Scalp Fungus ဆံပင်မှို

၁။ ဆရာရှင့် ဆယ်နှစ်အရွယ်ကလေးမလေးပါရှင့် အစကသေးသေးလေးကနေအဲ့ဒီလောက်ကြီးလာပြီးဆံပင်မပေါက်ပါရှင့် ဆေးနည်းလေး ညွှန်ပေးစေချင်ပါတယ်ရှင့် ဆရာညွှန်ကြားသလို treatment ယူပါ့မယ်ရှင့်

၂။ ဆရာရှင့် အမျိုးသားက ၄၈ထဲမှာ ဆံပင်အကွက်ကျွတ်လို့ ဘာဖြစ်တာလဲ ဆိုတာပြောပြပေးပါနော် ကျေးဇူးတင်ပါတယ်ဆရာ

၃။ ဆရာရှင့် ကျွန်မအသက် ၂၇ နှစ်ပါ။ အိမ်ထောင်မရှိဘူးပါဘူးရှင့်။ ဆံပင်တွေအရမ်းကျွတ်ပြီး ဦးရေပြားမှာ ဗောက်တွေထပါတယ်။ အခုဆိုရင် ဦးရေပြားကအရေခွံတွေကအဖတ်လိုက်တွေကိုကွာပါတယ်။ သိသိသာသာ ဖြစ်လာတာဆိုရင် ၃ နှစ်လောက်ရှိပြီရှင့်။ ခေါင်းလျေ်ပြီးနောက်တစ်ရက်နေရင်ကို ဦးရေပြားယားပြီး ကုတ်လိုက်ရင် အဖတ်လိုက်တွေကွာပါတယ်။ ခေါင်းလျော်ရည်တွေလည်း အမျိုးမျိုးပြောင်းသုံးကြည့်ပါတယ်မရပါဘူးရှင်။ ခေါင်းလျော်ရည်တွေမှာတွေပါတဲ့ chemical ကြောင့်ထင်လို့ တရော်ကင်ပွန်းနဲ ့လျော်ပါတယ်မရပါဘူးရှင့်။ လွန်ခဲ့တဲ့သုံးနှစ်ဆံပင်ဖြောင့်ပြီးနောက်ပိုင်းမှာပိုဆိုးပါတယ်ရှင့် အခုတော့သီလရှင်ဝတ်ပြီးတာကြောင့် ဆံပင်အတိုဖြစ်နေတာတောင် ဆံပင်တွေကျွတ်ပါတယ်။ ဆရာရဲ့ ringworm ဆိုတဲ့ September 5 ရက်နေ့ကတင်တဲ့ post ကိုဖတ်မိလို့ဒီစာကိုရေးလိုက်တာပါဆရာ။ ဆရာကပြည့်ပြည့်စုံစုံဖော်ပြထားလို့ကျေးဇူးတင်ပါတယ်။ ကျွန်မရဲ့ ဗဟုသုတနည်းပါးလို့ တချို့အရာတွေသိပ်နားမလည်လို့ပါဆရာ။ ဥပမာ Tinea Capitis မှာ microsize formulation နဲ့ ultramicrosize formulation တွေသိပ်နားမလည်လို့ပါ။ သောက်ဆေးနဲ ့စားဆေးတွေကို ဘယ်လိုရွေးချယ်ရမလဲ မသိလို ့ပါရှင့်။ ကျွန်မမှာ ပန်းနာရင်ကြပ်အခံတော့ရှိပါတယ်ရှင့် (တခါတရံ) အသက် ၁ဝ နှစ် ၁၁ နှစ်လောက်ကတော့ လေးဘက်နာဖြစ်လို ့၆ လလောက်ဆေးသောက်ခဲ့ရဖူးပါတယ် တခြားရောဂါများတော့မရှိပါဆရာ။ ကျွန်မနဲ့ကိုက်ညီမယ့် သောက်ဆေးနှင့်စားဆေးကို နာမည်နှင့်အသုံးပြုပုံကိုဆရာညွှန်ကြားပေးပါရှင့် လေးစားစွာဖြင့်။

ဦးရေခွံ ပွေး၊ မှို၊ ဖန်းဂတ်စ်ရောဂါဟာ Scalp ringworm ဖြစ်တယ်။ ကူးစက်တယ်။ ထိကိုင်တာ၊ မျက်နှာသုတ်ပုဝါ မျှသုံးတာတွေကနေ ကူးလာတယ်။ ဘီး၊ အသုံးအဆောင်၊ အဝတ်အစားတွေမှာ ဖန်းဂတ်စ်ရဲ့ (စပိုး) တွေ ကြာကြာ အောင်းနေနိုင်ကြတယ်။ အိမ်မွေးအကောင်တွေကနေလည်း ကူးစက်လာနိုင်တယ်။ မုတ်ဆိတ်မွှေး၊ ကိုယ်မွှေးတွေမှာပါ မှိုပိုးကူးစက်နိုင်တယ်။ တချို့မှာ ဦးရေခွံမှာဖြစ်ရာကနေ ကွက်ပြီးဆံပင်မပေါက်တာဖြစ်တယ်။ ဆိုးတဲ့ဗောက်လို့ ထင်ရတယ်။ psoriasis နဲ့လည်းလွဲတတ်တယ်။ တခါတလေ အဲဒီနေရာမှာ ပြည်တည်နာဖြစ်လာတတ်တယ်။

Antifungal shampoo ခေါင်းလျှော်ရည်လဲလာတယ်။ တရက်ခြာ၊ တပတ်ကြာ သုံးရတယ်။ အလွယ်ဝယ်ရတာနဲ့ ဆေးလက်မှတ်နဲ့သာဝယ်ရတာနှစ်မျိုးရှိတယ်။ selenium sulfide နဲ့ ketoconazole ဆေးတွေပါတယ်။ ဒီတမျိုးတည်းနဲ့ မပျောက်ပါ။ စားဆေးနဲ့တွဲရတယ်။ selenium shampoo, ketoconazole shampoo or terbinafine cream တွေဖြစ်တယ်။ တပါတ်မှာ ၂ ခါသာလိမ်းပါ။ (စပိုး) တွေကို ဘီးစိတ်နဲ့ သန့်ရှင်းပါ။ ဘီး၊ ဦးထုပ်၊ ခေါင်းစီး၊ ဆံညှပ်၊ ခေါင်းအုံးစွပ်တွေကိုပါ ဆေးကြောသန့်ရှင်းရပါမယ်။ ခေါင်းလျှော်ပြီးရင် ဆံပင်ကို ခြောက်သွေ့အောင်လုပ်ပါ။ စိုထိုင်းနေရင် မှိုကကြိုက်တယ်။ မှိုပိုးဝင်တဲ့နေရာက ဗက်တီးရီးယားဝင်တာ ဖြစ်လာနိုင်တယ်။ ပဋိဇီဝဆေးပါလိုနိုင်တယ်။ တချို့ထဲမှာ povidone ပါတာ ဗက်တီးရီးယားအတွက်ဖြစ်တယ်။ အလာဂျီဖြစ်စဉ်လည်း ဖြစ်နိုင်တယ်။ ယားမယ်၊ နီရဲမယ်။ အဲလိုဖြစ်ရင် မှိုသေဆေးသာမက ကော်တီဇုန်းဆေးပါလိုမယ်။ အရပ်ပြောဆေးနည်းတွေမှာ အာမခံချက် မရှိပါ။

မှိုဆေး (၃) မျိုးကို အများဆုံးသုံးတယ်။
1. Griseofulvin (ဂရစ်ဆိုဖူလ်ဘင်)၊
2. Allylamines (terbinafine) (တာဘင်နဖိုင်း) နဲ့
3. Azoles (itraconazole, ketoconazole, fluconazole) ဆေးတွေဖြစ်တယ်။

၁။ Griseofulvin စားဆေး၊ မှိုတွေကြီးထွာမလာစေအောင်လုပ်တယ်။ ၄-၁၂ ပတ်သောက်ပါ။ Dermonorm, Fluvin, Fungivin, Geovin, Gris O.D, GrisactinForte, Grisomed, Grisoral, Grisoral-OD, Grisovin-FP, Idifulfin, Nufulvin, Ulvin, Walavin-250, Fulvicin-U/F, Grifulvin V, Gris-PEG နာမည်တွေနဲ့လာတယ်။ ၈-၁၂ ပါတ်အထိ သောက်ရတယ်။ အသက် ၁၂ နှစ်ကျော်ရင် တခါသောက် ၁ ပြား၊ တနေ့ ၂ ကြိမ်။ ငယ်ရင်ကိုယ်အလေးချိန်အရ လျှော့သောက်ရမယ်။ လူကြီး 0.5-1 g/day အစာနဲ့သောက်တာ ပိုကောင်းတယ်။ ဘေးထွက်ဆိုးကျိုး = ပျို့၊ အန်၊ ဝမ်းပျက်၊ ပါးစပ်အနာပေါက်၊ ရေငတ်၊ ခေါင်းကိုက်၊ စိတ်ကျ၊ အိပ်မရ၊ အားယုတ်။ အသည်းမကောင်းရင်မပေးရပါ။ ကိုယ်ဝန်ဆောင်မှာ မပေးရပါ။

- Onychomycosis (Fingernail) လက်သည်းမှို
Microsize formulation: 1000 mg/day ကို တနေ့မှာ ၂-၄ ခါခွဲသောက်ပါ။
Ultramicrosize formulation: 660 to 750 mg/day oကို တနေ့မှာ ၂-၄ ခါခွဲသောက်ပါ။

- Onychomycosis (Toenail) ခြေသည်းမှို
Microsize formulation: 1000 mg/day ကို တနေ့မှာ ၂-၄ ခါခွဲသောက်ပါ။
Ultramicrosize formulation: 660 to 750 mg/day ကို တနေ့မှာ ၂-၄ ခါခွဲသောက်ပါ။
Allylamines = Terbinafine (Lamisil) 250 mg/day
Terbinafine tablets ကို လက်သည်းမှိုအတွက် တနေ့ ၁ ကြိမ်၊ ၆ ပါတ်သောက်ပါ။ ကို ခြေသည်းမှိုအတွက် တနေ့ ၁ ကြိမ်၊ ၁၂ ပါတ်သောက်ပါ။ Itraconazoleနဲ့ Fluconazole ကိုလဲသုံးနိုင်တယ်။

- Tinea Pedis အားကစားသမားခြေထောက်
Microsize formulation: 1000 mg/day ကို တနေ့မှာ ၂-၄ ခါခွဲသောက်ပါ။

Ultramicrosize formulation: 660 to 750 mg/day ကို တနေ့မှာ ၂-၄ ခါခွဲသောက်ပါ။

- Tinea Corporis ကိုယ်ခန္ဓာမှို
Microsize formulation: 500 mg/day orally in single or 2 divided doses
Ultramicrosize formulation: 330 to 375 mg/day ကို တခါတည်း ဒါမှမဟုတ် ၂ ခါခွဲသောက်ပါ။

- Cruris ဂျွတ်
Microsize formulation: 500 mg/day ကို တခါတည်း ဒါမှမဟုတ် ၂ ခါခွဲသောက်ပါ။
Ultramicrosize formulation: 330 to 375 mg/day ကို တခါတည်း ဒါမှမဟုတ် ၂ ခါခွဲသောက်ပါ။

- Dermatophytosis Griseofulvin (ဂရစ်ဆိုဖူလ်ဘင်) မှိုဆေး ကလေး
Microsize formulation: ၁-၂ နှစ် 10 to 20 mg/kg/day ကို တခါတည်း ဒါမှမဟုတ် ၂ ခါခွဲသောက်ပါ။ 1000 mg/day ထက်မပိုရ။ ၂ နှစ်အထက် 5 to 15 mg/kg/day ကို တခါတည်း ဒါမှမဟုတ် ၂ ခါခွဲသောက်ပါ။ 750 mg/day ထက်မပိုရ။

၂။ Allylamines စားဆေး၊ (လိုးရှင်း) လိမ်းဆေး၊ (ခရင်မ်)၊ Terbinafine ဆေးဖြစ်တယ်။ ဆိုင်မှာ Lamisil နာမည်နဲ့ ရောင်းတယ်။ လိမ်းဆေးတခုတည်းကသိပ်မထိရောက်လို့ စားဆေးနဲ့တွဲသင့်တယ်။ ဘေးထွက်-ဆိုးကျိုးတွေ ကတော့ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်။ ကိုယ်ဝန်ဆောင်နေရင် မသောက်သင့်ဘူး။ အရက်နဲ့မတွဲသင့်ဘူး။

၃။ Azoles စားဆေးတွေက fluconazole (Diflucan) နဲ့ itraconazole (Sporanox) တွေရှိတယ်။ ခေါင်းလျှော်ရည်နဲ့ လိမ်းဆေးက Ketoconazole (Nizoral) ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ ဗိုက်အောင့်မယ်၊ ခေါင်းကိုက်မယ်၊ အရေပြားအနီပြင်ထွက်၊ အသည်းထိခိုက်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေရင် မသောက်သင့်ဘူး။ ၂ နာရီအတွင်းမှာ antacids လေနာဆေးမသင့်ဘူး။ အရက်နဲ့မတွဲသင့်ဘူး။ Ketoconazole စားဆေးကို ၃-၁၈ လအထိသောက်ရတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ