မြား မျှား မြှား
(မြှားနဲ့ မြား) သမီးတို့ ငယ်ငယ်ကသင်ခဲ့ရတာ မြှားလို့သင်ခဲ့ရပါတယ်။ အခု သင်ရိုးမှာ မြားလို့ရေးထားတာ တွေ့ရပါတယ်။အဖြေမှန်လေး ပြောပြလား ဆရာ။
လေးမြား မှန်။ လူအမည် မျှား ရေလည်း ပြောရန်မရှိ။
၁။ ဆရာ မြန်မာစာ သတ်ပုံမှာ ကင်းခြေများက အမှန်လား ကင်းခြေမျှားကအမှန်လား ဆရာ
ကင်းခြေများကအမှန်။
ဟုတ်ကဲ့ဆရာ ကင်းခြေမျှားနဲ့အမှတ်မှားနေလို့ပါဆရာ
၂။ ပို့စ်တခု = မြားတစ်စင်းဟာ အနောက်ကိုဆွဲမှသာ အရှေ့ကို ပစ်နိုင်တာလေ။ အဲ့လိုပဲ ဘဝက အခက်အခဲတွေနဲ့ အနောက်ကို ဆွဲငင် ခေါ်ယူခံလိုက်ရတယ်ဆိုရင့့် အဓိပ္ပါယ်က ဒီဘဝကနေ တိုးတက်၊ ကောင်းမွန်တဲ့ ဘဝတခုစီကို ပစ်လွှတ်လိုက်တော့မှာလို့ ဆိုတဲ့ သဘောပဲ၊့
မြား
ကိစ္စမြားမြောင် လူတို့ဘောင်။
ဆတ်းမြား = ကြမ်းတမ်းသည်
ထမ်းမြားလက်ထပ်မင်္ဂလာ။
ပတ္တမြား။
ယမြား = ပိတ်ကိုဗူးစည်းပြု၍ဆွဲသောအရာ (ယများ)
မြားနတ်မောင်။
မြားသွား = မြှား
မြားသွားချွန်ပါစေ။
မြားမြောင်လှစွာ
မြားနှင့်ပစ်သည်
အမြောက်အမြား
လေးမြားအတတ်။
မျှား
ငါးမျှားတံ။
ငါးမျှားသည်။
မျှား၍ခေါ်သည်။
မြှား
ထုပ်လျှောက်ဒိုင်းမြှား (အိမ်)။
များ
ခုနေများ (စကားအသုံး)
များစွာသော မေးခွန်းများကို ဖြေရသည့်နေ့များ
များတို့က (အရပ်စကား)
များဗိုလ်လူ
များမကြာမီ
များများစားစား
များပြားသော
များဖြင်
များလျား
များလျားကျ (ယခင်အသုံး)
များဝေနေ
သူများကို အပြစ်မပြောအပ်
အနည်းအများ ညီမျှပါစေ
အများတကာသုံးသည့်လမ်း စည်းကမ်းရှိပါ
အလုပ်များ
မေးခွန်းများ
လူအမည်မှည့်ခေါ်တာကိုတော့ သဘောကျရေးနိုင်တယ်။ ဥပမာ ဒဂုန်ရွှေမျှား။ သတ်ပုံအရ လေးနှင့်မြား။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment