ်းကြည့်လိုက်ရင်လည်း ရွေ့ရွေ့သွားပါတယ်ဆရာ။ အဲဒါ အန္တရာယ်ရှိမရှိ သိပါရစေ။
တက်စေ့ရောင်တာဖြစ်တယ်။ အဖြစ်များတယ်။ သက်ဆိုင်တဲ့တနေရာရာမှာ ရောင်ရမ်းတာဖြစ်လို့ တက်စေ့ဆီ ရောက်ပြီးရောင်တယ်။ သွားနာ၊ လည်ချောင်းနာ၊ ထိခိုက်ဒဏ်ရာကနေရင်း၊ အနာပေါက်တာ၊ နားကိုက်တာ အစုံကနေ ဖြစ်တယ်။ ပင်ရင်းနေရာ ရောင်တာပျောက်ပေမဲ့ တက်စေ့က ကျန်နေတတ်တယ်။ ကြာရင် ပျောက်တယ်။ ကျန်နေတာလဲ ရှိတတ်တယ်။ အဲလိုဖြစ်တာတွေက ပိုးသေဆေးနဲ့ အရောင်ကျဆေးပေးတာနဲ့ ပိုးကင်းရှင်းသွားမယ်။ တီဘီအကျိတ်ရောင်တာလဲရှိတယ်။ အဲတာကတော့ ဆေးစစ်မှသာ ဟုတ်-မဟုတ်သိမယ်။ ဟုတ်လဲ ဆေးသောက် ပျောက်တယ်။ ကလေးက ကိုယ်အလေးချိန်မတက်ရင်၊ ညချွေးထွက်ရင် တီဘီ စစ်သင့်တယ်။
Swollen lymph nodes Information | Mount Sinai - New York
ဒေါက်တာတင့်ဆွေ
Comments
Post a Comment