Allergic skin အရေပြား အလာဂျီ
ရေးထာတာ ၇ နှစ်တိတိရှိပြီ။ သြဂုတ်လကို အယားပေါ်တဲ့ရာသီလို့ခေါ်နိုင်တယ်။ ၁။ ဆရာ ကျွန်တော့်ကိုယ်နေရာအနှံ့မှာ ဘုသေးသေးလေးတွေထွက်လာပါတယ်။ လက်တွေ ခြေထောက်တွေ ပေါင်တွေ ကျောကုန်းတွေမှာရောပဲ ဆရာ။ အစုလိုက်ရော တလုံးချင်းရော။ ဘာဖြစ်မှန်းမသိဘူးဆရာ။ ဘုလေးတွေကယားတယ်။ သောက်ဆေး လိမ်းဆေးလေး ညွှန်ကြားပေးပါအုန်း ဆရာ။ ၂။ သမီး လက်နဲ့ခြေထောက်တွေမှာ အနီအဖုသေးလေးတွေထွက်လာတယ်။ အရေခွံလေးတွေက ပုံထဲမှာလိုပဲ ခြောက်သွားတယ်။ အရေခွံလေးတွေခြောက်လို့ လက်သည်းနဲ့ခြစ်လိုက်ရင် ဗောက်လိုပဲ အရေခွံလေးတွေ ပါလာတယ်။ ဒါပေမယ့်ပုံထဲကလို အရေပြားမှာအဖြူစက်ကလေးတွေကျန်နေတယ်ဆရာ။ သမီးလည်း အစကမနာတော့ သတိမထားမိဘူးဆရာ။ သတိထားမိတော့မှခြေထောက် လက်တွေမှာ ဆက်တိုက် ပေါက်နေတယ်။ အခုထိပဲဆရာ။ လိုအပ်တာကိုညွှန်ကြားပေးပါဦးဆရာ။ ၃။ ဆရာ Allergy အကြောင်းတင်တာနဲ ့သမီး ဖြစ်နေတာလေးပြောပါရစေ။ သမီးအသက် ၄၆ နှစ်ပါ။ လွန်ခဲ့တဲ့ ၅နှစ်ခန့်က အသားတွေယားလို ့သွေးစစ်ဘူးပါတယ်။ အထွေထွေအထူးကုသမားတော်နဲ့ပါ။ သွေးထဲမှာ Allergy ဖြစ်တဲ့သွေးပါတယ် ပြောပါတယ်။ အဲတုန်းကတဲ ကနေ CETRINE ဆေးကို တနေ့တလုံး သောက်လာတာ ၅နှစ်ခန် ့ရှိပါပြီ။ မသောက်ရင် အသားတွေယားလာတာပဲဆရာ။ အဲဒါ အဲဒီဆေးဆက်...
Comments
Post a Comment