Blood sugar levels ဆီးချိုစစ်ခြင်း

၁။ မင်္ဂလာပါဆရာ ကျွန်တော် အသက်၄၁ နှစ်ပါ  စဖြစ်တုန်းက ဆီးခဏခဏသွားတယ် ၂နာရီခြားတခါသွားတယ် ညဖက်အိပ်ပြီးမိုးလင်းတော့ဆီးနည်း၂ပဲသွားလို့ရတော့တယ်ဆရာ ဓာတ်မှန် Ultrasound ရိုက်ကြည့်ပါတယ် ဆီးကျိတ်လဲမရောင်ဘူး ကျောက်လဲမရှိဘူးဆရာ ပြီးတော့ဆီးအောက့်ပြီး ဆီးပြန်သွားရင်ဆီးထွက်ဖို့အကြာကြီးစောင့်ရတယ်ဆရာ အဲဒါဘာဖြစ်တာလဲ ဘာဆေးသောက်ရမလဲပြောပေးပါဆရာ


ဆီးချို စစ်ပါသလား။

ကျွန်တော်သွေးစစ်ကြည့်တာ ၁၁၀ ရတယ် မနက်အစောကြီးအစာမစားခင်စစ်ကြည့်တာပါ  ဆီးချိုရှိသလား normal က ဘယ်လောက်လဲဆရာ


၂။ ဆရာ မင်္ဂလာပါ။ ဆီးချိုရောဂါဟာ ဂလူကိုမီတာ အနည်းဆုံး ဘယ်လောက် သတ်မှတ်ချက်ရှိပါသလဲ ဆရာ။ မော်လမြိုင်ကပါ ဆရာ။


သွေးထဲရှိသကြား (ဂလူးကို့စ်) ဓါတ်စစ်ဆေးခြင်း အဖြေများ

(၁) ပုံမှန်

ဘာမှမစားပဲစစ်ခြင်း Fasting Value = ရဝ မှ ၁ဝဝ။

အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = ၁၄ဝ ထက်နည်းရမည်။


(၂) ဆီးချိုအစအပိုင်း

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁ဝ၁ mg / dl မှ ၁၂၆ mg / dl

အစာစားပြီးစစ်ခြင်း Post Prandial = ၁၄ဝ mg / dl မှ ၂ဝဝ mg / dl


(၃) ဆီးချိုဖြစ်နေပြီ

ဘာမှမစားပဲစစ်ခြင်း Fasting Value = ၁၂၆ mg / dl အထက်။

အစာစားပြီးစစ်ခြင်း Post Prandial = ၂ဝဝ mg / dl အထက်။


(၁) ပုံမှန်

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4.0 မှ 5.9 mmol/L အထိ။

အစာစားပြီးစစ်ခြင်း (စားပြီး ၂ နာရီနောက်) Post Prandial = 7.8 mmol/L ထက်နည်းရမည်။


(၂) ဆီးချိုအမျိုးအစား (၂)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 မှ 7 mmol/L အထိ။

အစာစားပြီးစစ်ခြင်း Post Prandial = 8.5 mmol/L ထက်နည်းရမည်။


(၃) ဆီးချို အမျိုးအစား (၁)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 7 mmol/L

အစာစားပြီးစစ်ခြင်း Post Prandial = 9 mmol/L ထက်နည်းရမည်။


(၄) ကလေး ဆီးချို အမျိုးအစား (၁)

ဘာမှမစားပဲစစ်ခြင်း Fasting Value = 4 to 8 mmol/L

အစာစားပြီးစစ်ခြင်း Post Prandial = 10 mmol/L ထက်နည်းရမည်။

Formula for calculation of mg/dl from mmol/l: mg/dl = 18 × mmol/l

Formula for calculation of mmol/l from mg/dl: mmol/l = mg/dl / 18


ဒေါက်တာတင့်ဆွေ

၂၉-၁-၂ဝ၁၈

၂၉-၁-၂၀၂၁


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ