Pork Curry ဝက်သားဆီပြန်

နှစ်သစ်ကူး ဆုတောင်းစာတွေရတယ်။ ငယ်ငယ်က ဘုန်းကြီးကျောင်းတွေကို သတိရတယ်။


ဆွမ်းလောင်းပွဲတွေမှာ ဟိုအိမ်ကဆွမ်းဟင်းတမျိုး သည်အိမ်ကတမျိုး လောင်းလှူကြတယ်။ တောမှာက ရတဲ့အသားဟင်းကို အိမ်တိုင်းလိုလိုက ဆွမ်းဟင်းလုပ်ကြရတာ။ ဟင်းချက်နည်းလက်ရာကတော့ မတူကြပါ။ နနွင်းမှုံ အနည်းအများမတူ။ အစပ် ပါ မပါ မတူ။ အပေါ့ အငန် မတူ။ အရည်နဲ့ ဆီပါတာမတူ။ အရောအနှောထည့်တာလည်း မတူကြပါ။ ဘုန်းတော်ကြီးတွေ ဘုန်းပေးရတာ အဆင်ပြေပါတယ်။ 


ခုခေတ် နှစ်သစ်ကူးဆုတောင်းစာတွေက ကိုယ်တိုင်ချက်ပြုတ်ကြတာမဟုတ်။ ဆိုင်ကနေ ဝယ်ကြတာ။ ဆိုင်ကလည်း အင်တာနက်တဆိုင်တည်းသာ။ ဟိုလူဆီကပုံ သည်လူဆီကဗီဒီယိုတွေက ထပ်နေတယ်။ အားလုံးက ဝက်သားဆီပြန်တွေချည်းပဲ။ မနက်ပြန်ညပြန် လာနေတာ အီနောက်နေတာပဲ။ 


အိပ်မှာပြုတ်တဲ့ပဲလေး တခွက်တလေပါရင် တော်သေး။ ကိုယ်တိုင်ထောင်းထားတဲ့ ငရုပ်သီးကလည်း ရှားတယ်။ မနက်ပြန်ညပြန် ဝက်သားဆီပြန်တွေ မြင်တာနဲ့ကို အီနောက်လာတာ။ (ဝက်သားမစားသူများ ကန်တော့)


ဒေါက်တာတင့်ဆွေ

၃၁-၁၂-၂ဝ၁၇

၃၁-၁၂-၂၀၂၀


Comments

Popular posts from this blog

Vaginal itching မိန်းမကိုယ် ယားခြင်း

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ